သူတို့သည်မိမိတို့၏တဲများတွင်နေ၍ ညည်းညူကြ၏။ ထာဝရဘုရား၏စကားတော်ကိုနားမ ထောင်ကြ။
တောလည် 14:1 - Common Language Bible ထိုအခါလူအပေါင်းတို့သည်တစ်ညလုံး ငိုကြွေးမြည်တမ်းကြလေသည်။- Garrad Bible ထို အ ခါ ဣ သ ရေ လ အ မျိုး သား လူ ပ ရိ သတ် ဥဿုံ သည် တစ် ညဉ့် လုံး အော် ဟစ် မြည် တမ်း ငို ကြွေး လျက်၊ Judson Bible ထိုအခါ ပရိသတ်အပေါင်းတို့သည် အသံကိုလွှင့်၍ မြည်တမ်းသဖြင့်၊ တစ်ညလုံးငိုကြွေးကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ လူထုအပေါင်းတို့သည် ကျယ်လောင်စွာအော်ဟစ်ကြ၏။ ထိုည၌လည်း လူတို့သည် ငိုကြွေးကြ၏။ |
သူတို့သည်မိမိတို့၏တဲများတွင်နေ၍ ညည်းညူကြ၏။ ထာဝရဘုရား၏စကားတော်ကိုနားမ ထောင်ကြ။
ဤအဖြစ်အပျက်အပေါင်းနှင့်တွေ့ကြုံရသော်လည်း လူတို့သည်အပြစ်ကူးမြဲကူးလျက်နေကြ၏။ ကိုယ်တော်သည်ထူးဆန်းသော နိမိတ်လက္ခဏာများကိုပြတော်မူသော်လည်း သူတို့သည်ကိုယ်တော်ကိုမကိုးစားကြ။
အီဂျစ်ဘုရင်သည်ဣသရေလအမျိုးသား တို့အားထွက်ခွင့်ပြုသောအခါ ထာဝရ ဘုရားသည်ဖိလိတ္တိမြို့သို့သွားသောပင် လယ်ကမ်းခြေဖြတ်လမ်းဖြင့် သူတို့ကိုပို့ ဆောင်တော်မမူ။ သူတို့သည်စစ်ပွဲတိုက်ရမည် ကိုသိမြင်လျှင်စိတ်ပြောင်း၍ အီဂျစ်ပြည် သို့ပြန်သွားကြမည်ဖြစ်ကြောင်းဘုရားသခင်သိတော်မူ၏။-
ဣသရေလအမျိုးသားတို့သည် ထိုသို့မိန့် တော်မူသည်ကိုကြားသိရသောအခါ၊ ဝမ်း နည်းပူဆွေးလျက်လက်ဝတ်တန်ဆာများ ကိုမဝတ်ဆင်ကြတော့ချေ။-
အလွန်ထွားကျိုင်းသောအာနကလူမျိုး၏ အဆက်အနွယ်များကိုလည်း ငါတို့တွေ့မြင် ခဲ့ရသည်။ ငါတို့အမြင်အားဖြင့်ငါတို့သည် သူတို့ရှေ့တွင်နှံကောင်များသဖွယ်သေးငယ် ပါ၏။ သူတို့သည်ငါတို့ကိုနှံကောင်များ သဖွယ်မြင်ပါမည်'' ဟုဆိုကြလေသည်။
သူတို့သည်မောရှေနှင့်အာရုန်တို့အား``ငါတို့ သည်အီဂျစ်ပြည်၌ဖြစ်စေ၊ ဤတောကန္တာရ ၌ပင်ဖြစ်စေသေရခြင်းကသာ၍ကောင်း ပါသေးသည်။-
``သို့ရာတွင်သင်တို့သည်သင်တို့ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကိုဖီဆန်လျက် ထိုပြည်ထဲသို့မဝင်ဘဲနေကြ၏။-
ထိုအခါသင်တို့သည် ထာဝရဘုရားကူမတော် မူရန်ငိုကြွေးတောင်းပန်ကြ၏။ သို့ရာတွင်ကိုယ် တော်သည် သင်တို့၏တောင်းပန်သံကိုနားညောင်း တော်မမူ၊ ဂရုလည်းပြုတော်မမူ၊-
ထာဝရဘုရားပေးတော်မူသောပြည်ကို သွားရောက်သိမ်းယူရန် သင်တို့အားကာဒေရှ ဗာနာအရပ်မှစေလွှတ်သောအခါ သင်တို့ သည်ပုန်ကန်ကြ၏။ ကိုယ်တော်ကိုမယုံ၊ အမိန့်တော်ကိုနာမခံကြ။-
အကျွန်ုပ်နှင့်အတူသွားရောက်ခဲ့သူတို့မှာ မူကား လူတို့ကြောက်ရွံ့ထိတ်လန့်စေရန်ပြန် ကြားအစီရင်ခံခဲ့ကြပါသည်။ သို့ရာတွင် အကျွန်ုပ်သည်အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကိုတစ် သဝေမတိမ်းလိုက်လျှောက်သဖြင့်၊-