ဤကားထာဝရဘုရားက သိနာတောင် ပေါ်တွင်မောရှေမှတစ်ဆင့် ဣသရေလ အမျိုးသားတို့အားပေးအပ်သောပညတ် များဖြစ်သတည်း။ ရှင်မောရှေစီရင်ရေးထားသောဝတ်ပြုရာ ကျမ်းပြီး၏။
တရားဟော 1:3 - Common Language Bible ဣသရေလအမျိုးသားတို့သည်အီဂျစ်ပြည် မှထွက်လာကြပြီးနောက် လေးဆယ်မြောက်သော နှစ်၊ တစ်ဆယ့်တစ်လ၊ ပထမနေ့ရက်၌ထာဝရ ဘုရားကဣသရေလအမျိုးသားတို့အား မိန့်တော်မူသမျှကိုမောရှေသည်ထပ်မံ၍ ဆင့်ဆိုလေ၏။- Garrad Bible လေး ဆယ် မြောက် သော နှစ်၊ ဧ ကာ ဒ သ မ လ၊ ပ ဌ မ နေ့၌၊ ဟေ ရှာ ဘုန် မြို့ စံ၊ အာ မော ရိ ပြည့် ရှင် ရှိ ဟုန် မင်း ကို လည်း ကောင်း၊ ဧ ဒြိ မြို့ တွင် အာ ရှ တ ရုတ် မြို့ စံ၊ ဗာ ရှန် ပြည့် ရှင် သြ ဃ မင်း ကို လည်း ကောင်း၊ လုပ် ကြံ ပြီး နောက်၊ ဣ သ ရေ လ အ မျိုး သား တို့ အား ဆင့် ဆို ရန် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သ မျှ အ တိုင်း၊ ယော် ဒန် မြစ် တစ် ဘက်၊ မော ဘ ပြည်၌၊ မော ရှေ ထုတ် ဆင့် ဖော် ပြ ဟော ပြော သော ပ ညတ် တ ရား ကား၊ Judson Bible မောရှေသည် ဟေရှဘုန်မြို့၌နေသော အာမောရိရှင်ဘုရင် ရှိဟုန်ကိုလည်းကောင်း၊ ဧဒြိပြည်၊ အာရှတရုတ်မြို့၌နေသော ဗာရှန်ဘုရင် ဩဃကိုလည်းကောင်း လုပ်ကြံပြီးမှ၊ သက္ကရာဇ်လေးဆယ်ပြည့်၊ ဧကာဒသမလ၊ ပထမနေ့ရက်၌ မောဘပြည်၊ ယော်ဒန်မြစ်နားမှာ ထာဝရဘုရားမှာထားတော်မူနှင့်သမျှအတိုင်း၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆို၍ ဟောပြောသော တရားစကားဟူမူကား၊ မြန်မာ့စံမီသမ္မာကျမ်း အနှစ်လေးဆယ်မြောက်သောနှစ်၊ တစ်ဆယ့်တစ်လ၊ ပထမနေ့၌ မောရှေသည် မိမိအား ထာဝရဘုရားမိန့်မှာတော်မူသမျှ ပညတ်တရားတို့ကို အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလေ၏။ |
ဤကားထာဝရဘုရားက သိနာတောင် ပေါ်တွင်မောရှေမှတစ်ဆင့် ဣသရေလ အမျိုးသားတို့အားပေးအပ်သောပညတ် များဖြစ်သတည်း။ ရှင်မောရှေစီရင်ရေးထားသောဝတ်ပြုရာ ကျမ်းပြီး၏။
ဣသရေလအမျိုးသားတို့သည်အီဂျစ်ပြည်မှထွက်လာပြီးနောက် ဒုတိယနှစ်၊ ဒုတိယလ၊ ပထမနေ့ရက်တွင်ထာဝရဘုရားသည် သိနာတောကန္တာရရှိစံတော်မူရာတဲတော်၌မောရှေအားအောက်ပါအတိုင်းမိန့်တော်မူ၏။-
ပထမလတွင်ဣသရေလအမျိုးသားတို့ သည် ဇိနဟုခေါ်သောတောကန္တာရသို့ရောက်၍ ကာဒေရှအရပ်၌စခန်းချကြသည်။ ထို အရပ်တွင်မိရိအံသေဆုံးသဖြင့် သူ့အလောင်း ကိုမြှုပ်နှံသင်္ဂြိုဟ်လိုက်ကြ၏။
ထာဝရဘုရား၏အမိန့်တော်အရ ယဇ် ပုရောဟိတ်အာရုန်သည်ဟောရတောင်ပေါ် သို့တက်လေ၏။ ဣသရေလအမျိုးသားတို့ သည်အီဂျစ်ပြည်မှ ထွက်လာခဲ့ပြီးနောက် လေးဆယ်မြောက်သောနှစ်၊ ပဉ္စမလ၊ လဆန်း တစ်ရက်နေ့တွင်အသက်တစ်ရာ့နှစ်ဆယ့် သုံးနှစ်ရှိသောအာရုန်သည် ထိုတောင်ပေါ် တွင်အနိစ္စရောက်လေသည်။
လူအပေါင်းတို့သည်ပထမလဆယ်ရက်နေ့ ၌ယော်ဒန်မြစ်ကိုဖြတ်ကူးကြပြီးနောက် ယေရိခေါမြို့အရှေ့၊ ဂိလဂါလအရပ် ၌စခန်းချကြသည်။-