သင်တို့အနွယ်များအနက်တစ်နွယ်၏နယ် မြေအတွင်းရှိ ထာဝရဘုရားရွေးချယ်တော် မူမည့်ဌာန၌သာယဇ်ပူဇော်ရမည်။ ထိုဌာန ၌သာမီးရှို့ရာယဇ်ကိုပူဇော်၍ သင်တို့အား ငါမှာကြားသမျှတို့ကိုဆောင်ရွက်ရမည်။''
တရားဟော 12:15 - Common Language Bible ``သို့ရာတွင်သင်တို့နေထိုင်ရာ မြို့ရွာများ၌ တိရစ္ဆာန်များကိုသတ်စားနိုင်သည်။ ထာဝရ ဘုရားသည်သင်တို့အားကြွယ်ဝချမ်းသာ စေတော်မူသမျှအတိုင်းသတ်စားနိုင်သည်။ သင်တို့အပေါင်းသည်သမင်ဒရယ်သား ကိုစားသုံးခွင့်ရှိသကဲ့သို့ ဘာသာရေးထုံး တမ်းအရစင်ကြယ်သူဖြစ်စေ၊ မစင်ကြယ် သူဖြစ်စေထိုတိရစ္ဆာန်၏အသားကိုစား သုံးခွင့်ရှိသည်။- Garrad Bible သို့ ရာ တွင်၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော ကောင်း ကြီး မင်္ဂ လာ အ လျောက် မြို့ ရွာ များ အ တွင်း အ မဲ ကို စီ ရင် လျက်၊ မ သန့် သူ၊ သန့် သူ တို့ ပါ သ မင် ဒ ရယ် သား ကို စား ရ သည့် နည်း တူ၊ ချင် ရဲ ပြေ အောင် စား ခွင့် ရှိ ကြ၏။ Judson Bible သို့ရာတွင် သင်၏ဘုရားသခင်ထာဝရဘုရား ကောင်းချီးပေးတော်မူသည်အတိုင်း၊ သင်တို့နေရာအရပ်ရပ်၌ စားချင်သောအလိုသို့လိုက်၍ သတ်စားရသော အခွင့်ရှိကြ၏။ သမင်၊ ဒရယ်ကိုစားသကဲ့သို့၊ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့သည် အတူစားရကြမည်။ မြန်မာ့စံမီသမ္မာကျမ်း သင်၏ဘုရားသခင်ထာဝရဘုရား သင့်အားကောင်းချီးမင်္ဂလာပေးသည်နှင့်အညီ စားလိုသောတိရစ္ဆာန်ကိုသတ်၍ မြို့တိုင်း၌ စားခွင့်ရှိ၏။ ထိုအသားကို စင်ကြယ်သောသူရော မစင်ကြယ်သောသူပါ သမင်၊ ဒရယ်အသားကိုစားခွင့်ရှိသကဲ့သို့ စားနိုင်၏။ |
သင်တို့အနွယ်များအနက်တစ်နွယ်၏နယ် မြေအတွင်းရှိ ထာဝရဘုရားရွေးချယ်တော် မူမည့်ဌာန၌သာယဇ်ပူဇော်ရမည်။ ထိုဌာန ၌သာမီးရှို့ရာယဇ်ကိုပူဇော်၍ သင်တို့အား ငါမှာကြားသမျှတို့ကိုဆောင်ရွက်ရမည်။''
ထိုငွေဖြင့်သင်တို့နှစ်သက်ရာအမဲသား၊ သိုး သား၊ စပျစ်ရည်၊ အရက်သေရည်စသည်တို့ ကိုဝယ်၍ ထိုဌာနတွင်သင်၏ဘုရားသခင် ထာဝရဘုရား၏ရှေ့တော်၌ သင်နှင့်သင် တို့၏မိသားစုများသည်ပျော်ရွှင်စွာစား သောက်ရကြမည်။