ဧလာဇာသည်သားများကိုမရ၊ သမီးများ ကိုသာလျှင်ရရှိ၏။ သူ၏သမီးများသည် မိမိတို့၏အစ်ကိုဝမ်းကွဲများနှင့်အိမ်ထောင် ပြုကြ၏။ ထိုသူတို့ကားကိရှ၏သားများ ဖြစ်သတည်း။-
တောလည် 36:8 - Common Language Bible ဣသရေလအနွယ်ထဲမှအမွေမြေဆက်ခံ ရရှိသောအမျိုးသမီးတိုင်း မိမိ၏အနွယ် ဝင်ယောကျာ်းနှင့်စုံဖက်ရမည်။ ဤနည်းအား ဖြင့်ဣသရေလအမျိုးသားတိုင်းဘိုးဘေး တို့၏မြေကိုဆက်ခံရရှိသဖြင့်၊- Garrad Bible ဣ သ ရေ လ အ နွယ် တစ် နွယ် နွယ်၌ အ မွေ စု ကို ဆက် ခံ သော သ မီး တိုင်း လည်း ဘိုး ဘေး တို့ ပိုင် စု ကို ဣ သ ရေ လ အ မျိုး သား အ သီး အ သီး တို့ ပိုင် မြဲ ပိုင် စေ ခြင်း ငှါ ကိုယ့် အ နွယ် ချင်း နှင့် သာ အိမ် ထောင် ဘက် ပြု စေ။ Judson Bible ဣသရေလအမျိုး တစ်စုံတစ်မျိုး၌ အမွေမြေရှိသောမိန်းမသည် မိမိတို့မိစဉ်ဘဆက် အမျိုးသားနှင့် စုံဖက်ရမည်။ ထိုသို့ ဣသရေလအမျိုးသား အသီးအသီးတို့သည် မိမိတို့မိစဉ်ဘဆက် အမွေမြေကိုခံစားရကြမည်။ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့၏အမျိုးအနွယ်ထဲတွင် အမွေပိုင်ဆိုင်သောအမျိုးသမီးတိုင်းသည် မိမိဘိုးဘေးအမျိုးအနွယ်၏မျိုးနွယ်စုထဲမှ တစ်ယောက်ယောက်နှင့်သာစုံဖက်ရမည်။ သို့မှသာ အစ္စရေးအမျိုးသားတို့သည် မိမိဘိုးဘေးတို့၏အမွေကို အသီးသီး ပိုင်ဆိုင်ရလိမ့်မည်။ |
ဧလာဇာသည်သားများကိုမရ၊ သမီးများ ကိုသာလျှင်ရရှိ၏။ သူ၏သမီးများသည် မိမိတို့၏အစ်ကိုဝမ်းကွဲများနှင့်အိမ်ထောင် ပြုကြ၏။ ထိုသူတို့ကားကိရှ၏သားများ ဖြစ်သတည်း။-
မြေသည်တစ်နွယ်လက်မှအခြားတစ်နွယ် လက်သို့ကူးပြောင်းနိုင်လိမ့်မည်မဟုတ်။ အနွယ် တိုင်းကမိမိပိုင်မြေကိုဆက်လက်ပိုင်ဆိုင် လိမ့်မည်'' ဟုဆို၏။