Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 1:38 - Common Language Bible

38 သင်​၏​လက်​ထောက်​ဖြစ်​သူ​နုန်​၏​သား​ယော​ရှု မူ​ကား​ထို​ပြည်​သို့​ဝင်​ရ​မည်။ ယောရှု​ကို​အား​ပေး လော့။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ခေါင်း​ဆောင်​၍​ထို​ပြည်​ကို​သိမ်း​ယူ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏။''

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

38 သင့် ရှေ့ တွင် ခ စား သူ နုန့် သား ယော ရှု မူ ကား၊ ဝင် ခွင့် ရ လိမ့် မည်။ ထို သူ သည် ဣ သ ရေ လ လူ မျိုး ကို အ ပိုင် ရ စေ မည် ဖြစ်၍၊ အား ပေး လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

38 သင့်​လက်​ထောက် နုန်၏​သား​ယော​ရှု​သည် ဝင်​စား​ရ​မည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား အ​မွေ​ခံ​စေ​မည့်​သူ​ဖြစ်​သော​ကြောင့်၊ သူ့​ကို​အား​ပေး​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

38 သင့်​ရှေ့​၌​ရပ်​နေ​သော နုန်​၏​သား ယောရှု​မူကား ထို​ပြည်​သို့​ဝင်​ရ​လိမ့်မည်​။ သူ့​အားဖြင့် အစ္စရေး​လူမျိုး​တို့ ထို​ပြည်​ကို အမွေဆက်ခံ​ရ​မည်​ဖြစ်၍ သူ့​ကို အားပေး​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 1:38
20 ပူးပေါင်းရင်းမြစ်များ  

ထို့​ကြောင့်​မော​ရှေ​သည်​မိ​မိ​၏​လက်​ထောက် ယော​ရှု​နှင့်​အ​တူ အ​သင့်​ပြင်​၍​တောင်​တော် ပေါ်​သို့​တက်​သွား​လေ​သည်။-


မိတ်​ဆွေ​ချင်း​စ​ကား​ပြော​သ​ကဲ့​သို့​ထာ​ဝ​ရ ဘု​ရား​သည် မော​ရှေ​နှင့်​မျက်​နှာ​ချင်း​ဆိုင်​စ​ကား ပြော​တော်​မူ​၏။ ထို​နောက်​မော​ရှေ​သည်​စ​ခန်း သို့​ပြန်​လာ​၏။ သို့​သော်​သူ​၏​လက်​ထောက်​ဖြစ် သူ၊ နုန်​၏​သား၊ လူ​ငယ်​ယော​ရှု​သည်၊ တဲ​တော် တွင်း​၌​နေ​ရစ်​လေ​၏။


ဆောင်ရွက်စရာအမှုကိုကြိုးစား၍ ပြီးစီးစေ တတ်သောသူရှိသလော။ ထိုသူသည် သာမညလူ၏ အမှုကို မဆောင်ရွက်၊ ရှင်ဘုရင်၏ အမှုတော်ကို ဆောင် ရွက်၏။


ငါ​သည်​မိ​ဇ​ပါ​မြို့​တွင်​နေ​၍​ဗာ​ဗု​လုန် အ​မျိုး​သား​တို့​လာ​ရောက်​ချိန်​၌ သင်​တို့ ကိုယ်​စား​ပြု​ပါ​မည်။ သင်​တို့​မူ​ကား​စ​ပျစ် ရည်၊ သစ်​သီး​နှင့်​သံ​လွင်​ဆီ​တို့​ကို​စု​သိမ်း သို​လှောင်​ကာ မိ​မိ​တို့​ရွာ​များ​တွင်​နေ​ထိုင် ကြ​လော့'' ဟု​ဆို​၏။-


ဤ​သူ​တို့​သည်​ကား​ခါ​နာန်​ပြည်​ကို​စုံ​စမ်း ထောက်​လှမ်း​ရန် မော​ရှေ​စေ​လွှတ်​သော​သူ​လျှို များ​ဖြစ်​ကြ​သည်။ မော​ရှေ​သည်​နုန်​၏​သား သြ​ရှေ​ကို​ယော​ရှု​ဟူ​သော​နာ​မည်​သို့​ပြောင်း ၍​မှည့်​ခေါ်​လေ​သည်။


