ထိုနောက်ဗာလက်ဘုရင်ကဗာလမ်အား``ဣသရေလ အမျိုးသားအချို့ကိုသာ မြင်နိုင်သောနေရာသို့ လိုက်ခဲ့ပါ။ ထိုအရပ်မှနေ၍သူတို့ကို ကျိန်ဆဲ ပါလော့'' ဟုဆိုလေ၏။-
ဗာ လက် မင်း က၊ ထို လူ မျိုး အား လုံး မ ဟုတ်၊ တပ် စွန် တပ် ဖျား ကို သာ မြင် နိုင် သော အ ရပ် တစ် ပါး သို့ ကျွန်ုပ် နှင့် လိုက်၍ အ မင်္ဂ လာ ပေး ပါ လော့ ဟု ဆို လျက်၊
ဗာလက်မင်းကလည်း၊ ဣသရေလအမျိုးသားအပေါင်းတို့ကို တစ်ပြိုင်နက်မမြင်ရဘဲ တစ်ပိုင်းကိုမျှသာကြည့်မြင်ရာ၊ အခြားသောအရပ်သို့ ငါနှင့်အတူလိုက်ပါလော့။ ထိုအရပ်၌ သူတို့ကို ငါ့အဖို့ ကျိန်ဆဲပါဟုဆိုလျက်၊
ဗာလက်မင်းကြီးကလည်း ဗာလမ်အား “အစ္စရေးလူမျိုးအားလုံးကိုမမြင်ရသော်လည်း သူတို့၏တပ်စခန်းအစွန်အဖျားကိုသာမြင်နိုင်သည့် အခြားတစ်နေရာသို့ ငါနှင့်အတူလိုက်ခဲ့ပါလော့။ ငါ့အတွက် သူတို့ကို ထိုနေရာမှ ကျိန်ဆဲပါလော့”ဟု ဆိုလေ၏။
ဗင်္ဟာဒဒ်မင်း၏မှူးမတ်များက``ဣသရေလ အမျိုးသားတို့၏ဘုရားများသည် တောင်ကို အစိုးရသောဘုရားများဖြစ်သဖြင့် အကျွန်ုပ် တို့အားဣသရေလအမျိုးသားတို့အနိုင်ရ ကြခြင်းဖြစ်ပါသည်။ အကျွန်ုပ်တို့သည်သူတို့ နှင့်လွင်ပြင်တွင်တိုက်ခိုက်ရကြပါမူသူတို့ အားဧကန်မုချအနိုင်ရကြပါလိမ့်မည်။-
ပရောဖက်တစ်ပါးသည်အာဟပ်မင်းထံသို့ သွား၍``ထာဝရဘုရားက`ငါသည်တောင်ကို အစိုးရသောဘုရားဖြစ်သည်။ လွင်ပြင်ကို အစိုးမရဟုရှုရိအမျိုးသားတို့ကဆို သောကြောင့် သူတို့၏ကြီးမားသောတပ်မ တော်ကိုသင်၏လက်သို့ငါအပ်မည်။ ငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်း သင်နှင့် တကွသင်၏ပြည်သူတို့သိရကြလိမ့်မည်' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆို၏။
သူသည်ကျိန်ဆဲရန်နှစ်သက်သည်ဖြစ်၍ သူကိုယ်တိုင်ကျိန်ဆဲခြင်းကိုခံရပါစေ သော။ သူသည်သူတစ်ပါးအားကောင်းချီးမင်္ဂလာပေးရန် အလိုမရှိသည်ဖြစ်၍ မည်သူကမျှသူ့အားကောင်းချီးမင်္ဂလာ မပေးပါစေနှင့်။
ငါ၏လူမျိုးတော်တို့၊ မောဘပြည့်ရှင်ဗာလက် မင်းက သင်တို့ပျက်စီးရာပျက်စီးကြောင်းမည် ကဲ့သို့ကြံစည်ခဲ့သည်ကိုလည်းကောင်း၊ ဗောရ ၏သားဗာလမ်ကဘုရင်အားမည်ကဲ့သို့ပြန် ပြောသည်ကိုလည်းကောင်း သတိရကြလော့၊ အကေးရှားစခန်းမှဂိလဂါလမြို့သို့ သွားသောခရီးလမ်းတွင် တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များကိုသတိရကြလျှင် ထာဝရဘုရားသည်သင်တို့အားမည်ကဲ့ သို့ ကယ်တင်တော်မူခဲ့ကြောင်းသင်တို့သိ မြင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
နောက်တစ်နေ့နံနက်တွင်ဗာလက်ဘုရင်သည် ဣသရေလအမျိုးသားတို့မြင်သာနိုင် သောဗားမော့ဗာလတောင်ကုန်းပေါ်သို့ ဗာလမ်အားခေါ်ဆောင်သွားလေသည်။
သူတို့သည်ငါတို့ထက်လူအင်အားပိုများ သဖြင့် လာ၍သူတို့ကိုကျိန်ဆဲပါလော့။ သို့ ပြုလျှင်သူတို့ကိုငါတိုက်ခိုက်၍ နှင်ထုတ်နိုင် ကောင်းနှင်ထုတ်နိုင်ပါလိမ့်မည်။ ကိုယ်တော် ကောင်းချီးပေးသူတို့သည်ကောင်းချီးကို ခံရ၍ ကိုယ်တော်ကျိန်ဆဲသောသူတို့သည် ကျိန်စာသင့်ကြပါလိမ့်မည်'' ဟုဖော်ပြ ပါရှိလေသည်။
ဗာလမ်က``ထာဝရဘုရားဆင့်ဆိုစေလို သည့်အတိုင်းသာလျှင် ငါဆင့်ဆိုနိုင်သည်'' ဟု ပြန်ဖြေလေ၏။
သို့ဖြစ်၍ဗာလက်ဘုရင်သည်ဗာလမ်ကို ပိသဂါ တောင်ပေါ်ရှိဇောဖိမ်ကွင်းသို့ခေါ်ဆောင်သွားလေ သည်။ ထိုအရပ်၌လည်းသူသည်ယဇ်ပလ္လင်ခုနစ်ခု ကိုတည်၍ တစ်ခုစီပေါ်တွင်နွားထီးတစ်ကောင် နှင့်သိုးထီးတစ်ကောင်ကိုပူဇော်လေသည်။
ထိုနောက်ဇိဖော်၏သားမောဘပြည်ဘုရင် ဗာလက်သည်ဣသရေလအမျိုးသားတို့ကို တိုက်ခိုက်လေသည်။ သူသည်သင်တို့ကိုကျိန်ဆဲ ရန်ဗောရ၏သားဗာလမ်ကိုခေါ်စေသည်။-