Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 22:18 - Common Language Bible

18 သို့​ရာ​တွင်​ဗာ​လမ်​က``ဗာ​လက်​ဘု​ရင်​သည်​နန်း တော်​တွင်​ရှိ​သ​မျှ​သော​ရွှေ၊ ငွေ​ကို ငါ့​အား​ပုံ​၍ ပေး​သော်​လည်း​ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​ငါ​မ​လွန်​ဆန်​နိုင်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ဗာ​လမ်​က​လည်း၊ ဗာ​လက်​မင်း​သည် ရွှေ​ငွေ​နှင့်​ပြည့်​သော မိ​မိ​နန်း​တော်​ကို​ပင် ပေး​သော်​လည်း၊ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို လွန်​ကျူး၍ အ​မှု​အ​ကြီး​အ​ငယ်​တစ်​စုံ​တစ်​ခု​ကို​မျှ ငါ​မ​ပြု​နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 သို့သော် ဗာလမ်​က ဗာလက်​မင်းကြီး​၏​အစေအပါး​တို့​အား “​ဗာလက်​မင်းကြီး​သည် ရွှေ​ငွေ​နှင့်​ပြည့်​သော သူ​၏​နန်းတော်​ကို ငါ့​အား​ပေး​လျှင်လည်း ငါ​သည် ငါ​၏​ဘုရားသခင်​ထာဝရဘုရား​၏​အမိန့်​တော်​ကို​လွန်ဆန်​၍ ငယ်​သော​အမှု​ကို​ဖြစ်စေ​၊ ကြီး​သော​အမှု​ကို​ဖြစ်စေ ငါ​မ​ပြု​ဝံ့​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 22:18
14 ပူးပေါင်းရင်းမြစ်များ  

ပ​ရော​ဖက်​က​လည်း``ဘု​ရင်​မင်း​၏​စည်း​စိမ်​ဥစ္စာ တစ်​ဝက်​ကို​ပင်​ပေး​သော်​လည်း​ငါ​မ​လိုက်​လို​ပါ။ အ​ဘယ်​အ​စား​အ​စာ​ကို​မျှ​မ​စား​လို​ပါ။-


သို့​ရာ​တွင်​မိက္ခာ​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည့်​အ​တိုင်း​ဖော်​ပြ​မည်​ဖြစ်​ကြောင်း အ​သက်​ရှင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို တိုင်​တည်​၍​ငါ​ဆို​၏'' ဟု​ပြော​၏။


သို့​ရာ​တွင်​မိက္ခာ​က``ငါ​သည်​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သည့်​အ​တိုင်း​ဖော်​ပြ​ရ​လိမ့်​မည်​ဖြစ် ကြောင်း အ​သက်​ရှင်​တော်​မူ​သော​ထာ​ဝရ​ဘု​ရား ကို​တိုင်​တည်​၍​ငါ​ဆို​၏'' ဟု​ပြော​၏။


မှူးမတ်တို့နှင့်၎င်း၊ ရွှေကိုရတတ်၍ ဘဏ္ဍာတိုက်၌ ငွေကိုအပြည့်သိုထားသောမင်းတို့နှင့်၎င်း ငါငြိမ်းရပြီ။


ဒံ​ယေ​လ​က``အ​ရှင်​၏​ဆု​တော်​လာဘ်​တော် တို့​ကို ကိုယ်​တော်​ထံ​တော်​၌​သာ​ထား​ရှိ​တော် မူ​ပါ။ သို့​မ​ဟုတ်​အ​ခြား​သူ​တစ်​စုံ​တစ် ယောက်​အား​ချီး​မြှင့်​တော်​မူ​ပါ။ သို့​ရာ​တွင် အ​ကျွန်ုပ်​သည်​ထို​စာ​တန်း​ကို​ဖတ်​၍ အ​နက် ကို​အ​ရှင့်​အား​လျှောက်​ထား​ပါ​မည်။


သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား မည် ကဲ့​သို့​မိန့်​တော်​မူ​ဦး​မည်​ကို​သိ​ရှိ​နိုင်​ရန် သင်​တို့​သည် ယ​နေ့​ည​ငါ့​ထံ​တွင်​တည်း​ခို နေ​ထိုင်​ကြ​ပါ'' ဟု​ဆို​၏။


