ပရောဖက်ကလည်း``ဘုရင်မင်း၏စည်းစိမ်ဥစ္စာ တစ်ဝက်ကိုပင်ပေးသော်လည်းငါမလိုက်လိုပါ။ အဘယ်အစားအစာကိုမျှမစားလိုပါ။-
တောလည် 22:18 - Common Language Bible သို့ရာတွင်ဗာလမ်က``ဗာလက်ဘုရင်သည်နန်း တော်တွင်ရှိသမျှသောရွှေ၊ ငွေကို ငါ့အားပုံ၍ ပေးသော်လည်းငါ၏ဘုရားသခင်ထာဝရ ဘုရား၏အမိန့်တော်ကိုငါမလွန်ဆန်နိုင်။- Judson Bible ဗာလမ်ကလည်း၊ ဗာလက်မင်းသည် ရွှေငွေနှင့်ပြည့်သော မိမိနန်းတော်ကိုပင် ပေးသော်လည်း၊ ငါကိုးကွယ်သော ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို လွန်ကျူး၍ အမှုအကြီးအငယ်တစ်စုံတစ်ခုကိုမျှ ငါမပြုနိုင်။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဗာလမ်က ဗာလက်မင်းကြီး၏အစေအပါးတို့အား “ဗာလက်မင်းကြီးသည် ရွှေငွေနှင့်ပြည့်သော သူ၏နန်းတော်ကို ငါ့အားပေးလျှင်လည်း ငါသည် ငါ၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကိုလွန်ဆန်၍ ငယ်သောအမှုကိုဖြစ်စေ၊ ကြီးသောအမှုကိုဖြစ်စေ ငါမပြုဝံ့။ |
ပရောဖက်ကလည်း``ဘုရင်မင်း၏စည်းစိမ်ဥစ္စာ တစ်ဝက်ကိုပင်ပေးသော်လည်းငါမလိုက်လိုပါ။ အဘယ်အစားအစာကိုမျှမစားလိုပါ။-
သို့ရာတွင်မိက္ခာက``ငါသည်ထာဝရဘုရား မိန့်တော်မူသည့်အတိုင်းဖော်ပြမည်ဖြစ်ကြောင်း အသက်ရှင်တော်မူသောထာဝရဘုရားကို တိုင်တည်၍ငါဆို၏'' ဟုပြော၏။
သို့ရာတွင်မိက္ခာက``ငါသည်ထာဝရဘုရားမိန့် တော်မူသည့်အတိုင်းဖော်ပြရလိမ့်မည်ဖြစ် ကြောင်း အသက်ရှင်တော်မူသောထာဝရဘုရား ကိုတိုင်တည်၍ငါဆို၏'' ဟုပြော၏။
မှူးမတ်တို့နှင့်၎င်း၊ ရွှေကိုရတတ်၍ ဘဏ္ဍာတိုက်၌ ငွေကိုအပြည့်သိုထားသောမင်းတို့နှင့်၎င်း ငါငြိမ်းရပြီ။
ဒံယေလက``အရှင်၏ဆုတော်လာဘ်တော် တို့ကို ကိုယ်တော်ထံတော်၌သာထားရှိတော် မူပါ။ သို့မဟုတ်အခြားသူတစ်စုံတစ် ယောက်အားချီးမြှင့်တော်မူပါ။ သို့ရာတွင် အကျွန်ုပ်သည်ထိုစာတန်းကိုဖတ်၍ အနက် ကိုအရှင့်အားလျှောက်ထားပါမည်။
သို့ရာတွင်ထာဝရဘုရားသည်ငါ့အား မည် ကဲ့သို့မိန့်တော်မူဦးမည်ကိုသိရှိနိုင်ရန် သင်တို့သည် ယနေ့ညငါ့ထံတွင်တည်းခို နေထိုင်ကြပါ'' ဟုဆို၏။
ဗာလမ်က``ငါယခုရောက်လာပြီ။ သို့ရာတွင် ငါသည် ကိုယ်တိုင်ပြောပိုင်ခွင့်မရှိ။ ဘုရားသခင်ကငါ့အားပြောစေလိုသမျှကို သာငါပြောနိုင်မည်'' ဟုဆိုလေ၏။-
ထိုအခါဗာလမ်ကသူတို့အား``ယနေ့ည ဤအရပ်တွင်တည်းခိုနေကြပါဦး။ ထာဝရ ဘုရားကငါ့အားမည်ကဲ့သို့မိန့်မှာတော်မူ ကြောင်း နက်ဖြန်နေ့တွင်ငါပြောပြပါမည်'' ဟုဆိုလေ၏။ ထို့ကြောင့်မောဘအမျိုးသား ခေါင်းဆောင်တို့သည်ဗာလမ်ထံ၌တည်းခို ကြလေသည်။
ဗာလမ်က``ငါသည်ထာဝရဘုရားမိန့်တော်မူ သမျှအတိုင်း ပြုလုပ်ရသည်ဟုသင့်အားငါ ပြောခဲ့ပြီမဟုတ်လော'' ဟုဖြေကြားလေသည်။
ဗာလမ်က``သင်၏နန်းတော်တွင် ရှိသမျှသောရွှေ၊ ငွေကိုပေးသော်လည်းထာဝရဘုရား၏အမိန့် တော်ကိုဆန့်ကျင်၍ ငါ့အလိုအလျောက်မည်သို့ မျှမပြုနိုင်ဟုသင်စေလွှတ်သောသံတမန်တို့ အား ငါပြောခဲ့ပြီမဟုတ်လော။ ငါသည်ထာဝရ ဘုရားမိန့်မှာတော်မူသမျှကိုသာပြောရမည်'' ဟုဖြေကြားလေ၏။
ပေတရုက``သင်သည်ဘုရားသခင်၏ဆု ကျေးဇူးတော်ကိုငွေနှင့်ဝယ်ယူမည်အကြံ ရှိသဖြင့် သင်၏ငွေသည်သင်နှင့်အတူပျက် စီးပါစေသတည်း။-
သူတို့သည်ဘုရားသခင်ကိုသိသည်ဟုဝန်ခံ သော်လည်းသူတို့အကျင့်ကမထောက်ခံ။ သူ တို့သည်မုန်းဖွယ်ကောင်းသူ၊ နားမထောင်သူ၊ ကောင်းမြတ်သည့်အမှုတစ်စုံတစ်ခုကိုမျှ ပြုရန်မသင့်တော်သူများဖြစ်ကြ၏။
သို့ရာတွင်ငါသည်ဗာလမ်၏လျှောက်ဆိုချက် ကိုလက်မခံသဖြင့် သူသည်သင်တို့ကိုကောင်း ချီးပေးလေသည်။ ဤနည်းအားဖြင့်ငါသည် သင်တို့အားဗာလက်၏လက်မှကယ်တင်ခဲ့ သည်။-