သြနန်ကမရီးနှင့်ရမည့်ကလေးသည်အစ်ကို ၏မျိုးဆက်သာဖြစ်ကြောင်းသိမြင်သဖြင့် အစ် ကိုအတွက်သားမထွန်းကားစေခြင်းငှာသူနှင့် ဆက်ဆံသည့်အခါတိုင်းသုက်ရည်ကိုအပြင် ၌သာစွန့်လေ၏။-
တိတု 3:3 - Common Language Bible အခါတစ်ပါးကငါတို့ကိုယ်တိုင်ပင်လျှင် မိုက်မဲ၍ မနာခံဘဲလမ်းမှားလျက်နေခဲ့ ကြ၏။ ရမ္မက်ဆန္ဒနှင့်အမျိုးမျိုးသောအပျော် အပါးလိုက်စားမှုများ၏ကျွန်ဖြစ်ခဲ့ကြ၏။ ငါတို့၌အမြဲပင်မနာလိုသောသဘော၊ ငြူ စူသောသဘောရှိခဲ့ကြ၏။ သူတစ်ပါးတို့ သည်ငါတို့ကိုမုန်းကြ၏။ ငါတို့ကလည်း သူတို့ကိုမုန်းကြ၏။- Garrad Bible ငါ တို့ လည်း အ ထက် က မိုက် မဲ သူ၊ မ လိုက် နာ သူ၊ လှည့် စား ခံ ရ သူ၊ တပ် မက် ခြင်း၊ ပျော် မွေ့ ခြင်း၊ အ မျိုး မျိုး အောက် ကျွန် ခံ သူ၊ ယုတ် မာ ခြင်း၊ ငြူ စူ ခြင်း၌ ကျင် လည် သူ၊ ရွံ့ ရှာ ဖွယ် သူ၊ အ ချင်း ချင်း မုန်း ထား သူ များ ဖြစ် ကြ ရာ၊ Judson Bible အကြောင်းမူကား၊ အထက်က ငါတို့သည် ပညာမဲ့သောသူ၊ နားမထောင်သောသူ၊ မှားယွင်းသောသူ၊ အထူးထူးအပြားပြားသော တပ်မက်ခြင်း၊ ကာမဂုဏ်ခံစားခြင်း အမှုတို့ကို ဆောင်ရွက်သောသူ၊ မနာလိုခြင်း၊ ငြူစူခြင်း၌ ကျင်လည်သောသူ၊ စက်ဆုပ်ရွံရှာဖွယ်သောသူ၊ အချင်းချင်းမုန်းသောသူ ဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား တစ်ချိန်က ငါတို့သည်လည်း မိုက်မဲသောသူ၊ နာခံခြင်းမရှိသောသူ၊ လမ်းလွဲသောသူများဖြစ်ကြပြီး အမျိုးမျိုးသော တပ်မက်ခြင်းနှင့်ကာမဂုဏ်ခံစားခြင်းတို့၌ကျွန်ခံ၍ မကောင်းမှုနှင့်မလိုမုန်းထားခြင်းတို့၌ကျင်လည်ကြကာ မုန်းတီးခြင်းခံရလျက် အချင်းချင်းကိုလည်းမုန်းတီးလျက်နေကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်ချိန်က ကျွန်ုပ်တို့သည်လည်း မိုက်မဲသူ၊ မနာခံသူ၊ လမ်းလွဲသူ၊ အမျိုးမျိုးသော တပ်မက်ခြင်းနှင့် အပျော်အပါးလိုက်စားခြင်းတို့၌ ကျွန်ခံသူ၊ ဆိုးညစ်သောစိတ်နှင့် မနာလိုသောစိတ်တို့ဖြင့် နေထိုင်သူ၊ သူတစ်ပါး မုန်းတီးခြင်းကို ခံရသူ၊ အချင်းချင်းမုန်းတီးသူတို့ ဖြစ်ခဲ့ကြ၏။ |
သြနန်ကမရီးနှင့်ရမည့်ကလေးသည်အစ်ကို ၏မျိုးဆက်သာဖြစ်ကြောင်းသိမြင်သဖြင့် အစ် ကိုအတွက်သားမထွန်းကားစေခြင်းငှာသူနှင့် ဆက်ဆံသည့်အခါတိုင်းသုက်ရည်ကိုအပြင် ၌သာစွန့်လေ၏။-
