ဣသရေလအမျိုးသားတို့သည်သူတို့ နေထိုင်မည့်ပြည်သို့ရောက်သည့်တိုင်အောင် မန္နမုန့်ကိုနှစ်ပေါင်းလေးဆယ်စားသုံးရ ကြ၏။ သူတို့သည်ခါနာန်ပြည်နယ်စပ် သို့ရောက်သည်အထိမန္နမုန့်ကိုစားရ ကြ၏။-
တောလည် 26:10 - Common Language Bible ထို့ကြောင့်သူတို့သည်ကောရ၏နောက်လိုက် များနှင့်အတူမြေမျိုခံရ၏။ ထိုနေ့၌ လောင်မီးကျ၍ လူပေါင်းနှစ်ရာ့ငါးဆယ် အသက်ဆုံးခဲ့ရသည်။ ထိုအဖြစ်အပျက် ကလူအပေါင်းတို့ကိုသတိတရားရစေ၏။- Garrad Bible သက် သေ မော် ကွန်း အ ဖြစ် လူ ပေါင်း နှစ် ရာ့ ငါး ဆယ် ကို မီး ကျွမ်း လောင် သည့် ကာ လ၊ သေ ဒဏ် ခံ သော ကော ရ အ ပေါင်း အ သင်း နှင့် တ ကွ မြေ ခံ တွင်း ဟ လျက် မျို စား ခံ ရ သူ တို့ ပင် တည်း။ Judson Bible မြေကြီးသည် မိမိခံတွင်းကိုဖွင့်၍ သူတို့ကိုလည်းကောင်း၊ ကောရကိုလည်းကောင်းမျိုသဖြင့်၊ ထိုအပေါင်းအသင်းဝင်သူတို့သည် သေကြ၏။ မီးသည်လည်း လူနှစ်ရာငါးဆယ်တို့ကို အသက်ဆုံးစေ၏။ ထိုသူတို့သည် သတိပေးသော သက်သေဖြစ်သတည်း။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် မြေကြီးသည် မိမိခံတွင်းကို ဖွင့်၍ ကောရနှင့်အတူ သူတို့ကိုမျို၏။ ထိုသို့ ကောရနှင့်သူ၏အပေါင်းပါများသေကြ၏။ လူအယောက်နှစ်ရာ့ငါးဆယ်ကိုလည်း မီးလောင်ကျွမ်းလေ၏။ ထိုသူတို့သည် သတိပြုစရာသက်သေဖြစ်ကြ၏။ |
ဣသရေလအမျိုးသားတို့သည်သူတို့ နေထိုင်မည့်ပြည်သို့ရောက်သည့်တိုင်အောင် မန္နမုန့်ကိုနှစ်ပေါင်းလေးဆယ်စားသုံးရ ကြ၏။ သူတို့သည်ခါနာန်ပြည်နယ်စပ် သို့ရောက်သည်အထိမန္နမုန့်ကိုစားရ ကြ၏။-
ယေရုရှလင်မြို့မှဗာဗုလုန်မြို့သို့ပြည်နှင် ဒဏ်သင့်သူတို့သည် လူတစ်ဦးတစ်ယောက် အားကျိန်ဆဲလိုလျှင်`ထာဝရဘုရားသည် သင့်အားဗာဗုလုန်ဘုရင်ကအရှင်လတ်လတ် မီးရှို့သတ်သည့်ဇေဒကိနှင့်အာဟတ်တို့ကဲ့ သို့ပြုတော်မူပါစေသော' ဟုဆိုကြလိမ့်မည်။-
ငါသည်သူတို့ကိုအတိုက်အခံပြုမည်။ သူ့ ကိုစံနမူနာနှင့်ကဲ့ရဲ့ပုံဆောင်ခံရသူအ ဖြစ်အသုံးပြုမည်။ ငါ၏လူမျိုးတော်အသိုင်း အဝိုင်းမှဖယ်ရှားမည်။ သို့မှသာလျှင်ငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့သိရှိကြလိမ့်မည်။
