ထိုနည်းတူပင်အမှားအမှန်ကိုမဝေခွဲ နိုင်သည့်ကလေးသူငယ်တစ်သိန်းနှစ်သောင်း ကျော်နှင့်တိရစ္ဆာန်အမြောက်အများရှိသော နိနေဝေမြို့ကိုငါပို၍နှမြောသင့်သည် မဟုတ်လော'' ဟုမိန့်တော်မူ၏။ ပရောဖက်ယောန၏ဝတ္ထုပြီး၏။
တရားဟော 1:39 - Common Language Bible ``ထို့နောက်ထာဝရဘုရားက ငါတို့အား`သင် တို့ကရန်သူ၏လက်တွင်းသို့ကျရောက်မည် ဟုဆိုသောကလေးများ၊ တစ်နည်းအားဖြင့် အမှားအမှန်ကိုခွဲခြား၍မသိနိုင်သေး သောသင်တို့၏ကလေးများသည် ထိုပြည် သို့ဝင်ရောက်ကြလိမ့်မည်။ ငါသည်ထိုပြည် ကိုသူတို့အားပေးသဖြင့်သူတို့သိမ်းယူ ကြလိမ့်မည်။- Garrad Bible ၎င်း ပြင်၊ အ ကောင်း အ ဆိုး ကို မ သိ သေး သော သား သ မီး များ၊ သုံ့ ဘမ်း ခံ ရ တော့ မည် ဟု သင် တို့ ဆို ကြ သော သူ ငယ် များ ပင်၊ ဝင် သွား လျက် ငါ ပေး သည် နှင့် အ ညီ ပိုင် ယူ ကြ လိမ့် မည်။ Judson Bible ရန်သူလုယူရာဖြစ်မည်ဟု သင်တို့ဆိုသောသူငယ်များ၊ ထိုအခါ ကောင်းမကောင်းကို ပိုင်းခြားမသိနိုင်သေးသော သားသမီးများတို့သည် ထိုပြည်ကို ဝင်စား၍၊ ငါပေးသည်အတိုင်း သိမ်းယူကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း လုယူဖျက်ဆီးခြင်းခံရကြလိမ့်မည်ဟု သင်တို့ဆိုခဲ့သော သင်တို့၏ကလေးများ၊ ယခုအချိန်တွင် အကောင်းအဆိုးကိုမသိသေးသော သင်တို့၏သားသမီးများသည် ထိုပြည်သို့ ဝင်ရလိမ့်မည်။ ငါသည် ထိုပြည်ကို သူတို့အားပေး၍ သူတို့သည် ထိုပြည်ကို ပိုင်ဆိုင်ရလိမ့်မည်။ |
ထိုနည်းတူပင်အမှားအမှန်ကိုမဝေခွဲ နိုင်သည့်ကလေးသူငယ်တစ်သိန်းနှစ်သောင်း ကျော်နှင့်တိရစ္ဆာန်အမြောက်အများရှိသော နိနေဝေမြို့ကိုငါပို၍နှမြောသင့်သည် မဟုတ်လော'' ဟုမိန့်တော်မူ၏။ ပရောဖက်ယောန၏ဝတ္ထုပြီး၏။
ထာဝရဘုရားသည်အဘယ်ကြောင့်ငါတို့ ကိုထိုပြည်သို့ပို့ဆောင်ရပါသနည်း။ ငါတို့ သည်စစ်ပွဲတွင်ကျဆုံးကြပါလိမ့်မည်။ ငါ တို့၏သားမယားတို့သည်လည်းရန်သူဖမ်း သွားခြင်းခံရပါလိမ့်မည်။ အီဂျစ်ပြည်သို့ ပြန်လျှင်ကောင်းမည်'' ဟုညည်းညူကြလေ သည်။-
သင်တို့၏သားသမီးများကိုရန်သူဖမ်းသွား လိမ့်မည်ဟုသင်တို့ဆိုကြ၏။ သို့ရာတွင်ငါ သည်သင်တို့မသွားလိုသောပြည်သို့သင်တို့ ၏ကလေးများကိုပို့ဆောင်သဖြင့် သူတို့ သည်ထိုပြည်တွင်နေထိုင်ရလိမ့်မည်။-
သို့သော်သူတို့မဖွားမီ၊ အဆိုးအကောင်းကို မပြုမကျင့်နိုင်မီကပင်လျှင် ဘုရားသခင် သည်ရေဗက္ကအား``သင်၏သားကြီးသည်သား ငယ်၏အစေကိုခံရလိမ့်မည်'' ဟုမိန့်တော် မူ၏။ ဘုရားသခင်ဤသို့မိန့်တော်မူခြင်း မှာကိုယ်တော်သည် မိမိအကြံအစည်ကို ဖော်ပြရန်ဖြစ်ပေသည်။ ယင်းသို့ရွေးကောက် တော်မူရာ၌အကျင့်အပေါ်တွင်တည်သည် မဟုတ်၊ ကိုယ်တော်ခေါ်ယူတော်မူခြင်း အပေါ်၌တည်ပေသည်။-
အမှန်စင်စစ်ငါတို့သည်ထိုသူတို့ကဲ့သို့ ဇာတိ၏ဆွဲဆောင်ရာသို့လိုက်လျက် ကာယ၏ အလိုနှင့်စိတ်၏အလိုအရပြုကျင့်ခဲ့ကြ၏။ ငါတို့သည်ဇာတိသဘောအရအခြားသူ တို့နည်းတူ ဘုရားသခင်၏အမျက်တော်ကို ခံထိုက်သူများဖြစ်ခဲ့ကြသည်။
သူတို့၏သားများသည်အရေဖျားလှီး ခြင်းမင်္ဂလာကိုမခံခဲ့ရသဖြင့် ယောရှု သည်ထိုသားများအတွက်အရေဖျားလှီး ခြင်းမင်္ဂလာကိုစီရင်ပေးခြင်းဖြစ်သည်။