အမြင့်ဆုံးသောထာဝရဘုရား၏ယဇ်ပုရော ဟိတ်ဖြစ်၍ ရှာလင်ဘုရင်လည်းဖြစ်သောမေလခိ ဇေဒက်သည် အာဗြံထံသို့မုန့်နှင့်စပျစ်ရည်ကို ယူခဲ့ပြီးလျှင်၊-
တောလည် 18:28 - Common Language Bible ဤနည်းအားဖြင့်သင်တို့သည်ဣသရေလ အမျိုးသားတို့ထံမှ ရရှိသောဆယ်ဖို့တစ်ဖို့ အလှူရှိသမျှကို ငါ့အားအထူးအလှူ အဖြစ်ဆက်သရမည်။ သင်တို့သည်ငါ့အား ဆက်သသော ဤအထူးအလှူကိုယဇ်ပု ရောဟိတ်အာရုန်အားပေးအပ်ရမည်။- Garrad Bible ထို သို့ သင် တို့ လည်း ဣ သ ရေ လ အ မျိုး သား တို့ မှ ခံ ယူ ကြ သော ဆယ် ဖို့ တစ် ဖို့ အ နက် ငါ ထာ ဝ ရ ဘု ရား ထံ အ လှူ အ ဖြစ် မြှောက် ဆက် လှူ ဒါန်း သော ဝ တ္ထု ကို ပ ရော ဟိတ် အာ ရုန် အား လွှဲ အပ် ကြ ရ မည်။ Judson Bible ထိုသို့သင်တို့သည် ဣသရေလအမျိုးသားတို့မှခံယူသော ဆယ်ဖို့တစ်ဖို့ထဲက၊ ထာဝရဘုရားအား ပူဇော်သကာပြုရကြမည်။ ထိုပူဇော်သကာကိုလည်း၊ ယဇ်ပုရောဟိတ်အာရုန်အား လှူရကြမည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ အစ္စရေးအမျိုးသားတို့ထံမှ သင်တို့ခံယူရရှိသောဆယ်ဖို့တစ်ဖို့အားလုံးထဲမှ အလှူပစ္စည်းကို ထာဝရဘုရားအား ပေးလှူပူဇော်ရမည်။ ထိုဆယ်ဖို့တစ်ဖို့ထဲမှ ထာဝရဘုရားအား ပေးလှူပူဇော်သော အလှူပစ္စည်းကို ယဇ်ပုရောဟိတ်အာရုန်အား သင်တို့ပေးရမည်။ |
အမြင့်ဆုံးသောထာဝရဘုရား၏ယဇ်ပုရော ဟိတ်ဖြစ်၍ ရှာလင်ဘုရင်လည်းဖြစ်သောမေလခိ ဇေဒက်သည် အာဗြံထံသို့မုန့်နှင့်စပျစ်ရည်ကို ယူခဲ့ပြီးလျှင်၊-
ထိုအထူးအလှူကိုလယ်သမား၊ ခြံသမား ဆက်သသောကောက်သစ်၊ စပျစ်ရည်သစ် အလှူကဲ့သို့ငါမှတ်ယူမည်။-
ထာဝရဘုရားအားဆက်သရန်အထူးလှူဖွယ် အဖြစ် ထိုဝေစုကိုယဇ်ပုရောဟိတ်ဧလာဇာ အားပေးအပ်ရမည်။-
ယဇ်ပုရောဟိတ်မေလခိဇေဒက်၏အရိုက် အရာကိုဆက်ခံသူယဇ်ပုရောဟိတ်မင်း အဖြစ် ဆက်ခံသူသခင်ယေရှုသည်ထို ဌာနတော်သို့ငါတို့အတွက်ဝင်တော်မူပြီ။