ဒုတိယအကြိမ်တံပိုးခရာမှအသံပြတ် တောင်းမှုတ်လျှင် တောင်ဘက်တွင်စခန်းချသော ဣသရေလအနွယ်တို့ခရီးစထွက်ရ ကြမည်။-
တရားဟော 10:6 - Common Language Bible (ဣသရေလအမျိုးသားတို့သည် ဗင်္ယာကန်ရေ တွင်းမှမောသရုတ်စခန်းသို့ခရီးသွားကြ၏။ အာရုန်သည်ထိုစခန်းတွင်အနိစ္စရောက်သဖြင့် သူ့ အားသင်္ဂြိုဟ်ကြလေသည်။ သူ၏သားဧလာဇာ သည်ဖခင်၏ယဇ်ပုရောဟိတ်အရိုက်အရာ ကိုဆက်ခံလေသည်။- Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ သည် ဗင်္ယာ ကန် ရေ တွင်း များ မှ၊ မော သ ရုတ် စား ခန်း သို့ ချီ သွား ကြ ပြီး သော်၊ ထို အ ရပ်၌ အာ ရုန် သေ လွန်၍ သင်္ဂြိုဟ် ရ သည့် ကာ လ၊ သား ဧ လာ ဇာ သည် အ ဘ အ ရိုက် အ ရာ ပ ရော ဟိတ် ရာ ထူး ကို ဆက် ခံ ဆောင် ရွက် လေ၏။ Judson Bible ငါသည် တောင်ပေါ်မှာ အရင်နေသောကာလနှင့်အမျှ၊ အရက်လေးဆယ်ပတ်လုံး တစ်ဖန်နေပြန်၍၊ ထိုအခါ၌လည်း ထာဝရဘုရားသည် သင်တို့ကိုမဖျက်ဆီးမည်အကြောင်း၊ ငါ့စကားကိုနားထောင်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း (အစ္စရေးအမျိုးသားတို့သည် ဗေရုတ်ဗင်္ယာကန်အရပ်မှ မောသရုတ်အရပ်သို့ ခရီးပြုကြ၏။ အာရုန်သည် ထိုအရပ်၌သေဆုံးသဖြင့် ထိုအရပ်၌ပင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ့သားဧလာဇာသည် သူ့နေရာ၌ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ကိုဆောင်ရွက်၏။ |
ဒုတိယအကြိမ်တံပိုးခရာမှအသံပြတ် တောင်းမှုတ်လျှင် တောင်ဘက်တွင်စခန်းချသော ဣသရေလအနွယ်တို့ခရီးစထွက်ရ ကြမည်။-
အာရုန်အနိစ္စရောက်သကဲ့သို့သင်သည် ထို ပြည်ကိုမျှော်ကြည့်ပြီးသောအခါ၌ အနိစ္စရောက်လိမ့်မည်။-
ထာဝရဘုရား၏အမိန့်တော်အရ ယဇ် ပုရောဟိတ်အာရုန်သည်ဟောရတောင်ပေါ် သို့တက်လေ၏။ ဣသရေလအမျိုးသားတို့ သည်အီဂျစ်ပြည်မှ ထွက်လာခဲ့ပြီးနောက် လေးဆယ်မြောက်သောနှစ်၊ ပဉ္စမလ၊ လဆန်း တစ်ရက်နေ့တွင်အသက်တစ်ရာ့နှစ်ဆယ့် သုံးနှစ်ရှိသောအာရုန်သည် ထိုတောင်ပေါ် တွင်အနိစ္စရောက်လေသည်။