ပေါတိဖာအိမ်သို့ပြန်ရောက်သည့်တိုင်အောင် သူ သည်ယောသပ်၏ဝတ်ရုံကိုသိမ်းထားပြီးလျှင်၊-
မိမိကိုယ်ကိုအထင်ကြီးလှသဖြင့် သူသည်မိမိ၏အပြစ်ကိုထာဝရဘုရား တွေ့ရှိတော်မူလိမ့်မည်မဟုတ်၊ မိမိအားအပြစ်ဒဏ်လည်းခတ်တော်မူလိမ့်မည် မဟုတ်ဟုထင်မှတ်တတ်၏။
ဥာဏ်တိမ်သောသူတို့၊ ပညာတရားကို နား လည်ကြလော့။ လူမိုက်တို့၊ ထိုးထွင်းသော ဥာဏ်ရှိကြ လော့။
သူပြုသောအမှုသည်မီးဖိုပြာကိုစားသ ကဲ့သို့ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့ပေ၏။ မိမိ ၏မိုက်မှားသောအတွေးအခေါ်များက သူ့ကိုလမ်းလွဲ၍နေစေ၏။ သို့ဖြစ်၍သူ့ အားကူညီပြုစုပေးရန်ပင်မဖြစ်နိုင် တော့ပေ။ သူသည်မိမိလက်တွင်ကိုင်ထား သည့်ရုပ်တုမှာဘုရားလုံးဝမဟုတ် ကြောင်းကိုမသိ။
သင်၏မာန်မာနသည်သင့်ကိုလှည့်စား ထားလေပြီ။ သင်၏မြို့တော်သည်ကျောက်တုံးကျောက်ခဲ ဖြင့် ပြီးသောခံတပ်မြို့ဖြစ်၍၊ သင်၏တည်နေရာသည်မြင့်မားသော တောင်ပေါ်တွင်ဖြစ်သဖြင့်၊ `ငါ့အားအဘယ်သူဆွဲချနိုင်ပါနည်း' ဟု သင်သည်တစ်ကိုယ်တည်းပြောဆိုနေတတ်၏။
သားကြီးက `အကျွန်ုပ်မသွားလိုပါ' ဟုဆို သော်လည်းနောက်မှစိတ်ပြောင်းလဲသဖြင့် ဥယျာဉ်သို့သွားလေ၏။-
ကိုယ်တော်က ``သင်တို့သည်လှည့်စားခြင်းမခံရ ကြစေရန်သတိပြုကြလော့။ လူအများပင် ငါ၏အယောင်ဆောင်လျက်`ငါသည်မေရှိယဖြစ် သည်' ဟုဆို၍လည်းကောင်း၊ `ချိန်းချက်သတ်မှတ် တော်မူရာအချိန်ရောက်ပြီ' ဟုဆို၍လည်းကောင်း လူတို့ကိုလှည့်စားကြလိမ့်မည်။ ထိုသူတို့၏ နောက်သို့မလိုက်ကြနှင့်။-
သခင်ယေရှုက ``အမှန်အကန်သင်တို့အား ငါဆိုသည်ကား အပြစ်ကူးသူတိုင်းသည် အပြစ်၏ကျွန်ဖြစ်၏။-
လူမျိုးခြားဖြစ်သူသင်တို့သည်အခါတစ်ပါး ကဘုရားသခင်၏စကားတော်ကိုမနာခံခဲ့ ကြ။ သို့သော်လည်းယခုအခါကရုဏာတော် ကိုသင်တို့ခံစားခွင့်ရရှိကြသည်မှာ ယုဒ အမျိုးသားတို့သည်ကိုယ်တော်၏စကား တော်ကိုမနာခံခဲ့ကြသောကြောင့်ဖြစ်၏။-
ထို့ကြောင့်သင်တို့သည် မိမိတို့ကိုယ်ခန္ဓာ၏ အလိုဆန္ဒသို့မလိုက်စေရန်အပြစ်တရား က သင်တို့၏သေတတ်သောကိုယ်ခန္ဓာကိုအစိုး မရစေနှင့်။-