သင်​တို့​ကို​နေ​ထိုင်​စေ​မည်​ဟု​က​တိ​ထား သော​ပြည်​သို့ ကာ​လက်​နှင့်​ယော​ရှု​မှ​တစ်​ပါး မည်​သူ​မျှ​မ​ဝင်​ရ။-


စုံ​စမ်း​ထောက်​လှမ်း​သူ​တစ်​ဆယ့်​နှစ်​ဦး​အ​နက် ယော​ရှု​နှင့်​ကာ​လက်​သာ​လျှင်​အ​သက်​ချမ်း သာ​ရာ​ရ​လေ​သည်။


ထို​သူ​အ​ပေါင်း​တို့​သည်​တော​ကန္တာ​ရ​၌​သေ​ဆုံး ရ​ကြ​မည်​ဟူ​၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ခဲ့ သည့်​အ​တိုင်း​ယေ​ဖုန္နာ​၏​သား​ကာ​လက်​နှင့် နုန် ၏​သား​ယော​ရှု​မှ​တစ်​ပါး​ကျန်​သော​သူ​အား လုံး​ပင်​သေ​ဆုံး​ခဲ့​ကြ​၏။


``ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​နှင့်​နုန်​၏​သား ယော​ရှု​တို့​သည်​မြေ​ကို​ခွဲ​ဝေ​ပေး​ရ​မည်။-


ယောရှု​အား​တာ​ဝန်​လွှဲ​အပ်​လော့။ သူ​သည်​ဤ​လူ မျိုး​ကို​ခေါင်း​ဆောင်​၍ သင်​မြင်​သော​ပြည်​သို့ ဖြတ်​ကူး​သိမ်း​ယူ​ရ​မည်​ဖြစ်​သော​ကြောင့်​သူ့ ကို​အား​ပေး​လော့။ ကြံ့​ခိုင်​စေ​လော့' ဟု​ငါ့ အား​မိန့်​တော်​မူ​၏။''


ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင် စု​တေ​ရ​သော​အ​ချိန်​နီး​လာ​ပြီ။ ငါ​သည် ယော​ရှု​အား​ညွှန်​ကြား​နိုင်​ရန် သူ့​ကို​ပ​ဋိ​ညာဉ် တဲ​တော်​သို့​ခေါ်​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​နှင့်​ယော​ရှု​တို့​သည်​တဲ​တော်​သို့​သွား ကြ​ရာ၊-


ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​နုန်​၏​သား​ယော​ရှု အား``အား​မာန်​တင်း​၍​ရဲ​ရင့်​ခြင်း​ရှိ​လော့။ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ခေါင်း​ဆောင်​လျက် ငါ​ကတိ​ထား​သော​ပြည်​သို့​ဝင်​ရောက်​ရ​မည်။ ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​မည်'' ဟု​မိန့်​တော် မူ​၏။


ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ အ​နိစ္စ ရောက်​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ ၏​လက်​ထောက်၊ နုန်​၏​သား​ယော​ရှု​အား၊-


ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့်​မိန့် မှာ​တော်​မူ​သည်​အ​တိုင်း ယော​ရှု​သည်​ထို​ပြည် တစ်​ပြည်​လုံး​ကို​တိုက်​ခိုက်​သိမ်း​ယူ​လေ​သည်။ သူ​သည်​ဣ​သ​ရေ​လ​အ​နွယ်​အ​သီး​သီး အား​ပိုင်​ဆိုင်​စေ​ရန်​ထို​ပြည်​ကို​ခွဲ​ဝေ​ပေး လေ​သည်။ ထို​နောက်​တစ်​ပြည်​လုံး​ငြိမ်း​ချမ်း​သာ​ယာ လျက်​ရှိ​လေ​သ​တည်း။


ထို​နောက်``ငါ​သည်​ဒါ​ဝိဒ်​ကို​နှစ်​သက်​တော်​မူ​သည်။ သူ့​အား​ငါ့​ထံ​၌​ခ​စား​ပါ​စေ'' ဟု​ယေရှဲ​ထံ​လူ လွှတ်​မိန့်​ကြား​တော်​မူ​လိုက်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