ဗေဇလေလသည်အလျားလေးဆယ့်ငါး လက်မ၊ အနံနှစ်ဆယ့်ခုနစ်လက်မ၊ အမြင့် နှစ်ဆယ့်ခုနစ်လက်မရှိသောပဋိညာဉ် သေတ္တာတော်ကို၊ အကာရှသစ်သားဖြင့် ပြုလုပ်၏။-
တောလည် 3:31 - Common Language Bible သူတို့သည်ပဋိညာဉ်သေတ္တာ၊ စားပွဲ၊ မီးခုံတိုင်၊ ယဇ်ပလ္လင်များ၊ သန့်ရှင်းရာဌာနတော်တွင် ယဇ်ပုရောဟိတ်များအသုံးပြုသောခွက် ယောက်များနှင့်အလွန်သန့်ရှင်းရာဌာန တံခါးဝရှိကန့်လန့်ကာစသည်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ယူရသည်။ သူတို့သည်အထက်ပါပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ကြရသည်။ Garrad Bible သူ တို့ တာ ဝန် ကား သေ တ္တာ တော်၊ စား ပွဲ တော်၊ မီး ခုံ တော်၊ ပူ ဇော် ရာ ပ လ္လင် တော် များ၊ သန့် ရှင်း ရာ ဌာ န၌ သုံး သော ကိ ရိ ယာ များ၊ ကန့် လန့် ကာ တော် အ စ ရှိ သော အ သုံး အ ဆောင် များ တည်း။ Judson Bible သူတို့အငန်းအတာဟူမူကား၊ သေတ္တာ၊ စားပွဲ၊ ယဇ်ပလ္လင်များ၊ အမှုတော်ထမ်းစရာတဲတော်တန်ဆာများ၊ အတွင်းကုလားကာ အစရှိသည်တို့ကို ကြည့်ရှုပြုစုရကြမည်။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် သေတ္တာ၊ စားပွဲ၊ ဆီမီးခုံ၊ ယဇ်ပလ္လင်မှစ၍ အမှုတော်ဆောင်ရွက်ရာတွင်အသုံးပြုသည့် သန့်ရှင်းရာဌာန၏တန်ဆာပလာရှိသမျှတို့ကိုလည်းကောင်း၊ လိုက်ကာကိုလည်းကောင်း၊ ထိုအရာတို့နှင့်ဆိုင်သောအလုပ်ဟူသမျှတို့ကိုလည်းကောင်း တာဝန်ယူထိန်းသိမ်းရ၏။ |
ဗေဇလေလသည်အလျားလေးဆယ့်ငါး လက်မ၊ အနံနှစ်ဆယ့်ခုနစ်လက်မ၊ အမြင့် နှစ်ဆယ့်ခုနစ်လက်မရှိသောပဋိညာဉ် သေတ္တာတော်ကို၊ အကာရှသစ်သားဖြင့် ပြုလုပ်၏။-
သူသည်အင်တုံကိုထာဝရဘုရားစံတော်မူ ရာတဲတော်နှင့် ယဇ်ပလ္လင်အကြားတွင် နေရာချ ထား၍ရေထည့်ထား၏။-
လေဝိအမျိုးသားတို့၏အကြီးအကဲမှာ ယဇ်ပုရောဟိတ်အာရုန်၏သားဧလာဇာ ဖြစ်သည်။ သူသည်သန့်ရှင်းရာဌာနတော် တွင်တာဝန်ကျသူတို့အားကြီးကြပ် ကွပ်ကဲရသည်။
ဆီမီးကိုထွန်းညှိ၍တင်းတောင်းဖြင့်အုပ်၍မ ထားတတ်ကြ။ အိမ်သူအိမ်သားအပေါင်းတို့ အလင်းရောင်ရစေရန်ဆီမီးခုံပေါ်မှာသာ တင်ထားတတ်ကြ၏။-
တောင်ပေါ်တွင်ထာဝရဘုရားသည်လေဝိအမျိုး သားတို့အား ပဋိညာဉ်သေတ္တာတော်ကိုထိန်း သိမ်းရန်လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ ကိုဆောင်ရွက်ရန်လည်းကောင်း၊ ကိုယ်တော်၏ နာမတော်ကိုအမှီပြု၍ ကောင်းချီးမင်္ဂလာ ပေးရန်လည်းကောင်းခန့်ထားတော်မူ၏။ ယနေ့ တိုင်အောင်သူတို့သည်ထိုဝတ္တရားများကို ဆောင်ရွက်လျက်ရှိကြ၏။-