သင်တို့သည်အခါတစ်ပါးကအပြစ်တရား ၏ကျွန်ဖြစ်ခဲ့ဖူးသော်လည်းယခုအခါ၌ မိမိ တို့ခံယူယုံကြည်သည့်ဘာသာတရားတော်ကို အကြွင်းမဲ့လိုက်နာကျင့်သုံးကြသည့်အတွက် ငါသည်ဘုရားသခင်၏ကျေးဇူးတော်ကိုချီး မွမ်း၏။-
သို့သော်သင်တို့သည်ယခုအခါအပြစ် တရား၏လက်မှလွတ်မြောက်ပြီးလျှင် ဘုရား သခင်၏ကျွန်များဖြစ်လာကြပေပြီ။ သင် တို့ရရှိသည့်အကျိုးကားကိုယ်တော်၏အတွက် မိမိတို့ကိုယ်ကိုအကြွင်းမဲ့ဆက်ကပ်ခြင်း ဖြစ်သည်။ အဆုံး၌ထာဝရအသက်ကိုရရှိ ခြင်းပင်ဖြစ်သည်။-
ငါတို့၏ဇာတိစိတ်ဟောင်းကိုခရစ်တော်နှင့် အတူ လက်ဝါးကပ်တိုင်တွင်အသေသတ်ခြင်း ခံစေခဲ့၏။ ဤသို့အသေသတ်ခြင်းခံစေရ ခြင်းမှာအပြစ်နှင့်ပြည့်ဝသည့်ဇာတိစိတ် ကိုဖျက်ဆီးခြင်းအားဖြင့် ငါတို့သည်အပြစ် ၏ကျွန်ဘဝမှလွတ်မြောက်ကြစေရန်ပင် ဖြစ်ကြောင်းငါတို့သိကြ၏။-
သင်တို့ထံရောက်သောအခါငါတွေ့မြင် လိုသည့်အခြေအနေမျိုးတွင်သင်တို့ အားမတွေ့ရမည်ကိုလည်းကောင်း၊ သင် တို့သည်လည်းမိမိတို့မြင်လိုသည့်အခြေ အနေတွင်ငါတို့အားမတွေ့ရကြမည် ကိုလည်းကောင်းစိုးရိမ်မိ၏။ ခိုက်ရန်ဖြစ် ခြင်း၊ မနာလိုခြင်း၊ အမျက်ထွက်ခြင်း၊ ဂုဏ် ပြိုင်ခြင်း၊ စော်ကားပြောဆိုခြင်း၊ တီးတိုး ဂုံးချောခြင်း၊ မောက်မာထောင်လွှားခြင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းတို့ကိုငါ တွေ့ရမည်ကိုစိုးရိမ်မိ၏။-
အရေးပါအရာရောက်သူမဖြစ်ဘဲ မိမိကိုယ် ကိုအရေးပါအရာရောက်သူဟုထင်မှတ်သော သူသည် မိမိကိုယ်ကိုလှည့်စား၏။-
အခါတစ်ပါးကသင်တို့သည်ဘုရားသခင် နှင့်ဝေးကွာလျက်နေခဲ့ကြ၏။ သင်တို့သည် မိမိတို့၏ဆိုးညစ်သည့်အကျင့်အကြံများ ကြောင့်ကိုယ်တော်နှင့်ရန်ဘက်ဖြစ်ခဲ့ကြပေသည်။-
အခါတစ်ပါးကသင်တို့ကိုယ်တိုင်လည်းထို အပြစ်ဒုစရိုက်များကိုကူးလွန်လျက် အသက်ရှင်နေထိုင်ခဲ့ကြ၏။
ဆိုးညစ်သူများ၊ အယောင်ဆောင်လှည့်စားသူ များသည်ဆိုးယုတ်သည်ထက်ပိုမိုယုတ်စွာပြု ကျင့်လာကြလိမ့်မည်။ သူတို့သည်သူတစ်ပါး တို့အားလှည့်စား၍မိမိတို့ကိုယ်တိုင်လည်း အလှည့်စားခံရလိမ့်မည်။-
သူတို့အနက်အချို့တို့သည်အိမ်များသို့ဝင်၍ အသိအလိမ္မာနည်းသည့်အမျိုးသမီးတို့ကို မိမိတို့လက်တွင်းသို့ရောက်အောင်ပြုလုပ်တတ် ကြ၏။ ထိုအမျိုးသမီးများသည်မိမိတို့ပြု မိခဲ့သည့်အပြစ်များဖြင့်ဝန်လေး၍ အမျိုး မျိုးသောအာသာရမ္မက်များ၏ဆွဲဆောင်မှု ကိုခံလျက်၊-
