တိတု 3:9 - Common Language Bible သို့ရာတွင်အကျိုးမဲ့ငြင်းခုံခြင်း၊ ရှည်လျား သောဆွေစဉ်မျိုးဆက်စာရင်းများပြုလုပ်ခြင်း၊ ရန်ဖြစ်ခြင်း၊ ပညတ်တရားနှင့်ပတ်သက်၍ အငြင်းပွားခြင်းတို့ကိုရှောင်ကြဉ်လော့။ ထိုသို့ ပြုမူခြင်းများသည်မည်သို့မျှအသုံးမဝင်၊ အကျိုးလည်းမရှိ။- Garrad Bible မိုက် မဲ သော စော ဒ နာ ချက် များ၊ ဆွေ စဉ် စာ ရင်း များ၊ ခိုက် ရန် ဖြစ် ခြင်း များ၊ ပ ညတ် တ ရား အ ကြောင်း ငြင်း ခုန် ခြင်း များ ကို ကား အ ကျိုး မဲ့ အ သုံး မဲ့ ဖြစ် သော ကြောင့် ကြဉ် ရှောင် လော့။ Judson Bible မိုက်မဲသော ပုစ္ဆာအမေးတို့ကိုလည်းကောင်း၊ ဆွေစဉ်မျိုးဆက် စာရင်းတို့ကိုလည်းကောင်း၊ ပညတ်တရားကြောင့် ရန်တွေ့ခြင်း၊ တိုက်လှန်ခြင်းတို့ကိုလည်းကောင်း ရှောင်လော့။ အကြောင်းမူကား၊ ထိုအရာတို့သည် အကျိုးမရှိ၊ အချည်းနှီး သက်သက်ဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် မိုက်မဲသောအငြင်းပွားမှုများ၊ ဆွေစဉ်မျိုးဆက်စာရင်းများ၊ ပဋိပက္ခဖြစ်ခြင်းနှင့် ပညတ်တရားကြောင့် ခိုက်ရန်ဖြစ်ခြင်းတို့ကို ရှောင်ကြဉ်လော့။ အကြောင်းမူကား ထိုအရာတို့သည် အကျိုးမဲ့၍ အချည်းနှီးဖြစ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း မိုက်မဲသောငြင်းခုံခြင်း၊ ဆွေစဉ်မျိုးဆက်စာရင်းများကို ဆွေးနွေးရာတွင် အချိန်ပေးခြင်း၊ ပညတ်တရားနှင့်ပတ်သက်၍ စကားများခိုက်ရန်ဖြစ်ခြင်းတို့ကို ရှောင်လော့။ အဘယ်ကြောင့်ဆိုသော် ထိုအရာများသည် အကျိုးမရှိ။ အသုံးလည်းမဝင်သောကြောင့် ဖြစ်၏။ |
ငါသည်ဗျာဒိတ်တော်အားဖြင့်ဟောပြောနိုင် သော်လည်းကောင်း၊ နက်နဲသောအရာရှိသမျှ နှင့်အတတ်ပညာရှိသမျှတို့ကိုနားလည် တတ်ကျွမ်းသော်လည်းကောင်း၊ တောင်များကို ရွှေ့ပြောင်းနိုင်သည့်ယုံကြည်ခြင်းရှိသော် လည်းကောင်းမေတ္တာမရှိလျှင်အချည်းနှီး ပင်ဖြစ်၏။-
သင်တို့ရေးသားမေးမြန်းသည့်ရုပ်တုများ ကိုပူဇော်ရာအစားအစာကိစ္စနှင့်ပတ်သက် ၍ ငါဖြေပေးပါမည်။ ငါတို့အားလုံးပင် အသိပညာရှိသူများဖြစ်သည်ဟုဆို သည့်စကားမှာမှန်ပေ၏။ သို့ရာတွင်အသိ ပညာသည်လူတို့ကိုမာန်မာနထောင် လွှားစေတတ်၏။ မေတ္တာမူကားဆောက်တည် မှုကိုပြုတတ်၏။-
တရားမဲ့ဖြစ်၍ပြောကြားရန်ပင်မသင့်လျော် သည့်ဒဏ္ဍာရီများကိုရှောင်လော့။ ဘုရားဝတ်၌ မွေ့လျော်တတ်ရန်မိမိကိုယ်ကိုလေ့ကျင့်ပေး လော့။-
ဤအကြောင်းအရာများကိုသင်၏လူစု အားသတိပေးလော့။ စကားအသုံးအနှုန်း နှင့်ပတ်သက်၍ငြင်းခုံမှုသည်မည်သည့် အကျိုးကိုမျှမပြုစုတတ်။ ကြားရသူတို့ ၏အကျိုးကိုသာယုတ်စေတတ်၏။-
ဘုရားကိုမကြည်ညိုသောအချည်းနှီး စကားကိုရှောင်လော့။ ထိုကဲ့သို့သောစကား သည် လူတို့အားဘုရားနှင့်ပို၍ပင်ဝေး ကွာစေ၏။-
သို့ရာတွင်မိုက်မဲ၍အသိပညာကင်းမဲ့သော ငြင်းခုံမှုများကိုရှောင်လော့။ ယင်းတို့သည်ခိုက် ရန်ဖြစ်ပွားမှုကိုပြုစုပေးတတ်ကြောင်းသင် သိ၏။-
သင်တို့တွင်အဘယ်ကြောင့်ခိုက်ရန်ဒေါသဖြစ် မှု၊ အငြင်းပွားမှုတို့ဖြစ်ပေါ်လာသနည်း။ သင် တို့၏ကာယလိုအင်ဆန္ဒများထကြွနေသော ကြောင့်မဟုတ်လော။-