ထာဝရဘုရားကသူ့အား ``သင်၏အမျိုး အနွယ်တို့သည် သူတစ်ပါး၏နိုင်ငံ၌သူစိမ်း တစ်ရံဆံအဖြစ်နေထိုင်ရကြမည်။ ထိုအရပ် တွင်သူတို့သည်နှစ်ပေါင်းလေးရာကျွန်အဖြစ် ဖြင့်နှိပ်စက်ညှင်းဆဲခြင်းကိုခံရကြမည်။-
တောလည် 20:15 - Common Language Bible အကျွန်ုပ်တို့၏ဘိုးဘေးများသည်အီဂျစ် ပြည်သို့သွားရောက်၍ နှစ်ပေါင်းများစွာနေ ထိုင်ခဲ့ရာအီဂျစ်အမျိုးသားတို့သည်ဘိုး ဘေးများနှင့်အကျွန်ုပ်တို့ကိုညှင်းဆဲနှိပ်စက် ခဲ့ပါ၏။- Judson Bible အကျွန်ုပ်တို့ဘိုးဘေးသည် အဲဂုတ္တုပြည်သို့သွား၍ အကျွန်ုပ်တို့သည် အဲဂုတ္တုပြည်မှာ ကာလကြာမြင့်စွာနေသဖြင့်၊ အဲဂုတ္တုလူတို့သည် အကျွန်ုပ်တို့နှင့် ဘိုးဘေးများကိုညှဉ်းဆဲကြောင်း၊ မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့၏ဘိုးဘေးတို့သည် အီဂျစ်ပြည်သို့ရောက်သွားပြီး အကျွန်ုပ်တို့သည် အီဂျစ်ပြည်၌ ကာလကြာမြင့်စွာနေထိုင်ကြပါ၏။ အီဂျစ်လူမျိုးတို့သည် အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏ဘိုးဘေးတို့အား ဆိုးညစ်သောအမှုပြုကြပါ၏။ |
ထာဝရဘုရားကသူ့အား ``သင်၏အမျိုး အနွယ်တို့သည် သူတစ်ပါး၏နိုင်ငံ၌သူစိမ်း တစ်ရံဆံအဖြစ်နေထိုင်ရကြမည်။ ထိုအရပ် တွင်သူတို့သည်နှစ်ပေါင်းလေးရာကျွန်အဖြစ် ဖြင့်နှိပ်စက်ညှင်းဆဲခြင်းကိုခံရကြမည်။-
သူတို့သည်ခါနာန်ပြည်တွင်စုဆောင်းရရှိခဲ့ သောပစ္စည်းများနှင့် သိုးဆိတ်စသောတိရစ္ဆာန် များကိုယူဆောင်လျက်အီဂျစ်ပြည်သို့လာ ခဲ့ကြ၏။ ယာကုပ်သည်သားသမီး၊ မြေး၊ မြစ် များမှစသောသူ၏မိသားစုအားလုံးတို့ ကိုအီဂျစ်ပြည်သို့ခေါ်ဆောင်ခဲ့လေ၏။
သီတင်းတစ်ပတ်မျှကြာသောအခါကလေး ငယ်သည်သေဆုံးသွားသဖြင့် ဒါဝိဒ်၏မှူး မတ်တို့သည်ထိုသတင်းကိုသူ့အားမပြော ဝံ့ကြ။ သူတို့က``ကလေးငယ်အသက်ရှင် လျက်ရှိစဉ်အခါ၌မင်းကြီးသည် ငါတို့ လျှောက်ထားချက်များကိုပြန်၍ပင်ဖြေ ကြားတော်မမူပါ။ သို့ဖြစ်၍ကလေးငယ် သေကြောင်းကိုသူ့အားငါတို့အဘယ်သို့ လျှောက်ထားနိုင်ပါမည်နည်း။ သူသည်မိမိ ကိုယ်ကိုအန္တရာယ်ပြုကောင်းပြုလိမ့်မည်''ဟု ဆိုကြ၏။
