သင်သည်ငါ့သားအတွက်မယားကိုခါနာန် လူမျိုးတို့တွင်မရှာပါဟု ကောင်းကင်နှင့်မြေ ကြီးအရှင်ဘုရားသခင်ထာဝရဘုရား၏ နာမတော်ကိုတိုင်တည်၍သစ္စာဆိုလော့။-
တောလည် 36:6 - Common Language Bible ထာဝရဘုရားက`ဇလောဖဒ်၏သမီးတို့ သည် မိမိတို့ကြိုက်နှစ်သက်သောယောကျာ်းနှင့် စုံဖက်နိုင်၏။ သို့ရာတွင်ထိုယောကျာ်းသည် မိမိ တို့၏အနွယ်ဝင်ဖြစ်ရမည်' ဟုမိန့်တော်မူ၏။- Garrad Bible ဇ လော ဖဒ်၏ သ မီး တို့ ကို ရည် လျက် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ ချက် ကား သူ တို့ အ ဘ၏ အ နွယ် ချင်း သား၊ နှစ် သက် သူ နှင့် အိမ် ထောင် ဘက် ပြု စေ။ Judson Bible ဇလောဖဒ်သမီးတို့၏အမှု၌ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့သည် အလိုရှိသောသူနှင့် စုံဖက်ပါလေစေ။ သို့ရာတွင် မိစဉ်ဘဆက် အမျိုးသားမှတစ်ပါး၊ အခြားသူနှင့် စုံဖက်ခြင်းကို မပြုစေနှင့်။ မြန်မာ့စံမီသမ္မာကျမ်း ဇလောဖဒ်သမီးတို့အတွက် ထာဝရဘုရားမိန့်မှာတော်မူချက်ကား ဤသို့ဖြစ်၏။ သူတို့သည် မိမိနှစ်သက်သောသူနှင့်စုံဖက်ခွင့်ရှိ၏။ သို့သော် သူတို့စုံဖက်သောသူသည် သူတို့ဘိုးဘေးအမျိုးအနွယ်၏မျိုးနွယ်စုထဲမှသာ ဖြစ်ရမည်။ |
သင်သည်ငါ့သားအတွက်မယားကိုခါနာန် လူမျိုးတို့တွင်မရှာပါဟု ကောင်းကင်နှင့်မြေ ကြီးအရှင်ဘုရားသခင်ထာဝရဘုရား၏ နာမတော်ကိုတိုင်တည်၍သစ္စာဆိုလော့။-
ဧလာဇာသည်သားများကိုမရ၊ သမီးများ ကိုသာလျှင်ရရှိ၏။ သူ၏သမီးများသည် မိမိတို့၏အစ်ကိုဝမ်းကွဲများနှင့်အိမ်ထောင် ပြုကြ၏။ ထိုသူတို့ကားကိရှ၏သားများ ဖြစ်သတည်း။-
``ဇလောဖဒ်၏သမီးများတောင်းဆိုချက်သည် သင့်လျော်သဖြင့်သူတို့ဖခင်၏ဆွေမျိုးသား ချင်းတို့အားမြေခွဲဝေပေးသကဲ့သို့ သူတို့ အားခွဲဝေပေးလော့။ သူတို့ဖခင်၏အမွေ ကိုသူတို့ဆက်ခံကြစေ။-
သူတို့သည်ယောသပ်၏သားမနာရှေအနွယ် ဝင်တို့နှင့်စုံဖက်ကြသဖြင့် သူတို့အမွေခံ ရသောမြေသည်ဖခင်၏အနွယ်လက်ဝယ် ဆက်လက်တည်ရှိလေသည်။
ထိုအခါမောရှေသည်ထာဝရဘုရားမိန့် တော်မူသည့်အတိုင်း ဣသရေလအမျိုး သားတို့အားဆင့်ဆိုလေ၏။ မောရှေက``မနာ ရှေ၏အနွယ်ဝင်တို့လျှောက်ထားချက်သည် မှန်ကန်သဖြင့်၊-
မယုံကြည်သောသူတို့နှင့်တွဲဖက်၍မလုပ် ဆောင်ကြနှင့်။ တွဲဖက်၍လုပ်ဆောင်ရန်မဖြစ် နိုင်။ အမှားသည်အမှန်နှင့်မည်သို့ဖက်စပ် နိုင်အံ့နည်း။ အလင်းသည်အမှောင်နှင့်မည်သို့ ယှဉ်တွဲနေနိုင်အံ့နည်း။-