ဗာ​လမ်​က``ငါ​ယ​ခု​ရောက်​လာ​ပြီ။ သို့​ရာ​တွင် ငါ​သည် ကိုယ်​တိုင်​ပြော​ပိုင်​ခွင့်​မ​ရှိ။ ဘု​ရား​သ​ခင်​က​ငါ့​အား​ပြော​စေ​လို​သ​မျှ​ကို သာ​ငါ​ပြော​နိုင်​မည်'' ဟု​ဆို​လေ​၏။-


ထို​အ​ခါ​ဗာ​လမ်​က​သူ​တို့​အား``ယ​နေ့​ည ဤ​အ​ရပ်​တွင်​တည်း​ခို​နေ​ကြ​ပါ​ဦး။ ထာ​ဝ​ရ ဘု​ရား​က​ငါ့​အား​မည်​ကဲ့​သို့​မိန့်​မှာ​တော်​မူ ကြောင်း နက်​ဖြန်​နေ့​တွင်​ငါ​ပြော​ပြ​ပါ​မည်'' ဟု​ဆို​လေ​၏။ ထို့​ကြောင့်​မော​ဘ​အ​မျိုး​သား ခေါင်း​ဆောင်​တို့​သည်​ဗာ​လမ်​ထံ​၌​တည်း​ခို ကြ​လေ​သည်။


ဗာ​လမ်​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ သ​မျှ​အ​တိုင်း ပြု​လုပ်​ရ​သည်​ဟု​သင့်​အား​ငါ ပြော​ခဲ့​ပြီ​မ​ဟုတ်​လော'' ဟု​ဖြေ​ကြား​လေ​သည်။


ဗာ​လမ်​က``သင်​၏​နန်း​တော်​တွင် ရှိ​သ​မျှ​သော​ရွှေ၊ ငွေ​ကို​ပေး​သော်​လည်း​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​ကို​ဆန့်​ကျင်​၍ ငါ့​အ​လို​အ​လျောက်​မည်​သို့ မျှ​မ​ပြု​နိုင်​ဟု​သင်​စေ​လွှတ်​သော​သံ​တ​မန်​တို့ အား ငါ​ပြော​ခဲ့​ပြီ​မ​ဟုတ်​လော။ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​ကို​သာ​ပြော​ရ​မည်'' ဟု​ဖြေ​ကြား​လေ​၏။


ပေ​တ​ရု​က``သင်​သည်​ဘု​ရား​သ​ခင်​၏​ဆု ကျေး​ဇူး​တော်​ကို​ငွေ​နှင့်​ဝယ်​ယူ​မည်​အ​ကြံ ရှိ​သ​ဖြင့် သင်​၏​ငွေ​သည်​သင်​နှင့်​အ​တူ​ပျက် စီး​ပါ​စေ​သ​တည်း။-


သူ​တို့​သည်​ဘုရား​သခင်​ကို​သိ​သည်​ဟု​ဝန်​ခံ သော်​လည်း​သူ​တို့​အ​ကျင့်​က​မ​ထောက်​ခံ။ သူ တို့​သည်​မုန်း​ဖွယ်​ကောင်း​သူ၊ နား​မ​ထောင်​သူ၊ ကောင်း​မြတ်​သည့်​အ​မှု​တစ်​စုံ​တစ်​ခု​ကို​မျှ ပြု​ရန်​မ​သင့်​တော်​သူ​များ​ဖြစ်​ကြ​၏။


သို့​ရာ​တွင်​ငါ​သည်​ဗာ​လမ်​၏​လျှောက်​ဆို​ချက် ကို​လက်​မ​ခံ​သ​ဖြင့် သူ​သည်​သင်​တို့​ကို​ကောင်း ချီး​ပေး​လေ​သည်။ ဤ​နည်း​အား​ဖြင့်​ငါ​သည် သင်​တို့​အား​ဗာ​လက်​၏​လက်​မှ​ကယ်​တင်​ခဲ့ သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