``ဟေဗြဲအမျိုးသမီးတို့ကိုသားဖွားပေးရသည့်အခါ ယောကျာ်းကလေးဖြစ်လျှင်သတ်ပစ်လော့။ မိန်းကလေးဖြစ်လျှင်အသက်ချမ်းသာခွင့်ပေးလော့။'' ဟုအမိန့်ပေးလေ၏။-
သို့ဖြစ်၍ဖာရောဘုရင်သည်``ဟေဗြဲအမျိုးသမီးတို့မှဖွားမြင်သော သားယောကျာ်းမှန်သမျှတို့ကိုနိုင်းမြစ်ထဲသို့ပစ်ချရမည်။ သမီးမိန်းကလေးများကိုမူအသက်ချမ်းသာပေးရမည်'' ဟုမိမိ၏ပြည်သူပြည်သားတို့အားအမိန့်ပေးလေ၏။
ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်တွင် နှစ်ပေါင်းလေးရာသုံးဆယ်နေထိုင် ခဲ့ကြ၏။-
အီဂျစ်အမျိုးသားအုပ်ချုပ်သူတို့က ဣသ ရေလအမျိုးသားအလုပ်ကြပ်တို့ကိုရိုက် နှက်လျက်``ယနေ့သင်တို့သည်အဘယ်ကြောင့် ယခင်အုတ်အရေအတွက်နှုန်းကိုမီအောင် မထုတ်နိုင်သနည်း'' ဟုမေးကြ၏။
ငါတို့သည်အီဂျစ်ပြည်တွင် ငါးကိုအဖိုး အခမပေးရဘဲလိုသလောက်စားရ၏။ သခွားသီး၊ ဖရဲသီး၊ ကြက်သွန်မြိတ်၊ ကြက် သွန်နီ၊ ကြက်သွန်ဖြူတို့ကိုလည်းစားရ၏။-
သူတို့က``သင်သည်ငါတို့ကိုတောကန္တာရ၌ သေကုန်စေခြင်းငှာ အစာရေစာပေါကြွယ်ဝ သောအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့ပြီမဟုတ် လော။ ယခုသင်သည်ငါတို့အပေါ်တွင်မင်း မူလိုပါသလော။-
မောရှေသည်ကာဒေရှအရပ်မှဧဒုံဘုရင်ထံ သို့ သံတမန်များကိုစေလွှတ်လိုက်၏။ သံတမန် တို့ကဧဒုံဘုရင်အား``ကိုယ်တော်၏ဆွေမျိုး သားချင်းဖြစ်သောဣသရေလအမျိုးသား တို့ထံမှ သတင်းပါးလိုက်ပါသည်။ အကျွန်ုပ် တို့ဆင်းရဲဒုက္ခမည်မျှခံခဲ့ရကြောင်း ကိုယ်တော်သိပါ၏။-
အကျွန်ုပ်တို့သည်ထာဝရဘုရားထံအကူ အညီတောင်းခံလျှောက်ထားသောအခါ ကိုယ် တော်သည်နားညောင်းတော်မူ၍ကောင်းကင် တမန်ကိုစေလွှတ်လျက် ကျွန်ုပ်တို့အားအီဂျစ် ပြည်မှထုတ်ဆောင်တော်မူခဲ့၏။ ယခုအကျွန်ုပ် တို့သည်ကိုယ်တော်၏နယ်စပ်တွင်တည်ရှိ သောကာဒေရှမြို့သို့ရောက်ရှိနေပါသည်။-
ထို့ကြောင့်ယာကုပ်သည်အီဂျစ်ပြည်သို့လိုက် လာခဲ့၏။ ထိုပြည်တွင်သူနှင့်သူ၏သားများ သေလွန်ကြ၏။-
ထိုဘုရင်သည်ငါတို့ဘိုးဘေးတို့ကိုလှည့် စား၍ သူတို့အားနှိပ်စက်ညှဉ်းဆဲ၏။ သူတို့ ၏ကလေးသူငယ်များအားသေစေရန်အိမ် ပြင်တွင်ပစ်ထားစေ၏။-
အီဂျစ်အမျိုးသားတို့သည် အကျွန်ုပ်တို့ ကိုညှင်းဆဲနှိပ်စက်၍ကျွန်အဖြစ်စေ ခိုင်းပါသည်။-