ထာဝရဘုရားကအာရုန်အား``ဣသရေလ နိုင်ငံတွင် သင်အမွေခံရန်ပစ္စည်း၊ သင်ပိုင်မြေ ရလိမ့်မည်မဟုတ်။ ငါထာဝရဘုရားသည် သင်မှီခိုအားထားရာဖြစ်သည်'' ဟုမိန့်တော် မူ၏။
တရားဟော 14:27 - Common Language Bible ``သင်တို့၏မြို့ရွာများတွင်နေထိုင်ကြသော လေဝိအမျိုးသားများ၌ ကိုယ်ပိုင်ပစ္စည်းဟူ ၍မရှိသဖြင့်သူတို့အားပြုရမည့်ဝတ် မပျက်စေနှင့်။- Judson Bible သို့ရာတွင်၊ သင်တို့၌တည်းခိုသော လေဝိသားဟူမူကား၊ သင်တို့နှင့်ရော၍၊ အဖို့မရှိ၊ အမွေကိုမခံရသောကြောင့်၊ သူ့ကို မစွန့်မပစ်ရဘဲ၊ မြန်မာ့စံမီသမ္မာကျမ်း သင်၏မြို့တံခါးအတွင်းရှိ လေဝိအမျိုးတို့သည် သင်နှင့်အတူ အမွေဝေစုမရသောကြောင့် သူတို့ကို စွန့်ပယ်မထားရ။ |
ထာဝရဘုရားကအာရုန်အား``ဣသရေလ နိုင်ငံတွင် သင်အမွေခံရန်ပစ္စည်း၊ သင်ပိုင်မြေ ရလိမ့်မည်မဟုတ်။ ငါထာဝရဘုရားသည် သင်မှီခိုအားထားရာဖြစ်သည်'' ဟုမိန့်တော် မူ၏။
တရားတော်ကိုသင်ယူသူသည်သင်ပေးသော သူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှစေ။
ထိုအကြောင်းကြောင့်လေဝိအမျိုးသားတို့ သည်အခြားအမျိုးသားချင်းတို့နည်းတူ နယ်မြေသီးခြားမရခဲ့ကြချေ။ သင်တို့၏ ဘုရားသခင်ထာဝရဘုရား၏ကတိတော် အတိုင်း သူတို့သည်ထာဝရဘုရား၏ယဇ် ပုရောဟိတ်များဖြစ်ရသည့်အခွင့်ထူးကို ရရှိကြလေသည်။)
ထိုနောက်သင်တို့၏သားသမီးများ၊ ကျေးကျွန် များ၊ သင်တို့၏မြို့များတွင်နေထိုင်သောလေဝိ အမျိုးသားများနှင့်အတူ ကိုယ်တော်၏ရှေ့ တော်၌ဝမ်းမြောက်ကြလော့။ လေဝိအမျိုး သားတို့တွင်ကိုယ်ပိုင်မြေရှိကြမည်မဟုတ် ကြောင်းသတိရကြလော့။-
ထိုအစားအစာများသည် ကိုယ်ပိုင်ပစ္စည်းဟူ၍ မရှိသောလေဝိအမျိုးသားများ၊ သင်တို့မြို့ ရွာတွင်နေထိုင်ကြသောလူမျိုးခြားသား များ၊ မိဘမဲ့ကလေးများ၊ မုဆိုးမများ အတွက်ဖြစ်သည်။ သူတို့သည်ထိုအစား အစာများမှ လိုအပ်သလောက်ယူ၍စား သုံးနိုင်၏။ ဤသို့ပြုလျှင်သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဆောင် ရွက်သမျှကိုကောင်းချီးပေးတော်မူလိမ့် မည်။''
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုကဲ့သို့သောဋ္ဌလေ့ကိုကျင့်သောလူမျိုးများ ကိုရွံရှာတော်မူသောကြောင့် သင်တို့ချီတက် ရာလမ်းကြောင်းမှသူတို့ကိုနှင်ထုတ်လျက် ရှိတော်မူ၏။-
သင်းအုပ်ဆရာအလုပ်ကိုကောင်းစွာလုပ်ဆောင် သူတို့သည် လစာငွေနှစ်ဆခံစားထိုက်သူများ ဖြစ်သည်ဟုမှတ်ယူအပ်၏။ အထူးသဖြင့် တရားဟောခြင်း၊ ဆုံးမသွန်သင်ခြင်းတို့ကို ကြိုးစား၍လုပ်ဆောင်သူများသည်ယင်းသို့ ခံစားထိုက်ပေသည်။-