ဝတ်ပြု 23:17 - Common Language Bible17 မိသားစုတိုင်းကမုန့်နှစ်လုံးကိုယူခဲ့၍ ထာဝရဘုရားအားအထူးပူဇော်သကာ အဖြစ်ဆက်သရမည်။ ယင်းသို့ဆက်သရာ၌ မုန့်တစ်လုံးစီကို တဆေးရောသောမုန့်ညက် လေးပေါင်ဖြင့်ဖုတ်ပြီးလျှင် အဦးဆုံးရ သောကောက်နှံပူဇော်သကာအဖြစ်ထာဝရ ဘုရားအားပူဇော်ရမည်။- အခန်းကိုကြည့်ပါ။Judson Bible17 ထာဝရဘုရားအဖို့ အဦးသီးသောအသီး၊ တဆေးဖြင့်ဖောင်းကြွသော မုန့်ညက်နှစ်ဩမဲနှင့်လုပ်သော ချီလွှဲရာမုန့်နှစ်လုံးကို သင်တို့အိမ်မှထုတ်ဆောင်ခဲ့၍၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 သင်တို့နေအိမ်မှ မုန့်နှစ်လုံးကို ချီလွှဲရာပူဇော်သက္ကာအဖြစ် ယူဆောင်လာရမည်။ ထိုမုန့်တို့သည် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံကို တဆေးဖြင့်ဖုတ်ထားသောမုန့်ဖြစ်ရမည်။ ဤသည်ကား ထာဝရဘုရားအဖို့ အဦးဆုံးသီးနှံအလှူဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သင်တို့အသိုင်းအဝိုင်းသည်အထက်ပါပူဇော် သကာနှင့်အတူ အနာအဆာကင်းသောတစ် နှစ်သားသိုးကလေးခုနစ်ကောင်၊ နွားထီးတစ် ကောင်နှင့်ဆိတ်နှစ်ကောင်တို့ကိုပူဇော်ရမည်။ ထိုယဇ်ကောင်များကိုမီးရှို့ရာယဇ်အဖြစ် ပူဇော်သည့်အခါ ဘောဇဉ်ပူဇော်သကာ၊ စပျစ် ရည်ပူဇော်သကာတို့ကိုလည်းပူဇော်ရမည်။ ထိုပူဇော်သကာ၏ရနံ့ကိုထာဝရဘုရား နှစ်သက်တော်မူ၏။-
ငါတို့နှစ်စဉ်အဦးအဖျားရိတ်သိမ်းရရှိ သည့်ဂျုံဆန်ဖြင့်ပြုလုပ်ထားသောမုန့်ညက်၊ အခြားပူဇော်သကာများဖြစ်သောစပျစ် ရည်၊ သံလွင်ဆီနှင့်သစ်သီးအမျိုးမျိုးတို့ ကိုဗိမာန်တော်ရှိယဇ်ပုရောဟိတ်များထံ သို့ယူဆောင်ခဲ့ပါမည်။ လယ်လုပ်သည့်ရွာများတွင်ဆယ်ဖို့တစ်ဖို့ အလှူကိုကောက်ခံကြသူလေဝိအနွယ် ဝင်တို့ထံသို့ ငါတို့သည်မိမိတို့လယ်ယာ ထွက်အသီးအနှံဆယ်ပုံတစ်ပုံကိုယူ ဆောင်ခဲ့ပါမည်။-