တရားစီရင်သောသူသည်အရှေ့အရပ်သို့မဟုတ် အနောက်အရပ်မှသော်လည်းကောင်း၊ တောင်အရပ်သို့မဟုတ်မြောက်အရပ်မှ သော်လည်းကောင်းပေါ်ထွက်လာသည်မဟုတ်။
တောလည် 22:37 - Common Language Bible ဗာလက်ကဗာလမ်အား``အကျွန်ုပ်ပထမ အကြိမ်ကိုယ်တော်ကိုခေါ်ရန်စေလွှတ်စဉ်က အဘယ်ကြောင့်လိုက်၍မလာပါသနည်း။ ကိုယ်တော်အားထိုက်တန်စွာမချီးမြှင့်နိုင် ဟုယူဆပါသလော'' ဟုဆီး၍မေးလေ သည်။ Garrad Bible ကိုယ် တော် ကို ခေါ် ပင့် ရန် ကျွန်ုပ် စေ လွှတ် ခဲ့ သည် မ ဟုတ် ပါ လော။ မ ကြွ လာ ခြင်း ကား အ သို့ နည်း။ ကျွန်ုပ် သည် ဂုဏ် မ တင် နိုင် ပါ သ လော ဟု မေး ရာ၊ Judson Bible ဗာလက်မင်းကလည်း၊ ကိုယ်တော်ကိုခေါ်ပင့်စေခြင်းငှာ ငါသည် အထပ်ထပ်စေလွှတ်သည် မဟုတ်လော။ အဘယ်ကြောင့် နှေးပါသနည်း။ ကိုယ်တော်ကို ငါချီးမြှောက်နိုင်သည် မဟုတ်လောဟု ဗာလမ်အားဆိုလျှင်၊ မြန်မာ့စံမီသမ္မာကျမ်း ဗာလက်မင်းကြီးက ဗာလမ်အား “အကျွန်ုပ်သည် သင့်ထံသို့ လူအထပ်ထပ်စေလွှတ်၍ ခေါ်စေသည်မဟုတ်လော။ အဘယ်ကြောင့် သင်မလာသနည်း။ အကျွန်ုပ်သည် သင့်ကို ဂုဏ်မပြုနိုင်သလော”ဟု ဆို၏။ |
တရားစီရင်သောသူသည်အရှေ့အရပ်သို့မဟုတ် အနောက်အရပ်မှသော်လည်းကောင်း၊ တောင်အရပ်သို့မဟုတ်မြောက်အရပ်မှ သော်လည်းကောင်းပေါ်ထွက်လာသည်မဟုတ်။
ဗာလက်ဘုရင်သည်ဗာလမ်လာနေကြောင်း ကိုကြားသိရသောအခါ မောဘပြည်နယ်စပ် အာနုန်မြစ်ကမ်းပေါ်ရှိအာရမြို့သို့သွား၍ ကြိုဆို၏။-
ဗာလမ်က``ငါယခုရောက်လာပြီ။ သို့ရာတွင် ငါသည် ကိုယ်တိုင်ပြောပိုင်ခွင့်မရှိ။ ဘုရားသခင်ကငါ့အားပြောစေလိုသမျှကို သာငါပြောနိုင်မည်'' ဟုဆိုလေ၏။-
ယခုကိုယ်တော်ပြန်ပါလော့။ အကျွန်ုပ်သည် ကိုယ်တော်အား ဆုလာဘ်များချီးမြှင့်မည်ဟု ကတိထားခဲ့သော်လည်း ထိုသို့ချီးမြှင့်ရန် ထာဝရဘုရားသည်အလိုတော်မရှိ'' ဟု ဆိုလေ၏။
``ဤတန်ခိုးအာဏာဘုန်းစည်းစိမ်ရှိသမျှ တို့ကိုကိုယ်တော်အားငါပေးပါအံ့။ ဤအရာ များကိုငါ့လက်ဝယ်အပ်နှင်းထားပြီးဖြစ် သဖြင့်ငါပေးလိုသူအားပေးနိုင်၏။-
သင်တို့သည်အချင်းချင်းချီးမွမ်းဂုဏ်ပြုခြင်း ကိုခံလိုကြ၏။ သို့ရာတွင်တစ်ဆူတည်းရှိတော် မူသောဘုရားသခင်၏ချီးမွမ်းဂုဏ်ပြုခြင်း ကိုခံရန်ကိုမူမကြိုးစားကြ။ သို့ဖြစ်၍သင် တို့သည်ငါ့ကိုအဘယ်သို့ယုံကြည်နိုင်ကြ မည်နည်း။-