ဧလိယက``ဗာလပရောဖက်တို့ကိုဖမ်းဆီးကြ လော့။ တစ်ယောက်မျှထွက်မပြေးစေကြနှင့်'' ဟု အမိန့်ပေး၏။ လူတို့သည်ပရောဖက်အားလုံးကို ဖမ်းဆီး၍ပေးသဖြင့် ဧလိယသည်သူတို့အား ကိရှုန်ချောင်းသို့ထုတ်သွားပြီးလျှင်ကွပ်မျက် လေ၏။
တောလည် 25:5 - Common Language Bible မောရှေသည်ဣသရေလအနွယ်အလိုက်အုပ် ချုပ်ရသူတို့အား``သင်တို့တစ်ဦးစီသည်သင် တို့အနွယ်ထဲမှ ပေဂုရဒေသခံဗာလဘုရား အားဦးချရှိခိုးသူအားလုံးကိုကွပ်မျက်ရ မည်'' ဟုအမိန့်ပေးလေသည်။ Garrad Bible မော ရှေ က၊ သင် တို့ အ သီး အ သီး အုပ် စု အ နက် ဗာ လ ပေ ဂု ရ နတ်၌ မှီ ဝဲ သူ တို့ ကို ကွပ် မျက် ကြ လော့ ဟု ဣ သ ရေ လ တ ရား ပိုင် မင်း တို့ အား ဆင့် ဆို လေ ၏။ Judson Bible မောရှေသည် ဣသရေလမင်းတို့ကိုခေါ်၍၊ ဗာလပေဂုရဘုရားကို ဆည်းကပ်သောသူတို့ကို သင်တို့အသီးအသီးဆိုင်သည်အတိုင်း ကွပ်မျက်ကြလော့ဟု မှာထားလေ၏။ မြန်မာ့စံမီသမ္မာကျမ်း မောရှေကလည်း အစ္စရေးလူမျိုးတို့၏တရားသူကြီးတို့အား “သင်တို့သည် ဗာလပေဂုရဘုရားကို မှီဝဲဆည်းကပ်သောကိုယ့်လူအသီးသီးကို သတ်ရမည်”ဟု ဆို၏။ |
ဧလိယက``ဗာလပရောဖက်တို့ကိုဖမ်းဆီးကြ လော့။ တစ်ယောက်မျှထွက်မပြေးစေကြနှင့်'' ဟု အမိန့်ပေး၏။ လူတို့သည်ပရောဖက်အားလုံးကို ဖမ်းဆီး၍ပေးသဖြင့် ဧလိယသည်သူတို့အား ကိရှုန်ချောင်းသို့ထုတ်သွားပြီးလျှင်ကွပ်မျက် လေ၏။
သို့ရာတွင်သင်သည်လူတစ်ထောင်စု၊ တစ်ရာစု၊ ငါးဆယ်စု၊ တစ်ဆယ်စုတို့ကိုခေါင်းဆောင်နိုင် မည့်အရည်အချင်းရှိသူများကိုရွေးချယ် ခန့်ထားသင့်ပါသည်။ ထိုသူတို့သည်ဘုရား ကိုကြောက်ရွံ့၍ရိုးသားဖြောင့်မတ်လျက် အဂတိမလိုက်စားတတ်သူများဖြစ်ရ ကြမည်။-
``ထာဝရဘုရားမှတစ်ပါးအခြားသော ဘုရားကိုယဇ်ပူဇော်သူအားသေဒဏ်စီရင် ရမည်။
အခြေမရှိသူအချို့ကတစ်မြို့သားချင်း တို့အား ယခင်ကသူတို့ဝတ်မပြုမကိုး ကွယ်ဘူးသော ဘုရားများကိုဝတ်ပြုကိုး ကွယ်ရန်သွေးဆောင်သည့်သတင်းကိုကြား မိလျှင်၊-
ထိုမြို့သူမြို့သားအားလုံးနှင့်သူတို့၏သိုး နွားတိရစ္ဆာန်ရှိသမျှတို့ကို သတ်ဖြတ်သုတ် သင်ပစ်ရမည်။ သူတို့နေထိုင်ရာမြို့ကိုလည်း လုံးဝဖျက်ဆီးပစ်ရမည်။-
``သင်၏ညီအစ်ကို၊ သင်၏သားသမီး၊ သင်ချစ် သောဇနီး၊ သင်နှင့်အလွန်ရင်းနှီးသောမိတ်ဆွေ တစ်ဦးဦးကပင်လျှင် သင်နှင့်သင်၏ဘိုးဘေး တို့ယခင်ကဝတ်မပြုမကိုးကွယ်ဘူးသော အခြားဘုရားများကိုဝတ်ပြုကိုးကွယ် ရန်တိတ်တဆိတ်သွေးဆောင်ပေလိမ့်မည်။-
သူ့ကိုသတ်ပစ်လော့။ သူ့ကိုသေဒဏ်စီရင် ရာတွင် သင်သည်သူ့ကိုအဦးဆုံးကျောက်ခဲ နှင့်ပစ်သူဖြစ်ရမည်။ ထို့နောက်မှအခြား သူများကိုကျောက်ခဲနှင့်ပစ်စေရမည်။-
ပေဂုရအရပ်တွင်ငါတို့လွန်ကူးသော အပြစ်ကြောင့်ထာဝရဘုရားသည် မိမိ၏ လူမျိုးတော်အားကပ်ရောဂါဘေးသင့်စေ တော်မူသည်မဟုတ်လော။ ထိုအပြစ်၏ဆိုး ကျိုးကိုငါတို့သည်ခံနေရဆဲဖြစ်သည် မဟုတ်လော။ ထိုအပြစ်မျိုးကိုထပ်မံ ကူးလွန်ကြဦးမည်လော။-