နံနက်တိုင်အောင်အသားအကြွင်းအကျန် မရှိစေရ။ အကြွင်းအကျန်ရှိခဲ့လျှင်မီး ရှို့ပစ်ရမည်။-
တောလည် 9:12 - Common Language Bible နောက်တစ်နေ့နံနက်သို့တိုင်အောင်အစားအစာကိုမကျန်ကြွင်းစေရ။ သိုးကောင်၏အရိုးကိုမကျိုးစေရ။ ပြဋ္ဌာန်းချက်များအတိုင်းပသခါပွဲခံရမည်။- Garrad Bible အ ရိုး ကို မ ချိုး ရ။ နံ နက် တိုင် အောင် မည် သည် ကို မျှ မ ကြွင်း စေ ရ။ ပ သ ခါ ပွဲ ထုံး ဖွဲ့ ချက် ဟူ သ မျှ အ တိုင်း ကျင်း ပ ကြ ရ မည်။ Judson Bible ထိုအသားကို နံနက်တိုင်အောင်မကြွင်းစေရ။ အရိုးကိုလည်းမချိုးရ။ ပသခါပွဲနှင့် ဆိုင်သော အထုံးအဖွဲ့ရှိသမျှတို့ကိုလိုက်၍ ပွဲခံရသောအခွင့်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း အသားကို နံနက်တိုင်အောင် မကြွင်းကျန်စေရ။ အရိုးကိုလည်း မချိုးရ။ ပသခါပွဲတော်၏ပြဋ္ဌာန်းချက်ရှိသမျှနှင့်အညီ ထိုပွဲတော်ကို ကျင်းပရမည်။ |
နံနက်တိုင်အောင်အသားအကြွင်းအကျန် မရှိစေရ။ အကြွင်းအကျန်ရှိခဲ့လျှင်မီး ရှို့ပစ်ရမည်။-
ထာဝရဘုရားကမောရှေနှင့်အာရုန်တို့ အား``ပသခါပွဲတော်နှင့်ဆိုင်သောစည်းကမ်း ဥပဒေသများသည်ကားဤသို့တည်း။ မည် သည့်လူမျိုးခြားကိုမျှထိုပွဲတွင်ပါဝင် စားသောက်ခွင့်မပြုရ။-
ပသခါစားပွဲကိုပြင်ဆင်သောအိမ်ထဲ၌သာ စားရမည်။ အိမ်ပြင်သို့ယူမသွားရ။ သား ကောင်၏အရိုးများကိုလည်းမချိုးရ။-
ထိုညတွင်အသားကိုမီးကင်၍တဆေးမဲ့ မုန့်၊ ခါးသောအရွက်တို့နှင့်စားရကြမည်။-
ဣသရေလအမျိုးသားတို့သည်လှည့်လည်၍ ခရီးသွားရာလမ်းတစ်လျှောက်လုံးတွင်တဲ တော်ပေါ်၌နေ့အခါထာဝရဘုရား၏မိုး တိမ်တိုက်လွှမ်းလျက်ရှိသည်ကိုလည်းကောင်း၊ ညအခါမီးတောက်လျက်ရှိသည်ကိုလည်း ကောင်းတွေ့မြင်ရကြသတည်း။ ရှင်မောရှေစီရင်ရေးထားသောထွက်မြောက်ရာ ကျမ်းပြီး၏။
ဤသို့ဖြစ်ပျက်ရခြင်းမှာ ``သူ၏အရိုးတစ် ချောင်းမျှမကျိုးစေရ'' ဟုကျမ်းစာတော် တွင်ပါရှိသည့်အတိုင်းပင်တည်း။-