ထိုအစားအစာများသည်သင်နှင့်ဆိုင်၏။ သင့်အိမ်ထောင်၌ဘာသာရေးထုံးနည်းအရ သန့်စင်သူတိုင်းထိုအစားအစာကိုစား နိုင်သည်။
တစ် ပြည် လုံး တွင် ငါ ထာ ဝ ရ ဘု ရား ထံ ဆက် သွင်း သော အ ဦး မှည့် အ သီး အ နှံ များ သည် သင့် ပိုင် ရာ ဖြစ် သ ဖြင့် အိမ် ထောင်၌ သန့် သူ တိုင်း စား ခွင့် ရှိ ၏။
ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့သမျှ အဦးမှည့်သောသစ်သီးကိုလည်း သင်ဆိုင်ရမည်။ သင့်အိမ်၌ သန့်ရှင်းသောသူအပေါင်းတို့သည် စားရသောအခွင့်ရှိ၏။
ထာဝရဘုရားထံ ယူဆောင်လာသော သူတို့ပြည်ထွက်အဦးဆုံးသီးနှံအားလုံးသည်လည်း သင့်အဖို့ဖြစ်၏။ သင့်အိမ်ရှိ စင်ကြယ်သောသူတိုင်း စားခွင့်ရှိ၏။
အခြားအခါတစ်ပါး၌လည်းလူတစ်ယောက်သည် ထိုနှစ်ပေါ်မုယောကောက်ဦးနှင့်လုပ်သောမုန့်အလုံး နှစ်ဆယ်ကိုဧလိရှဲအတွက် ဗာလရှလိရှမြို့မှ ယူဆောင်လာ၏။ ဧလိရှဲသည်ပရောဖက်တို့ကို ထိုအစားအစာဖြင့်ဧည့်ခံရန်မိမိ၏အစေခံ အားပြော၏။-
အမိန့်တော်ကိုကြားလျှင်ကြားချင်းဣသရေလ ပြည်သူတို့သည်စပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ ပျားရည်နှင့်အခြားလယ်ယာထွက်သီးနှံ လက်ဦးလက်ဖျားများ ကိုလည်းကောင်း၊ ရှိသမျှသောဥစ္စာများ၏ ဆယ်ပုံတစ်ပုံကိုလည်းကောင်းယူဆောင်လာ ကြလေသည်။-
``သင်တို့၏အဦးဆုံးရိတ်သိမ်းသောအသီး အနှံ၊ အဦးဆုံးညှစ်သောစပျစ်ရည်ကိုငါ့ အားဆက်ကပ်ရမည်။ ``သင်တို့၏သားဦးများကိုငါ့အားဆက်ကပ် ရမည်။-
``နှစ်စဉ်သင်တို့၏လယ်များမှ အစဦးဆုံးရိတ် သိမ်းရသောသီးနှံများကို သင်၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်သို့ယူဆောင်လှူဒါန်း ရမည်။ ``သိုးငယ်သို့မဟုတ်ဆိတ်ငယ်ကို အမိနို့ရည်နှင့်မချက်မပြုတ်ရ။
``နှစ်စဉ်သင်တို့၏လယ်မြေမှအဦးသီး သောအသီးအနှံကို၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားအိမ်တော်သို့ယူ ဆောင်ဆက်သရကြမည်။ ``သိုးငယ်၊ ဆိတ်ငယ်၏အသားကို အမိနို့ရည် ၌မချက်ပြုတ်ရ'' ဟုမိန့်တော်မူ၏။
ပထမတောင်းတွင်စောစောမှည့်သည့်သင်္ဘော သဖန်းသီးများရှိ၏။ အခြားတောင်းတွင် မူကားစား၍မရနိုင်၊ ပုပ်နေသောသင်္ဘော သဖန်းသီးများရှိလေသည်။-
ယဇ်ပုရောဟိတ်တို့သည်ကောက်ဦးစပါး အကောင်းဆုံးနှင့်ငါ့အားဆက်သသည့်အခြား ပူဇော်သကာရှိသမျှကိုခံယူရရှိကြလိမ့် မည်။ လူတို့သည်မုန့်များကိုဖုတ်သည့်အခါ တိုင်းယဇ်ပုရောဟိတ်တို့အားအဦးဆုံးဖုတ် သည့်မုန့်ကိုပူဇော်သကာအဖြစ်ပေးလှူရကြ မည်။ ထိုအခါငါ၏ကောင်းချီးမင်္ဂလာသည် သူတို့၏အိမ်များအပေါ်သို့သက်ရောက် လိမ့်မည်။-
ထာဝရဘုရားက``ဣသရေလကိုငါဦး စွာတွေ့ရစဉ်က တောကန္တာရ၌ပေါက်သော စပျစ်ပင်များကိုတွေ့ရသကဲ့သို့ဖြစ်၏။ သင်တို့၏ဘိုးဘေးများကိုငါဦးစွာတွေ့ ရစဉ်ကပေါ်ဦးပေါ်ဖျားမှည့်သောသဖန်း သီးများကိုတွေ့ရသကဲ့သို့ဖြစ်၏။ သို့ ရာတွင်သူတို့သည်ပေဂုရတောင်သို့ရောက် ရှိသောအခါ ဗာလဘုရားကိုကိုးကွယ် ကြသဖြင့်၊ သူတို့ကြည်ညိုသောဘုရား များကဲ့သို့စက်ဆုတ်ရွံရှာဖွယ်ဖြစ်လာ ကြ၏။-
နေဝင်ပြီးလျှင်သူသည်သန့်စင်လာသဖြင့် သူ၏စားစရာဖြစ်သောပူဇော်သကာ ကိုစားနိုင်သည်။-
မိသားစုတိုင်းကမုန့်နှစ်လုံးကိုယူခဲ့၍ ထာဝရဘုရားအားအထူးပူဇော်သကာ အဖြစ်ဆက်သရမည်။ ယင်းသို့ဆက်သရာ၌ မုန့်တစ်လုံးစီကို တဆေးရောသောမုန့်ညက် လေးပေါင်ဖြင့်ဖုတ်ပြီးလျှင် အဦးဆုံးရ သောကောက်နှံပူဇော်သကာအဖြစ်ထာဝရ ဘုရားအားပူဇော်ရမည်။-
မျှော်လင့်ချက်ကုန်ပြီ၊ ငါသည်ဆာလောင် သဖြင့် အပင်မှအသီးကိုသော်လည်းကောင်း၊ စပျစ်နွယ်မှစပျစ်သီးကိုသော်လည်းကောင်း ရှာသော်လည်း တစ်လုံးကိုမျှမတွေ့ရသော သူကဲ့သို့ဖြစ်၏။ စပျစ်သီးရှိသမျှနှင့်စား ချင်ဖွယ်ကောင်းသောသဖန်းသီးရှိသမျှ ကိုဆွတ်ခူးသွားကြပြီ။-
စပါး၊ စပျစ်ရည်၊ သံလွင်ဆီနှင့်သိုးမွေးတို့ မှအဦးအဖျားဝေစုကိုလည်းပေးရမည်။-
သင်တို့သည်လက်ဦးလက်ဖျားအသီးအနှံ အမျိုးမျိုးကိုတောင်းထဲ၌ထည့်ပြီးလျှင် တစ်ခုတည်းသောကိုးကွယ်ရာဌာနသို့ယူ ဆောင်သွားရမည်။-