ရန်သူတို့သည်ငါ့ကိုဖမ်းရန်ကျော့ကွင်းထောင်ကြ၏။ ငါသည်ပြင်းစွာစိတ်ဒုက္ခရောက်လျက်ရှိပါ၏။ သူတို့သည်ငါသွားရာလမ်းတွင်တွင်းကို တူးထားကြပါ၏။ သို့ရာတွင်ထိုတွင်းထဲသို့သူတို့ပင်လျှင် ကျကြ၏။
တောလည် 14:21 - Common Language Bible ငါသည်အသက်ရှင်၍ငါ၏ဘုန်းအသရေ တော်သည် တစ်ကမ္ဘာလုံးတွင်ပျံ့နှံ့လျက်ရှိ သည်အတိုင်း၊- Garrad Bible သို့ သော် လည်း အိ ဂျစ် ပြည် နှင့် သဲ တော တွင် ငါ စီ ရင် ခဲ့ သော သက် သေ လ က္ခ ဏာ များ နှင့် ငါ့ ဘုန်း တော် ကို မြင် လျက် ပင် ဗျာ ဒိတ် သံ ကို နား မ ထောင် ဘဲ ဆယ် ကြိမ် မြောက် ငါ့ ကို စုံ စမ်း၍ မ ထီ လေး စား ပြု သော သူ တို့ သည် ပေး မည် ဟူ ၍ ဘိုး ဘေး တို့ အား ငါ သစ္စာ ဆို ခဲ့ သော ပြည် ကို မြင် ခွင့် မ ရှိ ရ ဟု ငါ အ သက် တည် သည် ကို လည်း ကောင်း၊ မြေ တစ် ပြင် လုံး နှံ့ ငါ ထာ ဝ ရ ဘု ရား ဘုန်း တော် ပြည့် လျှံ အံ့ သည် ကို လည်း ကောင်း တိုင် တည် လျက် ငါ ဆို ၏။ Judson Bible ငါအသက်ရှင်သည်ဖြစ်၍၊ ထာဝရဘုရား၏ဘုန်းတော်သည် မြေတစ်ပြင်လုံး၌ နှံ့ပြားလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် အမှန်ပင်အသက်ရှင်သည်ဖြစ်၍ ကမ္ဘာမြေတစ်ခွင်လုံးသည် ထာဝရဘုရား၏ဘုန်းအသရေနှင့်ပြည့်လိမ့်မည်။ |
ရန်သူတို့သည်ငါ့ကိုဖမ်းရန်ကျော့ကွင်းထောင်ကြ၏။ ငါသည်ပြင်းစွာစိတ်ဒုက္ခရောက်လျက်ရှိပါ၏။ သူတို့သည်ငါသွားရာလမ်းတွင်တွင်းကို တူးထားကြပါ၏။ သို့ရာတွင်ထိုတွင်းထဲသို့သူတို့ပင်လျှင် ကျကြ၏။
ဘုန်းကြီးသောနာမတော်ကိုအစဉ်အမြဲ ထောမနာပြုကြလော့။ ကမ္ဘာမြေကြီးတစ်ပြင်လုံး၌ဘုန်းတော်နှင့် ပြည့်ပါစေသော။ အာမင်။ အာမင်။
သို့ရာတွင်ကမ္ဘာသူကမ္ဘာသားတို့သည် ငါ ၏ဘုန်းတန်ခိုးကိုတွေ့မြင်ကြစေရန် ငါ သည်သင်တို့ကိုအသက်ချမ်းသာခွင့်ပေး ခဲ့၏။-
သင်၏ပတ်ဝန်းကျင်တွင်အဘယ်သို့ဖြစ်ပျက် လျက် ရှိသည်ကိုလှည့်၍ကြည့်ပါလော့။ သင်၏အမျိုးသားတို့သည်စုရုံးလျက် မိမိတို့ပြည်သို့ပြန်လာနေကြ၏။ ငါသည်အသက်ရှင်တော်မူသည့်ဘုရား ဖြစ်တော်မူသည်နှင့်အညီ၊ သင်သည်ကျောက်မျက်ရတနာများကို ဝတ်ဆင်ထားသည့် မင်္ဂလာဆောင်သတို့သမီးကဲ့သို့မိမိ၏ အမျိုးသားများအတွက်ဂုဏ်ယူဝါကြွား ရလိမ့်မည်။
သူတို့သည် ``အနန္တတန်ခိုးရှင်ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်တော်မူ၏။ သန့်ရှင်းမြင့်မြတ်တော်မူ၏။ သန့်ရှင်းမြင့်မြတ်တော်မူ၏။ ကမ္ဘာမြေကြီးသည်ကိုယ်တော်၏ဘုန်းအသရေတော်ဖြင့်ပြည့်လျက်ရှိပါ၏။'' ဟုအချင်းချင်းကြွေးကြော်၍နေကြ၏။
ထာဝရဘုရားသည် ယောယကိမ်၏သားယုဒ ဘုရင်ယေခေါနိအား``အကယ်၍သင်သည်ငါ ၏လက်ယာလက်တွင်ရှိသောတံဆိပ်လက်စွပ်ပင် ဖြစ်စေကာမူ ငါသည်အသက်ရှင်တော်မူသော ဘုရားဖြစ်သည်နှင့်အညီသင့်ကိုဆွဲချ၍၊-
