``သူတို့သည်မိမိတို့၏ဦးခေါင်းကိုမရိတ်ရ ကြ။ ဆံပင်ရှည်အောင်လည်းမထားရကြ။ သင့် တော်လျောက်ပတ်သလောက်သာအရှည်ထား ရမည်။-
တောလည် 6:5 - Common Language Bible သူသည်နာဇရိဂိုဏ်းဝင်အဖြစ်အဋ္ဌိဋ္ဌာန် ပြုထားသည့်ကာလအတွင်း မိမိ၏ဆံပင် ကိုမဖြတ်ရ၊ မရိတ်ရ။ သူသည်ထာဝရ ဘုရားအားဆက်ကပ်ထားသည့်အဋ္ဌိဋ္ဌာန် ကာလအတွင်း မိမိ၏ဆံပင်နှင့်မုတ်ဆိတ် မွေးကိုမဖြတ်မရိတ်ရ။- Garrad Bible သ စ္စာ ဝတ် အ တိုင်း သီး ခြား နေ သ မျှ ကာ လ ပတ် လုံး ဦး ဆံ မ ရိတ် ရ။ ထာ ဝ ရ ဘု ရား အ ဖို့ ကိုယ် ကို သီး ခြား ထား သော အ ဓိ ဋ္ဌာန် ရက် မ စေ့ မ ချင်း သီး သန့် သ ဖြင့် ဦး ဆံ ရှည် လျား စေ။ Judson Bible ခြားနားခြင်းသစ္စာစောင့်သောကာလပတ်လုံး၊ ဦးဆံကိုမရိတ်ရ။ ထာဝရဘုရားအဖို့ မိမိကိုခြားနားစေသော ကာလမစေ့မီတိုင်အောင် သူသည် သန့်ရှင်းရသဖြင့်၊ မိမိဆံပင်ကို အလိုအလျောက်တိုးပွားစေရမည်။ မြန်မာ့စံမီသမ္မာကျမ်း မိမိကိုယ်မိမိနာဇရိလူအဖြစ် ကတိသစ္စာပြုသည့်ကာလပတ်လုံး မိမိ၏ခေါင်းကိုမရိတ်ရ။ ထာဝရဘုရားအတွက် မိမိကိုယ်မိမိ သီးခြားထားသည့်ကာလမပြည့်မီတိုင်အောင် သန့်ရှင်းသောသူဖြစ်ရမည်။ မိမိဆံပင်ကို အရှည်ထားရမည်။ |
``သူတို့သည်မိမိတို့၏ဦးခေါင်းကိုမရိတ်ရ ကြ။ ဆံပင်ရှည်အောင်လည်းမထားရကြ။ သင့် တော်လျောက်ပတ်သလောက်သာအရှည်ထား ရမည်။-
သူသည်နာဇရိဂိုဏ်းဝင်အဖြစ်ဖြင့်ရှိနေ သမျှကာလပတ်လုံးစပျစ်သီးစေ့၊ စပျစ် သီးခွံမှစ၍စပျစ်ပင်မှရသမျှကိုမ စားရ။
ပေါလုသည်ကောရိန္သုမြို့တွင်ရက်ပေါင်းများ စွာနေ၏။ ထိုနောက်ညီအစ်ကိုတို့ကိုနှုတ်ဆက်၍ ပြစ်ကိလ၊ အာကုလတို့နှင့်အတူရှုရိပြည် သို့သင်္ဘောလွှင့်လေ၏။ ကင်ခြေမြို့မှသင်္ဘော မထွက်မီ သူသည်ဘုရားသခင်အားသစ္စာ ကတိပြုခဲ့သဖြင့်မိမိ၏ဦးခေါင်းကို ရိတ်၏။-
သင်သည်သားကိုဖွားမြင်ပြီးနောက်သူ၏ ဆံပင်ကိုအဘယ်အခါ၌မျှမရိတ်နှင့်။ အ ဘယ်ကြောင့်ဆိုသော်ထိုသူငယ်သည်မိမိ ဖွားမြင်ချိန်မှစ၍နာဇရိဂိုဏ်းဝင် အဖြစ်ဖြင့်ဘုရားသခင်အားဆက်ကပ်ထား သူဖြစ်သောကြောင့်တည်း။ သူသည်ဣသရေလ လူမျိုးကိုဖိလိတ္တိအမျိုးသားတို့၏လက်မှ ကယ်ဆယ်ခြင်းကိုအစပြုလိမ့်မည်'' ဟု ဆို၏။
ဒေလိလသည်ရှံဆုန်အားမိမိ၏ပေါင်ပေါ် တွင်ချော့၍သိပ်ပြီးမှ လူတစ်ယောက်ကိုခေါ် ၍ရှံဆုန်၏ဆံပင်ခုနစ်စုကိုရိတ်ဖြတ်စေ၏။ ရှံဆုန်၌ခွန်အားပျောက်ကွယ်သွားပြီဖြစ်၍ ဒေလိလသည်သူ့အားစတင်ညှင်းပန်းလေ တော့သည်။-
ဟန္နက``အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ကျွန်မကိုရှုမြင်တော်မူပါ။ ကိုယ်တော်ရှင်ကျွန်မ၏ဒုက္ခကိုရှုမှတ်တော် မူလျက်အောက်မေ့သတိရတော်မူပါ။ မေ့ လျော့တော်မမူပါနှင့်။ ကိုယ်တော်ရှင်သည် ကိုယ်တော်၏ကျွန်မအားသားဆုကိုပေး တော်မူလျှင် သူ့ကိုအသက်ရှင်သမျှကာလ ပတ်လုံးကိုယ်တော်ရှင်အားဆက်ကပ်ပူဇော် ပါမည်။ သူ၏ဆံပင်ကိုလည်းအဘယ် အခါ၌မျှမဖြတ်မရိတ်စေပါ'' ဟုကျိန်ဆိုကတိပြုလေ၏။