ထာဝရဘုရား၏ယဇ်ပလ္လင်တွင်နံ့သာပေါင်း မီးရှို့ဆက်သရာ မီးကျီးခံအိုးများကို အသုံးပြုသောကြောင့် ယင်းတို့သည်ဆက် ကပ်ထားသောပစ္စည်းများဖြစ်၏။ သို့ဖြစ်၍ မိမိတို့၏အပြစ်ကြောင့်သေဆုံးရသူ တို့ထံမှ မီးကျီးခံအိုးများကိုယူပြီး လျှင်အပြားခတ်၍ယဇ်ပလ္လင်ကိုဖုံးအုပ် လော့။ ထိုကြေးဝါပြားသည်ဣသရေလ အမျိုးသားတို့အားသတိတရား ရစေလိမ့်မည်'' ဟုမိန့်တော်မူ၏။-
လေဝိအနွယ်၏တောင်ဝှေးပေါ်တွင်အာရုန် ၏နာမည်ကိုရေးရမည်။ အနွယ်ဦးစီးခေါင်း ဆောင်တစ်ဦးလျှင်တောင်ဝှေးတစ်ချောင်း ရှိရမည်။-
``ကျွန်မတို့၏ဖခင်သည်တောကန္တာရ၌ သေ ဆုံးခဲ့ရာသားယောကျာ်းဟူ၍တစ်ယောက်မျှ မကျန်ရစ်ပါ။ ဖခင်သည်ထာဝရဘုရား အားပုန်ကန်သောကောရ၏လူစုတွင်မပါ ဝင်ခဲ့ပါ။ သူသည်မိမိ၏အပြစ်ကြောင့်သေ ဆုံးခဲ့ရပါသည်။-
ရုဗင်အနွယ်ဝင်ဧလျာဘ၏သားများဖြစ်ကြ သော ဒါသန်နှင့်အဘိရံတို့အားမည်ကဲ့သို့ စီရင်တော်မူသည်ကိုသင်တို့သတိရကြမည်။ လူအပေါင်းတို့၏မျက်မှောက်တွင်သူတို့သည် သူတို့၏မိသားစုများ၊ တဲများ၊ အစေခံ များ၊ တိရစ္ဆာန်များနှင့်တကွမြေမျိုခြင်း ခံရ၏။-
ထိုဘေးဒဏ်အပေါင်းကျရောက်လာလျှင် ယင်း တို့သည်ထာဝရဘုရား၏တရားစီရင်တော် မူချက်ဖြစ်ကြောင်း သင်နှင့်သင်၏အဆက် အနွယ်များအစဉ်အမြဲမှတ်သားထား ရမည်။-
ဘုရားသခင်သည်သောဒုံနှင့်ဂေါမောရမြို့ တို့ကိုမီးလောင်ကျွမ်းစေသောအားဖြင့်အပြစ် ဒဏ်စီရင်တော်မူ၏။ ဤနည်းအားဖြင့်ကိုယ်တော် သည်နောင်အခါတွင် ဆိုးသွမ်းယုတ်မာသူတို့ မည်ကဲ့သို့အပြစ်ဒဏ်ခံရမည်ကိုနမူနာ အဖြစ်ပြတော်မူ၏။-
သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကိုလည်း ကောင်း၊ ထိုမြို့များ၏ပတ်ဝန်းကျင်ရှိမြို့များ ကိုလည်းကောင်းသတိရကြလော့။ ထိုမြို့ တို့မှမြို့သူမြို့သားတို့သည်အဆိုပါ ကောင်းကင်တမန်များကဲ့သို့ ကာမဂုဏ် လိုက်စား၍သဘာဝနှင့်ဆန့်ကျင်သည့် အပျော်အပါးကိုလိုက်စားခဲ့ကြ၏။ လူ အပေါင်းတို့အားရှင်းလင်းပြတ်သားစွာ သတိပေးသည့်အနေဖြင့် သူတို့သည် ထာဝရတောက်လောင်သောမီးတွင်အပြစ် ဒဏ်ကိုခံရကြသည်။
သင်၏သားများဖြစ်ကြသောဟောဖနိနှင့် ဖိနဟတ်တို့သည်တစ်နေ့တည်း၌သေရကြ သောအခါ ငါပြောသမျှသောအမှုအရာ တို့သည်ဖြစ်ပျက်လာလိမ့်မည်ဖြစ်ကြောင်း သင်သိရှိရလိမ့်မည်။-