သူတို့သည်ဘုရားသခင်ကိုသိသည်ဟုဝန်ခံ သော်လည်းသူတို့အကျင့်ကမထောက်ခံ။ သူ တို့သည်မုန်းဖွယ်ကောင်းသူ၊ နားမထောင်သူ၊ ကောင်းမြတ်သည့်အမှုတစ်စုံတစ်ခုကိုမျှ ပြုရန်မသင့်တော်သူများဖြစ်ကြ၏။
ငါတို့သည်မိမိတို့၏ကြီးမြတ်သည့်ဘုရား သခင်တည်းဟူသော ကယ်တင်ရှင်ယေရှုခရစ် ၏ဘုန်းအသရေတော်ထင်ရှားပေါ်ထွန်းမည့် မင်္ဂလာနေ့မြတ်ကိုစောင့်မျှော်ကာ ဘုရားမဲ့ တရားမဲ့ပြုကျင့်ခြင်းနှင့်လောကရမ္မက်ဆန္ဒ တို့ကိုစွန့်ပစ်ကြရန်လည်းကောင်း၊ ဣန္ဒြေစောင့် စည်းခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းဘုရား ဝတ်၌မွေ့လျော်ခြင်းတို့ဖြင့်ဤလောက၌ အသက်ရှင်ကြစေရန်လည်းကောင်း ထို ကျေးဇူးတော်ကငါတို့အားဆုံးမ သွန်သင်လျက်ရှိ၏။-
လူတစ်စုံတစ်ယောက်သည်မိမိကိုယ်ကို ဘုရားတရားကြည်ညိုသူဟူ၍ယူဆ သော်လည်း မိမိ၏လျှာကိုမထိန်းနိုင်လျှင် ကိုယ့်ကိုယ်ကိုလှည့်စားသူဖြစ်၏။ သူ၏ဘုရား တရားကြည်ညိုမှုသည်လည်းအချည်းနှီး ပင်ဖြစ်၏။-
ဘုရားသခင်၏စကားကိုနားထောင်၍မသိ နားမလည်စဉ်အခါက မိမိတို့၏စိတ်ဆန္ဒ ရှိသည့်အလျောက်ပြုကျင့်သကဲ့သို့ဆက် လက်မပြုကျင့်ကြနှင့်။-
ကမ္ဘာသူကမ္ဘာသားတို့အားလှည့်ဖြားသူနတ် မိစ္ဆာဘုရင်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍ လည်းကောင်းခေါ်ဝေါ်ခြင်းခံရသူရှေးမြွေ နဂါးကြီးသည် မိမိ၏ဘက်သားကောင်းကင် တမန်များနှင့်အတူကမ္ဘာမြေပေါ်သို့ပစ်ချ ခြင်းကိုခံရလေသည်။
သူသည်ပထမသားရဲ၏ရှေ့၌ပြပိုင်ခွင့် ရှိသည့်နိမိတ်လက္ခဏာများကိုပြ၍ ကမ္ဘာ သူကမ္ဘာသားတို့အားမှောက်မှားလမ်းလွဲစေ လေသည်။ ဋ္ဌားဒဏ်ရာကိုရရှိသော်လည်း မသေဘဲရှင်နေသူထိုသားရဲအား ရိုသေ ဂုဏ်ပြုသည့်အနေဖြင့်သူ၏ရုပ်တုကိုပြု လုပ်ရန်ကမ္ဘာသူကမ္ဘာသားတို့အားစေခိုင်း ၏။-
သူသည်အသံကျယ်စွာဖြင့်``ဗာဗုလုန်မြို့ကြီး သည်ပျက်သုဉ်းလေပြီ။ ဗာဗုလုန်မြို့ကြီးပျက် သုဉ်းလေပြီ။ ယခုထိုမြို့သည်နတ်မိစ္ဆာများ နှင့်ညစ်ညမ်းသောနတ်တို့နေထိုင်ရာ၊ စက်ဆုပ် ဖွယ်ကောင်းသည့်ငှက်ဆိုးတို့မှီခိုရာအရပ် ဖြစ်လေပြီ။-