``လေဝိအနွယ်ဝင်တို့ကိုငါ့အားအထူး ပူဇော်သကာအဖြစ်ဆက်ကပ်၍ အာရုန်နှင့် သူ၏သားတို့ကသူတို့ကိုကြီးကြပ်ကွပ် ကဲစေရမည်။-
အာ ရုန် နှင့် သား တို့ ရှေ့ တွင် လည်း လေ ဝိ အ နွယ် သား တို့ ကို ထား၍ ထာ ဝ ရ ဘု ရား ထံ ဦး တိုက် ရာ အ လှူ အ ဖြစ် ဦး တိုက် သ ဖြင့်၊
လေဝိသားတို့ကို၊ အာရုန်နှင့် သူ၏သားတို့ရှေ့မှာထား၍ ထာဝရဘုရားအား ပူဇော်သကာပြုရမည်။
သင်သည် လေဝိအမျိုးတို့ကို အာရုန်နှင့်သူ့သားတို့၏ရှေ့၌ရပ်စေ၍ သူတို့ကို ထာဝရဘုရားထံ ချီလွှဲရာပူဇော်သက္ကာအဖြစ် ဆက်ကပ်ရမည်။
ငါသည်ဣသရေလအမျိုးသားတို့မှ သင် ၏ဆွေမျိုးသားချင်းများဖြစ်သောလေဝိ အနွယ်ဝင်တို့ကို သင်တို့အတွက်လှူဖွယ် ဝတ္ထုအဖြစ်ငါရွေးချယ်၏။ သူတို့သည် တဲတော်ဝေယျာဝစ္စကိုထမ်းဆောင်စေရန် ငါ့အတွက်ဆက်ကပ်ထားသူများဖြစ်သည်။-
လေဝိအနွယ်တို့ကိုဣသရေလအမျိုး သားတို့မှ ငါ့အားဆက်သသောအထူး ပူဇော်သကာအဖြစ်အာရုန်သည်ဆက်ကပ် ရမည်။ ဤနည်းဖြင့်သူတို့သည် ငါ၏အမှု တော်ကိုဆောင်ရွက်နိုင်မည်။-
ထိုနောက်လေဝိအနွယ်ဝင်တို့သည်နွားထီး နှစ်ကောင်၏ဦးခေါင်းပေါ်တွင်လက်ကိုတင်ရ ကြမည်။ လေဝိအနွယ်ဝင်တို့အားဘာသာ တရားကျင့်ထုံးအရ သန့်စင်စေရန်အတွက် အပြစ်ဖြေရာယဇ်အဖြစ်နွားထီးတစ်ကောင် ကိုလည်းကောင်း၊ မီးရှို့ရာယဇ်အဖြစ်အခြား နွားထီးတစ်ကောင်ကိုလည်းကောင်းပူဇော် ရမည်။
ဤနည်းအားဖြင့်သူတို့ကိုငါပိုင်ဆိုင်ရာ ဖြစ်စေခြင်းငှာ ဣသရေလအမျိုးသားတို့ မှသီးခြားခွဲထုတ်လော့။-
လေဝိအနွယ်ဝင်တို့သည်မိမိတို့ကိုယ်ကို သန့်စင်စေ၍ အဝတ်များကိုလျှော်ဖွပ်ကြ ပြီးနောက် အာရုန်သည်သူတို့ကိုထာဝရ ဘုရားအားအထူးပူဇော်သကာအဖြစ် ဆက်ကပ်လေ၏။ သူတို့အတွက်သန့်စင် ခြင်းဝတ်ကိုလည်းဆောင်ရွက်၏။-
သို့ဖြစ်၍ညီအစ်ကိုတို့၊ ဘုရားသခင်သည်ငါ တို့အားလွန်စွာကရုဏာထားတော်မူသော ကြောင့် သင်တို့အားငါတိုက်တွန်းနှိုးဆော်လို သည်မှာကိုယ်တော်၏အမှုတော်ကိုဆောင်ရွက် ရန်နှင့် ကိုယ်တော်နှစ်သက်သောသက်ရှိယဇ်ကောင် သဖွယ်ဖြစ်ရန်သင်တို့၏ကိုယ်ကိုဆက်ကပ် ကြလော့။ ဤသည်ကားသင်တို့သည်ကိုယ်တော် အားမှန်ကန်စွာဝတ်ပြုကိုးကွယ်ခြင်းဖြစ်သည်။-
ထိုအခွင့်ထူးမှာလူမျိုးခြားတို့အတွက်အမှု တော်ဆောင်ရန် ခရစ်တော်ယေရှု၏အစေခံဖြစ် ရသောအခွင့်ထူးပင်ဖြစ်၏။ လူမျိုးခြားတို့ သည်ဘုရားသခင်နှစ်သက်ဖွယ်ရာပူဇော် သကာအဖြစ် ဘုရားသခင်အားသန့်ရှင်းသော ဝိညာဉ်တော်ကဆက်ကပ်သူများဖြစ်လာ ကြစေရန် ငါသည်ယဇ်ပုရောဟိတ်၏လုပ်ငန်း တာဝန်ကိုထမ်းဆောင်လျက် ဘုရားသခင် ထံတော်မှသတင်းကောင်းကိုဟောပြော ကြေညာ၏။-