သူတို့သုံးယောက်စလုံးတွင်လည်းသားများ ရှိ၏။ ဂေရရှုံ၏သားများသည်လိဗနိနှင့် ရှိမိဖြစ်၏။-
တောလည် 3:21 - Common Language Bible ဂေရရှုန်၏သားချင်းစုတွင်လိဗနိ၏ မိသားစုနှင့်ရှိမိ၏မိသားစုတို့ပါဝင်၍၊- Garrad Bible ဂေ ရ ရှုံ့ အ ဆက် အ နွယ် များ သည် ဂေ ရ ရှုံ့ မှ ဆင်း သက် သော လိ ဗ နိ အ ဆက် အ နွယ်၊ ရှိ မိ အ ဆက် အ နွယ် များ တည်း။ Judson Bible ဂေရရှုန်မှဆင်းသက်လာသော လိဗနိအဆွေအမျိုး၊ ရှိမိအဆွေအမျိုးတို့သည် ဂေရရှုန်အမျိုးအနွယ်ဖြစ်ကြ၏၊ မြန်မာ့စံမီသမ္မာကျမ်း ဂေရရှုန်မှ လိဗနိမျိုးနွယ်စုနှင့် ရှိမိမျိုးနွယ်စုတို့ ဆင်းသက်လာ၏။ ဤသည်ကား ဂေရရှုန်မျိုးနွယ်စုများ ဖြစ်၏။ |
သူတို့သုံးယောက်စလုံးတွင်လည်းသားများ ရှိ၏။ ဂေရရှုံ၏သားများသည်လိဗနိနှင့် ရှိမိဖြစ်၏။-
လေဝိ၏သားသုံးယောက်မှာဂေရရှုံ၊ ကော ဟတ်၊ မေရာရိတို့ဖြစ်ကြ၏။ ဤသူတို့သည် မိမိတို့၏နာမည်များကိုခံယူသောအဆက် အနွယ်များ၏ဖခင်များဖြစ်ကြ၏။ လေဝိ သည်တစ်ရာသုံးဆယ့်ခုနစ်နှစ်အထိအသက် ရှည်၏။-
လေဝိမှဆင်းသက်သည့်အိမ်ထောင်မိသားစု၊ ရှိမိမှဆင်းသက်သည့်အိမ်ထောင်မိသားစု၊-
ထိုသူတို့မှတစ်ဆင့်လိဗနိသားချင်းစု၊ ဟေ ဗြောနိသားချင်းစု၊ မာလိသားချင်းစု၊ မုရှိ သားချင်းစုနှင့်ကောရသိသားချင်းစုတို့ ဆင်းသက်လာကြသည်။ ကောဟတ်၏သား အာမရံသည်၊-
အသက်တစ်လသားအရွယ်နှင့်အထက်ရှိသူ ယောကျာ်းဦးရေစုစုပေါင်းမှာခုနစ်ထောင့်ငါး ရာဖြစ်သည်။-
လေဝိအနွယ်ဝင်ဂေရရှုန်၏သားချင်းစုတို့ မှအသက်သုံးဆယ်နှင့်ငါးဆယ်အတွင်းရှိ ထာဝရဘုရားစံတော်မူရာတဲတော်၌အမှု ထမ်းဆောင်နိုင်မည့်ယောကျာ်းတို့ကို ဘိုးဘေးဆွေ မျိုးဘက်မှမိသားစုအလိုက်စာရင်းကောက် ယူရန်အမိန့်ပေးတော်မူ၏။-
ဂေရရှုံသားချင်းစုတို့အတွက်မြို့တစ်ဆယ့် သုံးမြို့ကိုဣသခါနယ်မြေ၊ အာရှာနယ်မြေ၊ နဿလိနယ်မြေ၊ အရှေ့မနာရှေနယ်မြေထဲ မှသတ်မှတ်ပေးကြသည်။