အဖုံးအစွန်းတစ်ဘက်စီတွင်ရွှေခေရုဗိမ် နှစ်ပါးကိုရွှေစင်ဖြင့်ထုလုပ်ရမည်။ ထိုခေရု ဗိမ်ရုပ်တုများသည် အဖုံးနှင့်တစ်သားတည်း ရှိစေရမည်။-
တောလည် 8:4 - Common Language Bible ထာဝရဘုရားကမောရှေအားပြတော်မူ သောပုံစံအတိုင်း မီးခုံတိုင်တစ်ခုလုံးကို အောက်ခြေမှအထက်ထိရွှေဖြင့်ထုလုပ် ထားလေသည်။ Garrad Bible မီး ခုံ တော် လုပ် နည်း မှာ မော ရှေ အား ထာ ဝ ရ ဘု ရား ပြ တော် မူ ခဲ့ သော ပုံ စံ နှင့် အ ညီ ခြေ က ပွင့် ချပ် တိုင် အောင် ရွှေ ဖြင့် ထု လုပ် သော မီး ခုံ တော် ဖြစ် သ တည်း။ Judson Bible မီးခုံမူကား၊ ထာဝရဘုရားသည် မောရှေအားပြတော်မူသောပုံနှင့်အညီ မီးခုံတိုင်မှစ၍ ကြာပွင့်တိုင်အောင် ရွှေဖြင့်တစ်စပ်တည်းထုလုပ်သော မီးခုံဖြစ်သတည်း။ မြန်မာ့စံမီသမ္မာကျမ်း ဆီမီးခုံကို ဤသို့ထုလုပ်ထား၏။ မောရှေအား ထာဝရဘုရားပြခဲ့သည့်ပုံစံအတိုင်း ဆီမီးခုံကို ဆီမီးခုံတိုင်မှစ၍ ပွင့်ဖတ်အထိ ရွှေဖြင့်ထုလုပ်ထား၏။ |
အဖုံးအစွန်းတစ်ဘက်စီတွင်ရွှေခေရုဗိမ် နှစ်ပါးကိုရွှေစင်ဖြင့်ထုလုပ်ရမည်။ ထိုခေရု ဗိမ်ရုပ်တုများသည် အဖုံးနှင့်တစ်သားတည်း ရှိစေရမည်။-
တဲတော်နှင့်အသုံးအဆောင်ရှိသမျှတို့ကို ငါပြမည့်ပုံစံအတိုင်းပြုလုပ်ရမည်။
သေတ္တာအဖုံးအစွန်းတစ်ဘက်စီပေါ်တွင်၊ ရွှေ စင်ဖြင့်ခေရုဗိမ်ရုပ်နှစ်ရုပ်ကိုထုလုပ်၏။ ခေ ရုဗိမ်ရုပ်များကိုလည်းသေတ္တာတော်အဖုံး နှင့်တစ်သားတည်းရှိအောင်ပြုလုပ်၏။-
အာရုန်သည်ထာဝရဘုရားမိန့်မှာတော်မူ သည့်အတိုင်း မီးခုံတိုင်မှအလင်းရောင်ရှေ့ ထွက်စေရန်မီးခွက်များကိုတင်ထားလေ သည်။-
ယဇ်ပုရောဟိတ်များပြုသောအမှုအရာများ သည် ကောင်းကင်ဘုံရှိအမှုအရာများ၏ပုံတူ နှင့်အရိပ်အရောင်မျှသာဖြစ်ပေသည်။ မောရှေ ပြုခဲ့သည့်အမှုအရာများသည်လည်း ဤနည်း အတိုင်းပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော်သူ သည်ပဋိညာဉ်တဲတော်ကိုတည်ဆောက်မည်ပြု သောအခါ ဘုရားသခင်က``တောင်ပေါ်တွင် သင့်အားငါပြခဲ့သည့်ပုံစံနှင့်အညီ အလုံး စုံတို့ကိုပြုလုပ်ရန်သတိမမေ့နှင့်'' ဟု ညွှန်ကြားတော်မူခဲ့သောကြောင့်ဖြစ်၏။-
အဆိုပါနည်းအားဖြင့်ကောင်းကင်ဘုံတွင် ရှိသည့်အရာတို့၏ပုံတူများကိုသန့်စင် စေရ၏။ ကောင်းကင်ဘုံတွင်ရှိသည့်အရာ တို့ကိုသန့်စင်စေရန်မှာမူသာလွန်မွန်မြတ် သောယဇ်ကိုပူဇော်ရန်လို၏။-