ပရောဖက်ကလည်း``ဘုရင်မင်း၏စည်းစိမ်ဥစ္စာ တစ်ဝက်ကိုပင်ပေးသော်လည်းငါမလိုက်လိုပါ။ အဘယ်အစားအစာကိုမျှမစားလိုပါ။-
တောလည် 22:8 - Common Language Bible ထိုအခါဗာလမ်ကသူတို့အား``ယနေ့ည ဤအရပ်တွင်တည်းခိုနေကြပါဦး။ ထာဝရ ဘုရားကငါ့အားမည်ကဲ့သို့မိန့်မှာတော်မူ ကြောင်း နက်ဖြန်နေ့တွင်ငါပြောပြပါမည်'' ဟုဆိုလေ၏။ ထို့ကြောင့်မောဘအမျိုးသား ခေါင်းဆောင်တို့သည်ဗာလမ်ထံ၌တည်းခို ကြလေသည်။ Garrad Bible ဗာ လမ် က၊ ယ နေ့ ညဉ့် ဤ တွင် တည်း ခို ကြ ပါ ဦး။ ထာ ဝ ရ ဘု ရား ပေး တော် မူ သော ဗျာ ဒိတ် ကို ငါ ဆင့် ဆို မည် ဟု ဆို သည့် အ တိုင်း မော ဘ မှူး မတ် တို့ တည်း နေ ကြ၏။ Judson Bible ဗာလမ်က၊ ယနေ့ညမှာ ဤအရပ်၌နေကြပါဦး။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ငါပြန်ပြောမည်ဟုဆိုလျှင်၊ မောဘအရာရှိတို့သည် ဗာလမ်ထံမှာနေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဗာလမ်ကလည်း သူတို့အား “ဤနေရာတွင် ညအိပ်နားကြဦးလော့။ ငါ့အား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သင်တို့အား ငါပြန်ပြောမည်”ဟု ဆိုလေ၏။ သို့ဖြစ်၍ မောဘလူမျိုးတို့၏အကြီးအကဲတို့သည် ဗာလမ်ထံ၌နေကြ၏။ |
ပရောဖက်ကလည်း``ဘုရင်မင်း၏စည်းစိမ်ဥစ္စာ တစ်ဝက်ကိုပင်ပေးသော်လည်းငါမလိုက်လိုပါ။ အဘယ်အစားအစာကိုမျှမစားလိုပါ။-
သို့ရာတွင်မိက္ခာက``ငါသည်ထာဝရဘုရား မိန့်တော်မူသည့်အတိုင်းဖော်ပြမည်ဖြစ်ကြောင်း အသက်ရှင်တော်မူသောထာဝရဘုရားကို တိုင်တည်၍ငါဆို၏'' ဟုပြော၏။
ကိုယ်တော်ရှင်သည်သူတို့အားစိုက်ပျိုးတော် မူသဖြင့် သူတို့သည်အမြစ်စွဲကာကြီးပွားလျက် အသီးအနှံများအောင်ကြပါ၏။ သူတို့သည်အစဉ်ပင်ကိုယ်တော်ရှင်ကောင်း မြတ် တော်မူကြောင်းကိုပြောဆိုကြသော်လည်း၊ အမှန်အားဖြင့်ကိုယ်တော်ရှင်ကိုပမာဏ မပြုကြပါ။
သို့ဖြစ်၍ငါ၏လူမျိုးတော်သည်သင်ပြန် ကြားရန် ရှိသည့်အမိန့်တော်ကိုနားထောင် ရန်သင့်ရှေ့သို့စုရုံးလာကြ၏။ သို့ရာတွင် သူတို့သည်သင်ပြောသည့်အတိုင်းမလုပ် ကြ။ ချစ်ဖွယ်သောစကားများပြောဆိုနေ ကြသော်လည်းလောဘစိတ်အတိုင်းကျင့် ကြံကြ၏။-
``ငါမိန့်တော်မူသမျှကိုနားထောင်လော့။ သင် တို့တွင်ပရောဖက်များရှိသောအခါ ငါသည် သူတို့အားအိပ်မက်အားဖြင့်သော်လည်းကောင်း၊ ရူပါရုံအားဖြင့်သော်လည်းကောင်းဗျာဒိတ် ပေး၏။-
သို့ရာတွင်ဗာလမ်က``ဗာလက်ဘုရင်သည်နန်း တော်တွင်ရှိသမျှသောရွှေ၊ ငွေကို ငါ့အားပုံ၍ ပေးသော်လည်းငါ၏ဘုရားသခင်ထာဝရ ဘုရား၏အမိန့်တော်ကိုငါမလွန်ဆန်နိုင်။-
ဗာလမ်က``ငါယခုရောက်လာပြီ။ သို့ရာတွင် ငါသည် ကိုယ်တိုင်ပြောပိုင်ခွင့်မရှိ။ ဘုရားသခင်ကငါ့အားပြောစေလိုသမျှကို သာငါပြောနိုင်မည်'' ဟုဆိုလေ၏။-
ထို့ကြောင့်မောဘအမျိုးသားနှင့်မိဒျန် အမျိုးသားခေါင်းဆောင်တို့သည် ခြေကြွခ ငွေကိုယူဆောင်၍ ဗာလမ်ထံသို့သွားပြီး လျှင်ဗာလက်၏လျှောက်ထားချက်ကို တင်ပြကြလေသည်။-
ဘုရားသခင်သည်ဗာလမ်ထံသို့ကြွလာ ၍``သင်နှင့်အတူတည်းခိုနေသူများသည် မည်သူတို့နည်း'' ဟုမေးတော်မူ၏။
ဗာလမ်က``ထာဝရဘုရားဆင့်ဆိုစေလို သည့်အတိုင်းသာလျှင် ငါဆင့်ဆိုနိုင်သည်'' ဟု ပြန်ဖြေလေ၏။
ထိုနောက်ဗာလမ်ကဗာလက်အား``သင်သည် မီးရှို့ရာယဇ်နားတွင်ရပ်နေလော့။ ထာဝရ ဘုရားသည်ငါနှင့်တွေ့ဆုံရန်ကြွလာမည်၊ မကြွလာမည်ကိုသွား၍ကြည့်မည်။ ထာဝရ ဘုရားကငါ့အား ဗျာဒိတ်ပေးတော်မူသမျှ ကိုသင့်အားငါပြောပြမည်'' ဟုဆိုလေ၏။ ထိုကြောင့်သူသည်တစ်ယောက်တည်းတောင် ကုန်းတစ်ခုပေါ်သို့တက်သွားသောအခါ၊-