``ယဇ်ပုရောဟိတ်များအဖြစ်ငါ၏အမှုတော် ကိုထမ်းဆောင်ရန်အာရုန်နှင့်သူ၏သားတို့အား ဤသို့ဆက်ကပ်ရမည်။ အပြစ်အနာကင်းသော နွားပေါက်တစ်ကောင်နှင့်သိုးထီးနှစ်ကောင်ကို ယူခဲ့လော့။-
တောလည် 8:8 - Common Language Bible ထိုနောက်သူတို့သည်နွားထီးပေါက်တစ်ကောင် နှင့်ဘောဇဉ်သကာအဖြစ် သံလွင်ဆီရောထား သောမုန့်ညက်ကိုယူဆောင်ခဲ့စေရမည်။ အပြစ် ဖြေရာယဇ်အတွက်နောက်ထပ်နွားတစ်ကောင် ယူဆောင်ခဲ့ရမည်။- Garrad Bible နွား ပေါက် တစ် ကောင် နှင့် ဆိုင် ရာ ဘော ဇဉ် သ က္ကာ ဖြစ် သော ဆီ ရော ပြီး မုန့် ညက် ပါ ဆောင် ယူ ခြင်း များ ကို ပြု ကြ စေ။ အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ် နွား ပေါက် တစ် ကောင် ကို သင် ထပ် ယူ ပြီး လျှင်၊ Judson Bible ဆီရောသောမုန့်ညက်တည်းဟူသော ဘောဇဉ်ပူဇော်သကာနှင့်တကွ၊ အသက်ပျိုသောနွားထီးတစ်ကောင်၊ အပြစ်ဖြေရာယဇ်ဖို့ အသက်ပျိုသော နွားထီးတစ်ကောင်ကိုယူပြီးလျှင်၊ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် နွားထီးပျိုတစ်ကောင်နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာအဖြစ် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်ကို ယူဆောင်လာရမည်။ သင်သည်လည်း အပြစ်ဖြေရာယဇ်အတွက် နွားထီးပျိုနောက်တစ်ကောင်ကို ယူလာရမည်။ |
``ယဇ်ပုရောဟိတ်များအဖြစ်ငါ၏အမှုတော် ကိုထမ်းဆောင်ရန်အာရုန်နှင့်သူ၏သားတို့အား ဤသို့ဆက်ကပ်ရမည်။ အပြစ်အနာကင်းသော နွားပေါက်တစ်ကောင်နှင့်သိုးထီးနှစ်ကောင်ကို ယူခဲ့လော့။-
ထိုမုန့်များကိုတောင်းတစ်လုံးတွင်ထည့် လော့။ နွားနှင့်သိုးနှစ်ကောင်ကိုယဇ်ပူဇော် သောအခါ၊ မုန့်များကိုပါငါ့အားပူဇော် လော့။
ထာဝရဘုရားက၊ ``ထိုသူသည်ငါ၏အလိုတော်အရဝေဒနာ ခံရခြင်းဖြစ်၏။ သူသည်အပြစ်ဖြေရာယဇ်အဖြစ်ဖြင့်မိမိကိုယ် ကို တင်လှူပူဇော်သည်ဖြစ်၍ မိမိ၏သားမြေးအမြောက်အမြားကိုတွေ့မြင်ခွင့် ရရှိလိမ့်မည်။ သူသည်အသက်ရှည်လိမ့်မည်။ ငါ၏အကြံအစည်တော်အောင်မြင်မှုကိုလည်း အထောက်အကူပြုလိမ့်မည်။
နွားကိုမီးရှို့ရာယဇ်အဖြစ်ပူဇော်မည်ဆိုလျှင် ထိုနွား၌အပြစ်အနာမရှိစေရ။ ထာဝရ ဘုရားသည်ထိုသူကိုနှစ်သက်လက်ခံရန်သူ သည်နွားကို ထာဝရဘုရားစံတော်မူရာတဲ တော်တံခါးဝသို့ယူဆောင်ခဲ့ရမည်။-
သူသည်အပြစ်ဖြေရာယဇ်အတွက် နွား ပျိုတစ်ကောင်နှင့် မီးရှို့ရာယဇ်အတွက်သိုး ထီးတစ်ကောင်ကိုယူဆောင်လာပြီးမှ အလွန် သန့်ရှင်းရာဌာနတော်ထဲသို့ဝင်ရမည်'' ဟု မိန့်တော်မူ၏။
တစ်စုံတစ်ယောက်သည်ထာဝရဘုရားအား ဘောဇဉ်ပူဇော်လိုလျှင်မုန့်ညက်ကိုပူဇော်ရ မည်။ မုန့်ညက်တွင်သံလွင်ဆီနှင့်အမွှေးနံ့ သာလောင်းထည့်၍၊-
ပြစ်မှားကြောင်းသိလျှင်သိချင်းနွားထီးငယ် ကိုအပြစ်ဖြေရာယဇ်အဖြစ်ပူဇော်ကြရ မည်။ သူတို့သည်ထိုနွားကိုထာဝရဘုရား စံတော်မူရာတဲတော်သို့ယူဆောင်ခဲ့ရမည်။-
အကယ်၍ယဇ်ပုရောဟိတ်မင်းသည်အပြစ် ပြုမိလျှင် လူတို့အားလည်းအပြစ်ရောက်စေ သည့်အတွက်ကြောင့်သူသည် အပြစ်အနာ ကင်းသောနွားပျိုကို မိမိအပြစ်ဖြေရန် ထာဝရဘုရားအားယဇ်ပူဇော်ရမည်။-
``အာရုန်နှင့်သူ၏သားတို့ကိုငါစံတော်မူရာ တဲတော်တံခါးဝသို့ခေါ်ဆောင်ခဲ့လော့။ ယဇ် ပုရောဟိတ်ဝတ်စုံများ၊ သိက္ခာတင်ဆီ၊ အပြစ်ဖြေ ရာယဇ်အတွက်နွားပျိုတစ်ကောင်၊ သိုးထီးနှစ် ကောင်၊ တဆေးမဲ့မုန့်တစ်တောင်းကိုယူခဲ့လော့။-
လူ့ဇာတိသဘောအားနည်းမှုကြောင့်ပညတ် တရားက မဆောင်ရွက်ပေးနိုင်သောအမှုကို ဘုရားသခင်ကဆောင်ရွက်ပေးတော်မူ၏။ ကိုယ်တော်သည်လူ့ဇာတိသဘောတွင်သက် ရှင်လှုပ်ရှားသည့်အပြစ်တရားကိုအပြစ် ဒဏ်စီရင်ရန် မိမိ၏သားတော်အားလောက သို့စေလွှတ်တော်မူ၏။ သားတော်သည်အပြစ် တရားကိုဖျက်ဆီးပစ်ရန်လူ့ဇာတိကို ခံယူတော်မူသည်။-
ခရစ်တော်သည်အပြစ်ကင်းတော်မူသော အရှင်ဖြစ်သည်။ သို့ရာတွင်ငါတို့သည်ခရစ် တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်လျက်ဘုရား သခင်ကဲ့သို့ကောင်းမြတ်နိုင်ကြစေရန် ဘုရား သခင်သည်ခရစ်တော်အားငါတို့အတွက် ကြောင့်ငါတို့ကဲ့သို့အပြစ်ရှိသူဖြစ်စေ တော်မူ၏။