အပြစ်ဖြေရာယဇ်ကောင်များဖြစ်သည့်နွား နှင့်ဆိတ်သွေးကို အလွန်သန့်ရှင်းရာဌာန တော်ထဲသို့ယူဆောင်ပြီးနောက် ယဇ်ကောင် များ၏အသား၊ သားရေ၊ ဝမ်းတွင်းသားရှိ သမျှကိုစခန်းအပြင်သို့ထုတ်ဆောင်၍ မီးရှို့ပစ်ရမည်။-
တောလည် 19:3 - Common Language Bible ယဇ်ပုရောဟိတ်ဧလာဇာထံသို့ယူဆောင်ခဲ့ ရသည်။ နွားကိုစခန်းအပြင်သို့ထုတ်၍ ယဇ်ပုရောဟိတ်၏ရှေ့မှောက်တွင်သတ်ရမည်။- Garrad Bible ပ ရော ဟိတ် ဧ လာ ဇာ့ ထံ သင် တို့ အပ် လွှဲ ကြ သော် ပ ရော ဟိတ် ဧ လာ ဇာ သည် တပ် စ ခန်း ပြင် သို့ ထုတ် လျက် ကိုယ့် မျက် မှောက် တွင် စီ ရင် စေ ပြီး နောက်၊ Judson Bible ယဇ်ပုရောဟိတ်ဧလာဇာ၌အပ်၍ တပ်ပြင်သို့ဆောင်သွားပြီးမှ၊ သူ့ရှေ့၌ အခြားသူသတ်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုနွားမတမ်းကို ယဇ်ပုရောဟိတ်ဧလာဇာအား ပေးရမည်။ သူသည် ထိုနွားမတမ်းကို တပ်စခန်းအပြင်ဘက်သို့ ထုတ်သွား၍ သူ့ရှေ့၌ သတ်စေရမည်။ |
အပြစ်ဖြေရာယဇ်ကောင်များဖြစ်သည့်နွား နှင့်ဆိတ်သွေးကို အလွန်သန့်ရှင်းရာဌာန တော်ထဲသို့ယူဆောင်ပြီးနောက် ယဇ်ကောင် များ၏အသား၊ သားရေ၊ ဝမ်းတွင်းသားရှိ သမျှကိုစခန်းအပြင်သို့ထုတ်ဆောင်၍ မီးရှို့ပစ်ရမည်။-
``ထိုသူကိုစခန်းအပြင်သို့ထုတ်လော့။ သူ ကျိန်ဆဲခြင်းကိုကြားရသူတိုင်းသည်သူ၏ ဦးခေါင်းပေါ်သို့လက်ကိုတင်၍ဟုတ်မှန်ကြောင်း သက်သေခံရမည်။ ထို့နောက်ဣသရေလ အမျိုးသားအပေါင်းတို့ကသူ့အားခဲဖြင့် ပစ်သတ်ရမည်။-
နွားအရေခွံ၊ အသားရှိသမျှ၊ ဦးခေါင်း၊ ခြေ ထောက်များ၊ ဝမ်းတွင်းသားနှင့်တကွအူတို့ ကိုမူကား၊-
တပ်စခန်းအပြင်သို့ယူဆောင်၍ပြာသွန်ရာ သန့်ရှင်းသောနေရာတွင်ထင်းမီးပုံ၌မီးရှို့ ရမည်။
ထိုနောက်သူသည်မိမိ၏အပြစ်အတွက် ပူဇော်သောနွားကိုတပ်စခန်းအပြင်တွင် မီးရှို့သည့်နည်းတူ ဤနွားကိုလည်းစခန်း အပြင်တွင်မီးရှို့ရမည်။ ထိုယဇ်ပူဇော်နည်း သည်တစ်မျိုးလုံး၏အပြစ်ပြေစေရန်အတွက် ဖြစ်သတည်း။
သို့ဖြစ်၍ဣသရေလအမျိုးသားအပေါင်း တို့သည် ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းထိုသူကိုစခန်းအပြင်သို့ထုတ် ပြီးလျှင် ကျောက်ခဲနှင့်ပစ်သတ်ကြလေသည်။
ထိုနောက်ဘာသာရေးထုံးနည်းအရသန့်စင် သူတစ်ဦးက နွားမ၏ပြာကိုစုသိမ်း၍ စခန်းအပြင်ဘက်ရှိဘာသာရေးထုံးနည်း အရ သန့်သောနေရာတွင်ထားရမည်။ ဣသ ရေလအမျိုးသားတို့သည်ဘာသာရေး ထုံးနည်းအရ မသန့်စင်မှုကိုသန့်စင်စေမည့် ရေကိုဖော်စပ်ရာ၌ထိုပြာကိုအသုံးပြု ရမည်။ ဤဝတ်သည်အပြစ်ကင်းစေရန်ပြု သောဝတ်ဖြစ်သည်။-
သို့ရာတွင်နာဒပ်နှင့်အဘိဟုတို့သည်သိနာ တောကန္တာရတွင်ထာဝရဘုရားအားမပူဇော် အပ်သောမီးဖြင့်ပူဇော်သောကြောင့်သေဆုံးခဲ့ ကြ၏။ သူတို့တွင်သားသမီးများမကျန်ရစ် ခဲ့ချေ။ ဧလာဇာနှင့်ဣသမာတို့သည်အာရုန် ၏လက်အောက်တွင်ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ကြရသည်။
``ဣသရေလအမျိုးသားတို့တွင် ကိုယ်ရေ ပြားရောဂါစွဲသောသူသို့မဟုတ်ရိနာစွဲ သောသူ၊ လူသေကောင်နှင့်ထိမိသဖြင့်မသန့် စင်သောသူတို့ကို စခန်းအပြင်သို့နှင်ထုတ် ရန်ဆင့်ဆိုလော့။-