ပြည်တန်ဆာမသည် နက်သောကျုံးကဲ့သို့၎င်း၊ အမျိုးပျက်သော မိန်းမသည် ကျဉ်းသော မြေတွင်းကဲ့သို့ ၎င်း ဖြစ်၏။
တောလည် 31:16 - Common Language Bible ဤအမျိုးသမီးများသည်ဗာလမ်၏အကြံ ပေးချက်အရပေဂုရအရပ်တွင် ဣသရေလ အမျိုးသားတို့အား ထာဝရဘုရားကိုသစ္စာ ဖောက်စေခဲ့ကြောင်းသတိရကြလော့။ ထို အပြစ်ကြောင့်ထာဝရဘုရား၏လူစု တွင်ကပ်ရောဂါကျရောက်ခဲ့၏။- Garrad Bible ဗာ လမ် အ ကြံ ပေး သည့် အ တိုင်း ပေ ဂု ရ နတ် အ မှု အ ရေး၌ ဣ သ ရေ လ အ မျိုး သား တို့ ကို ထာ ဝ ရ ဘု ရား အား လွန် ကျူး စေ၍ ထာ ဝ ရ ဘု ရား၏ ပ ရိ သတ် တွင် ကပ် ရော ဂါ ရောက် စေ သော မိန်း မ များ ကား ဤ သူ တို့ တည်း။ Judson Bible ဣသရေလအမျိုးသားတို့သည်၊ ပေဂုရဘုရားအမှု၌ ထာဝရဘုရားကို ပြစ်မှားစေခြင်းငှာ၊ ဤမိန်းမတို့သည် ဗာလမ်ပေးသော အကြံကိုလိုက်၍ ပြုကြသောကြောင့်၊ ထာဝရဘုရား၏ပရိသတ်၌ ဘေးရောက်လေသည်တကား။ မြန်မာ့စံမီသမ္မာကျမ်း ဤမိန်းမတို့သည် ဗာလမ်၏အကြံပြုချက်အရ အစ္စရေးအမျိုးသားတို့ကို ပေဂုရဘုရားအမှုအားဖြင့် ထာဝရဘုရားအပေါ် သစ္စာမဲ့သောသူဖြစ်စေ၍ ထာဝရဘုရား၏လူထုအပေါ်သို့ ဘေးဒဏ်ကျရောက်စေ၏။ |
ပြည်တန်ဆာမသည် နက်သောကျုံးကဲ့သို့၎င်း၊ အမျိုးပျက်သော မိန်းမသည် ကျဉ်းသော မြေတွင်းကဲ့သို့ ၎င်း ဖြစ်၏။
ကျော့ကွင်းနှင့်ပိုက်ကွန်တို့ကို ကြံစည်ပြင်ဆင်၍ ကြိုးနှင့်ချည်နှောင်တတ်သော မိန်းမသည်၊ သေခြင်းထက် သာ၍ ခါးသည်ကို ငါတွေ့ပြီ။ ဘုရားသခင် စိတ်တွေ့ တော်မူသောသူသာလျှင်၊ ထိုမိန်းမလက်နှင့် လွတ်လိမ့် မည်။ အပြစ်ပြုတတ်သောသူကိုကား၊ ဘမ်းမိလိမ့်မည်။
ဗာလမ်ကဗာလက်ဘုရင်အား``ယခုငါသည် ဆွေမျိုးသားချင်းတို့ထံသို့ပြန်မည်။ သို့ရာတွင် ငါပြန်၍မသွားမီဣသရေလအမျိုးသား တို့ကနောင်အခါ သင်၏အမျိုးသားတို့အား မည်ကဲ့သို့ပြုလုပ်မည့်အကြောင်းကို ငါသတိ ပေးခဲ့မည်'' ဟုဆို၏။-
အဘယ်ကြောင့်ဆိုသော်သူတို့သည်ပေဂုရ အရပ်တွင် သင်တို့ကိုလှည့်ဖြား၍ပြစ်မှားစေ သောကြောင့်လည်းကောင်း၊ ထိုအရပ်တွင်ရောဂါ ကပ်ကျရောက်စဉ်သေဆုံးသွားသောကောဇဘိ ကိစ္စကြောင့်လည်းကောင်း မိဒျန်အမျိုးသား တို့ကိုတိုက်ခိုက်သုတ်သင်ဖျက်ဆီးလော့'' ဟုမိန့်တော်မူ၏။
မိဒျန်ဘုရင်ငါးပါးဖြစ်ကြသောဧဝိ၊ ရေ ကင်၊ ဇုရ၊ ဟုရနှင့်ရေဘတို့အပါအဝင် ယောကျာ်းအားလုံးကို သတ်ဖြတ်သုတ်သင်ခဲ့ ကြလေသည်။ ဗောရ၏သားဗာလမ်ကို လည်းသတ်ခဲ့ကြ၏။
ပေဂုရတောင်တွင်ထာဝရဘုရားပြုတော် မူသောအမှုကို သင်တို့ကိုယ်တိုင်မြင်ခဲ့ရ ကြပြီ။ ထိုအရပ်တွင်ထာဝရဘုရားသည် ဗာလဘုရားကိုဝတ်ပြုသူမှန်သမျှ အားသေကြေပျက်စီးစေ၍၊-
ပေဂုရအရပ်တွင်ငါတို့လွန်ကူးသော အပြစ်ကြောင့်ထာဝရဘုရားသည် မိမိ၏ လူမျိုးတော်အားကပ်ရောဂါဘေးသင့်စေ တော်မူသည်မဟုတ်လော။ ထိုအပြစ်၏ဆိုး ကျိုးကိုငါတို့သည်ခံနေရဆဲဖြစ်သည် မဟုတ်လော။ ထိုအပြစ်မျိုးကိုထပ်မံ ကူးလွန်ကြဦးမည်လော။-
သူတို့သည်လမ်းဖြောင့်မှသွေဖီကာမှောက် မှားလမ်းလွဲကြလေပြီ။ ဗောသော်၏သား၊ ဗာလမ်၏လမ်းစဉ်ကိုလိုက်ကြပြီ။ ဗာလမ် ကားအပြစ်ပြုခြင်းဖြင့်ရရှိမည့်အခကို တပ်မက်သည်ဖြစ်၍၊-
သူတို့သည်အမင်္ဂလာရှိပါသည်တကား။ သူ တို့သည်ကာဣန၏လမ်းစဉ်ကိုလိုက်ကြလေ ကုန်ပြီ။ ငွေကိုစုံမက်သဖြင့်ဗာလမ်၏အမှား မျိုးကိုပြုကြလေကုန်ပြီ။ ကောရကဲ့သို့ တော်လှန်ပုန်ကန်ကြသဖြင့် ဆုံးရှုံးပျက်စီး ကြကုန်၏။-
သို့ရာတွင်သင်တို့အထဲတွင်ဗာလမ်၏အယူ ဝါဒကိုလိုက်လျှောက်သူများရှိနေသဖြင့် သင့်အားအပြစ်ဆိုစရာအနည်းငယ်ရှိ၏။ ဣသရေလအမျိုးသားတို့သည်ရုပ်တုပူဇော် ရာအစားအစာများကိုစားကြစေရန်နှင့် ကာမဂုဏ်ကိုလိုက်စားကြစေရန်ဗာလမ်က ဗာလက်မင်းအားသင်ကြားပေး၏။-