ယာကုပ်သည်ထိုအရပ်တွင်နေထိုင်စဉ်ရုဗင် သည် ဖခင်၏မယားငယ်ဗိလဟာနှင့်ဖောက် ပြန်မှားယွင်းလေ၏။ ယာကုပ်သည်ထိုအကြောင်း ကိုကြားသိလေသည်။ ယာကုပ်တွင်သားတစ်ဆယ့်နှစ်ယောက်ရှိ၏။-
တောလည် 2:3 - Common Language Bible အရှေ့ဘက်မျက်နှာတွင် ယုဒတပ်နှင့်ဆိုင်သောအလံအနီးတွင် အောက်ဖော်ပြပါအတိုင်းအစုလိုက်မိမိတို့၏ခေါင်းဆောင်များနှင့်စခန်းချရမည်။ အနွယ် ခေါင်းဆောင် ဦးရေ ယုဒ အမိနဒပ်၏သားနာရှုန် ၇၄၆၀၀ ဣသခါ ဇုအာ၏သားနာသနေလ ၅၄၄၀၀ ဇာဗုလုန် ဟေလုန်၏သားဧလျာဘ ၅၇၄၀၀ စုစုပေါင်း ၁၈၆၄၀၀ ယုဒတပ်သည်ရှေ့ဆုံးမှချီတက်ရမည်။ Garrad Bible နေ ထွက် ရာ အ ရှေ့ မျက် နှာ၌ တပ် စဉ် အ တိုင်း ချ ရပ် ရ သော ယု ဒ တပ် ပိုင်း၊ ယု ဒ အ နွယ် သား စာ ရင်း ဝင် သူ ခု နစ် သောင်း လေး ထောင့် ခြောက် ရာ တပ် ပေါ် တွင် အ မိ န ဒပ် သား နာ ရှုန် ဗိုလ် လုပ် ရ မည်။ Judson Bible နေထွက်ရာအရှေ့မျက်နှာ၌၊ ယုဒတပ်အလံနှင့် ဆိုင်သောအလုံးအရင်းသည် နေရာကျ၍ အမိနဒပ်သားနာရှုန်သည် ယုဒအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း ယုဒတပ်စခန်း၏အလံနားရှိ ယုဒတပ်ဖွဲ့သည် အရှေ့ဘက် နေထွက်ရာအရပ်၌ စခန်းချရမည်။ အမိနဒပ်၏သား နာရှုန်သည် ယုဒအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။ |
ယာကုပ်သည်ထိုအရပ်တွင်နေထိုင်စဉ်ရုဗင် သည် ဖခင်၏မယားငယ်ဗိလဟာနှင့်ဖောက် ပြန်မှားယွင်းလေ၏။ ယာကုပ်သည်ထိုအကြောင်း ကိုကြားသိလေသည်။ ယာကုပ်တွင်သားတစ်ဆယ့်နှစ်ယောက်ရှိ၏။-
လေအာမှဖွားမြင်သောသားများမှာရုဗင် (ယာကုပ်၏သားဦး) ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါနှင့်ဇာဗုလုန်တို့ဖြစ်သည်။
အာရံမှယေရှဲတိုင်အောင်ဆွေစဉ်မျိုးဆက်ကား အာရံ၊ အမိနဒပ်၊ (ယုဒအနွယ်တွင်ထင်ပေါ် ကျော်ကြားသူ) နာရှုန်၊
ယုဒအနွယ်သည်ခွန်အားအကြီးမားဆုံး ဖြစ်လာ၍ အနွယ်စုအပေါင်းတို့အတွက် မင်းပေါ်ထွန်းခဲ့၏။)-
အာရုန်သည်အမိနဒပ်၏သမီး၊ နာရှုန်၏ နှမဧလိရှဘနှင့်စုံဖက်၍ဧလိရှဘသည် သားနာဒပ်၊ အဘိဟု၊ ဧလဇာ၊ ဣသမာတို့ ကိုဖွားမြင်၏။-
သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရသောသူဟူမူကား၊ အနွယ် သားချင်းစုအကြီးအကဲ ရုဗင် ရှေဒုရ၏သားဧလိဇုရ ရှိမောင် ဇုရိရှဒ္ဒဲ၏သားရှေလုမျေလ ယုဒ အမိနဒပ်၏သားနာရှုန် ဣသခါ ဇုအာ၏သားနာသနေလ ဇာဗုလုန် ဟေလုန်၏သားဧလျာဘ ဧဖရိမ် အမိဟုဒ်၏သားဧလိရှမာ မနာရှေ ပေဒါဇုရ၏သားဂါမလျေလ ဗင်္ယာမိန် ဂိဒေါနိ၏သားအဘိဒန် ဒန် အမိရှဒ္ဒဲ၏သားအဟေဇာ အာရှာ သြကရန်၏သားပါဂျေလ ဂဒ် ဒွေလ၏သားဧလျာသပ် နဿလိ ဧနန်၏သားအဟိရ
တံပိုးခရာမှအသံပြတ်တောင်းမှုတ်လျှင် အရှေ့ဘက်တွင်စခန်းချသောဣသရေလ အနွယ်တို့ခရီးစထွက်ရကြမည်။-
မောရှေ၊ အာရုန်နှင့်သူ၏သားတို့သည်တဲ တော်အရှေ့ဘက်မျက်နှာတွင်စခန်းချရ မည်။ သူတို့သည်ဣသရေလအမျိုးသား တို့အတွက်သန့်ရှင်းရာဌာနတော်တွင် ကိုးကွယ်ဝတ်ပြုမှုဆိုင်ရာကိစ္စအဝဝတို့ ကိုဆောင်ရွက်ရသည်။ မဆိုင်သူကဝင်ရောက် ဆောင်ရွက်လျှင်ထိုသူအားသေဒဏ်စီရင် ရမည်။-
သို့ဖြစ်၍သူတို့သည် မိမိတို့၏ပူဇော် သကာများကို အောက်တွင်ဖော်ပြပါ အစီအစဉ်အတိုင်းဆက်သကြ၏။ ရက် အနွယ် ခေါင်းဆောင် ပထမရက် ယုဒ အမိနဒပ်၏သားနာရှုန် ဒုတိယရက် ဣသခါ ဇုအာ၏သားနာသနေလ တတိယရက် ဇာဗုလုန် ဟေလုန်၏သားဧလျာဘ စတုတ္ထရက် ရုဗင် ရှေဒုရ၏သားဧလိဇုရ ပဉ္စမရက် ရှိမောင် ဇုရိရှဒ္ဒဲ၏သားရှေလုမျေလ ဆဋ္ဌမရက် ဂဒ် ဒွေလ၏သားဧလျာသပ် သတ္တမရက် ဧဖရိမ် အမိဟုဒ်၏သားဧလိရှမာ အဋ္ဌမရက် မနာရှေ ပေဒါဇုရ၏သား ဂါမလျေလ နဝမရက် ဗင်္ယာမိန် ဂိဒေါနိ၏သားအဘိဒန် ဒသမရက် ဒန် အမိရှဒ္ဒဲ၏သားအဟေဇာ ဧကဒသမရက် အာရှာ သြကရန်၏သားပါဂျေလ ဒွါဒသမရက် နဿလိ ဧနန်၏သားအဟိရ သူတို့တစ်ဦးစီဆက်သသောပူဇော်သကာ များသည် ထပ်တူထပ်မျှဖြစ်၏။ ယင်းတို့မှာ တရားဝင်ချင်တွယ်နည်းအရအောင်စငါး ဆယ်အလေးချိန်ရှိ ငွေဖလားတစ်လုံးနှင့် အောင်စသုံးဆယ်အလေးချိန်ရှိငွေအင်တုံ တစ်လုံး (ယင်းငွေခွက်နှစ်ခုစလုံးတွင် ဘောဇဉ် သကာအတွက်ဆီနှင့်ရောသောမုန့်ညက်အပြည့် ပါရှိသည်။) နံ့သာပေါင်းအပြည့်ရှိသော အလေးချိန်လေးအောင်စရှိရွှေလင်ပန်း တစ်ချပ်၊ မီးရှို့ရာယဇ်အတွက်နွားထီးပေါက် တစ်ကောင်၊ သိုးထီးတစ်ကောင်နှင့်တစ်နှစ်သား သိုးကလေးတစ်ကောင်၊ အပြစ်ဖြေရာယဇ် အတွက်ဆိတ်တစ်ကောင်၊ မိတ်သဟာယယဇ် အတွက်နွားထီးနှစ်ကောင်၊ သိုးထီးငါး ကောင်၊ ဆိတ်ငါးကောင်နှင့်တစ်နှစ်သားသိုး ကလေးငါးကောင်စသည်တို့ဖြစ်သည်။
အာရံ၏သားသည်အမိနဒပ်၊ အမိနဒပ်၏သား မှာနာရှုန်၊ နာရှုန်၏သားကားစာလမုန်ဖြစ်၏။-