``ငါသည်အသက်ရှင်တော်မူသောဘုရား ဖြစ်သည်နှင့်အညီ ဣသရေလနိုင်ငံတွင် ဤစကားပုံကိုနောက်တစ်ဖန်သုံးစွဲရ တော့မည်မဟုတ်။-
အီဂျစ်ပြည်တောကန္တာရတွင်သင်တို့၏ ဘိုးဘေးများကိုငါအပြစ်ဒဏ်စီရင်ခဲ့ သည့်နည်းတူ ယခုသင်တို့ကိုလည်းအပြစ် ဒဏ်စီရင်မည်'' ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ငါအရှင်ထာဝရဘုရားသည်အသက်ရှင် တော်မူသောဘုရားဖြစ်တော်မူသည်နှင့် အညီ ငါမိန့်တော်မူသည်ကားအပြစ်ကူး လွန်သူတစ်စုံတစ်ယောက်သေသည်ကိုမ မြင်လို ထိုသူအပြစ်ကူးလွန်မှုကိုရပ်စဲ ၍အသက်ရှင်သည်ကိုသာလျှင်တွေ့မြင် လိုသည်။ အချင်းဣသရေလအမျိုးသား တို့၊ သင်တို့ပြုလျက်ရှိသည့်အပြစ်ဒု စရိုက်ကိုရပ်စဲကြလော့။ ရပ်စဲသောသင် တို့သည်အဘယ်ကြောင့်သေချင်ကြ သနည်း။
``ပျက်စီးယိုယွင်းလျက်ရှိသောမြို့များတွင် နေထိုင်ကြသူတို့သည်သတ်ဖြတ်ခြင်းခံရ ကြလိမ့်မည်ဖြစ်ကြောင်း၊ ငါအရှင်ထာဝရ ဘုရားသည်အသက်ရှင်တော်မူသောဘုရား အမှန်ပင်ဖြစ်သည့်အတိုင်းသူတို့အားသတိ ပေးလိုက်ကြောင်းပြောကြားလော့။ ကျေးလက် တို့တွင်နေထိုင်သူများသည်တောတိရစ္ဆာန် တို့၏အစာဖြစ်ရကြလိမ့်မည်။ တောင်များ၊ လိုဏ်ဂူများတွင်ပုန်းအောင်းနေကြသူတို့ သည်ရောဂါကြောင့်သေရကြလိမ့်မည်။-
အရှင်ထာဝရဘုရားမိန့်တော်မူသည် မှာ``သင်တို့သည်ဆိုးညစ်စက်ဆုပ်ဖွယ်သော အမှုအပေါင်းကိုပြုလျက် ဗိမာန်တော်ကို ညစ်ညမ်းစေသဖြင့် ငါသည်အသက်ရှင် တော်မူသောဘုရားဖြစ်သည်နှင့်အညီ သင်တို့အားသနားညှာတာမှုမရှိဘဲ သုတ်သင်ပစ်မည်။-
ပင်လယ်တို့သည်ရေနှင့်ပြည့်လျက်နေသကဲ့% သို့ ကမ္ဘာမြေကြီးသည်လည်း ဘုရားသခင်၏% ဘုန်းအသရေတော်ကိုသိကျွမ်းမှုဖြင့်ပြည့်% လျက်နေလိမ့်မည်။
ငါသည်ဧကန်အမှန်ဣသရေလအမျိုး သားတို့၏အသက်ရှင်တော်မူသောဘုရား ဖြစ်တော်မူသည်အတိုင်း မောဘပြည်နှင့် အမ္မုန်ပြည်သည်သောဒုံနှင့်ဂေါမောရမြို့ တို့ကဲ့သို့သုတ်သင်ဖျက်ဆီးခြင်းခံရလိမ့် မည်ဖြစ်ကြောင်းကျိန်ဆိုဖော်ပြပါ၏။ ထို ပြည်တို့သည်ဆားမြေတူးရာအရပ်ဖြစ် လျက် ထာဝရယိုယွင်းပျက်စီးကာပေါင်း ပင်များနှင့်ဖုံးလွှမ်း၍နေလိမ့်မည်။ ငါ၏ လူမျိုးတော်အနက်မှအသက်မသေဘဲ ကျန်ရှိနေသူတို့သည် ထိုသူတို့ကိုတိုက် ခိုက်လုယက်ကာသူတို့၏ပြည်ကိုသိမ်း ယူကြလိမ့်မည်။
ယခုသူတို့အားဤသို့ပြန်ပြောလော့။ `ငါ ထာဝရဘုရားသည်ငါ့ကိုယ်ကိုတိုင်တည်၍ သင်တို့တောင်းဆိုသည့်အတိုင်းငါပြုမည်။-
နိုင်ငံတော်တည်ပါစေသော။ အလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့၊ မြေကြီးပေါ်၌လည်းပြည့်စုံပါစေသော။
ငါသည်နိစ္စထာဝရအသက်ရှင်တော်မူ သည့်အတိုင်း ငါသည်ကောင်းကင်သို့လက်ကိုမြှောက်၍ ကျိန်ဆို၏။