သူသည်သုံးရက်တိုင်တိုင်မျက်စိအလင်း ကွယ်လျက်နေ၏။ ထိုသုံးရက်အတွင်းမစား မသောက်ဘဲနေ၏။
သုံး ရက် တိုင် တိုင် စ က္ခု အ လင်း ကွယ်၍ မ စား မ သောက် ဘဲ ရှိ နေ လေ၏။
သုံးရက်ပတ်လုံး မျက်စိမမြင်၊ မစားမသောက်ဘဲ နေလေ၏။
သူသည် သုံးရက်တိုင်တိုင် မျက်စိကွယ်လျက် မစားမသောက်ဘဲနေလေ၏။
သူသည် သုံးရက်တိုင်တိုင် မျက်စိကွယ်ပြီး မစားမသောက်ဘဲနေလေ၏။
``ရှုရှန်မြို့တွင်ရှိသမျှသောယုဒအမျိုး သားတို့ကိုစုရုံးပြီးလျှင် ကျွန်မအတွက် အစာရှောင်စေ၍ နေ့ညဥ့်မပြတ်သုံးရက် ပတ်လုံးမစားမသောက်ဘဲနေကြပါစေ။ ကျွန်မနှင့်ကျွန်မ၏အပျိုတော်တို့သည် လည်းအစာရှောင်ကြပါမည်။ ထိုနောက်တရား ဥပဒေကူးလွန်၍သေဒဏ်ခံရစေကာမူ မင်းကြီးထံသို့ကျွန်မဝင်ပါမည်'' ဟုပြန် ကြားလိုက်၏။
ဒမာသက်မြို့တွင်အာနနိနာမည်ရှိသူ တပည့်တော်တစ်ယောက်ရှိ၏။ ဗျာဒိတ်ရူပါ ရုံထဲတွင်သခင်ဘုရားကအာနနိအား ``အာနနိ'' ဟုခေါ်တော်မူလျှင်၊ အာနနိက ``ရှိပါသည်သခင်ဘုရား'' ဟု လျှောက်၏။
ရှောလုသည်မြေပေါ်မှထ၍မျက်စိကိုဖွင့် လိုက်သောအခါ အဘယ်အရာကိုမျှမမြင် ရတော့ချေ။ သို့ဖြစ်၍ထိုသူတို့သည်သူ့ လက်ကိုဆွဲ၍ဒမာသက်မြို့ထဲသို့ခေါ် ဆောင်သွားကြ၏။-