တစ်နေ့သ၌ယာကုပ်သည်ပဲဟင်းကိုချက်နေ စဉ် ဧသောသည်အမဲလိုက်ရာမှပြန်ရောက် လာ၏။ သူသည်ဆာလောင်သဖြင့်၊-
တောလည် 11:8 - Common Language Bible ညအခါနှင်းနှင့်အတူစခန်းထဲသို့ကျ၏။ နံနက်အချိန်တွင်လူတို့သည်မန္နမုန့်ကိုလှည့် လည်စုသိမ်းပြီးလျှင်ကြိတ်၍ဖြစ်စေ၊ ထောင်း ၍ဖြစ်စေမုန့်ညက်ပြုလုပ်ကြ၏။ ထိုနောက် မုန့်ညက်ကိုပေါင်း၍မုန့်ပြားပြုလုပ်ကြ၏။ အရသာသည်သံလွင်ဆီနှင့်ဖုတ်သောမုန့် အရသာနှင့်တူ၏။) Garrad Bible လှည့် လည် ကောက် ယူ ကြ ပြီး လျှင် ကြိတ် ခြင်း၊ ထောင်း ခြင်း ကို ပြု လျက် ချက် ပြုတ် ပေါင်း လုပ် ကြ သော် ဆီ ကြော် မုန့် အ ရ သာ နှင့် တူ ၏။ Judson Bible လူများတို့သည်လှည့်လည်လျက် မန္နကိုစုသိမ်း၍ ဆုံ၌ကြိတ်ခြင်း၊ ထောင်းခြင်းကိုပြုပြီးမှ အိုးနှင့်ပြုတ်ကြ၏။ မုန့်ပြားကိုလည်း လုပ်ကြ၏။ အရသာသည် မုန့်ဆီကြော်အရသာနှင့်တူ၏။ မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် မန္နမုန့်ကို လှည့်လည်ကောက်ယူကြပြီး ကြိတ်ဆုံနှင့် ကြိတ်ကြ၏၊ သို့မဟုတ် ဆုံနှင့် ထောင်းကြ၏။ ပြီးမှ အိုးထဲ ထည့်ပြုတ်ပြီး မုန့်ပြားလုပ်ကြ၏။ အရသာသည် ဆီကြော်မုန့်အရသာနှင့်တူ၏။ |
တစ်နေ့သ၌ယာကုပ်သည်ပဲဟင်းကိုချက်နေ စဉ် ဧသောသည်အမဲလိုက်ရာမှပြန်ရောက် လာ၏။ သူသည်ဆာလောင်သဖြင့်၊-
မောရှေက``နက်ဖြန်နေ့သည်သင်တို့အလုပ် မှရပ်နားရာနေ့၊ ထာဝရဘုရားအတွက် ဆက်ကပ်သောဥပုသ်နေ့ဖြစ်သည်။ ယနေ့ တွင်မုန့်ဖုတ်စရာရှိသည်ကိုဖုတ်လော့။ ချက် ပြုတ်စရာရှိသည်ကိုချက်ပြုတ်လော့။ ယနေ့ စားပြီးနောက်ကျန်ရှိသမျှကိုနက်ဖြန်နေ့ အတွက်ချန်ထားလော့။ ဤသို့ပြုလုပ်ရန် ထာဝရဘုရားအမိန့်တော်ရှိသည်'' ဟု ဆိုလေ၏။-
ဣသရေလအမျိုးသားတို့က ထိုစားစရာ ကိုမန္နမုန့်ဟူ၍နာမည်မှည့်ခေါ်ကြ၏။ ထို မုန့်သည်နံနံစေ့နှင့်တူ၏။ အရောင်ဖြူ၍ ပျားရည်နှင့်လုပ်သောမုန့်ချပ်ကဲ့သို့အရ သာရှိ၏။-
ပုပ်ပျက်တတ်သောအစာအာဟာရအတွက် မကြိုးပမ်းကြနှင့်။ ထာဝရအသက်ကိုရရှိ စေသောမပုပ်ပျက်နိုင်သောအစာအာဟာရ အတွက်ကြိုးပမ်းကြလော့။ ဘုရားသခင်သည် လူသားအားတန်ခိုးအာဏာကိုအပ်နှင်းတော် မူသည်ဖြစ်၍ လူသားသည်ထိုအစာအာဟာရ ကိုသင်တို့အားပေးတော်မူလိမ့်မည်'' ဟုမိန့် တော်မူ၏။
ကျမ်းစာတော်တွင် `ကိုယ်တော်သည်ထိုသူတို့စား ရန်ကောင်းကင်မှမုန့်ကိုချပေးတော်မူ၏' ဟု ပါရှိသည်အတိုင်း အကျွန်ုပ်တို့၏ဘိုးဘေး များသည်တောကန္တာရတွင်မန္နမုန့်ကိုစားကြ ရပါ၏'' ဟုလျှောက်ကြ၏။