ထိုအရပ်တွင်သူ၏လူများကိုနှစ်စုခွဲလျက် ညအချိန်၌ ရန်သူအားတိုက်ခိုက်၍အောင်မြင် လေသည်။ ထိုနောက်သူသည်ရန်သူကို ဒမာသက် မြို့မြောက်ဘက်ဟောဘမြို့တိုင်အောင်လိုက်လံ တိုက်ခိုက်၍၊-
တမန်တော်ဝတ္ထု 9:8 - Common Language Bible ရှောလုသည်မြေပေါ်မှထ၍မျက်စိကိုဖွင့် လိုက်သောအခါ အဘယ်အရာကိုမျှမမြင် ရတော့ချေ။ သို့ဖြစ်၍ထိုသူတို့သည်သူ့ လက်ကိုဆွဲ၍ဒမာသက်မြို့ထဲသို့ခေါ် ဆောင်သွားကြ၏။- Garrad Bible ရှော လု လည်း လဲ ရာ မှ ထ၍ မျက် စိ ဖွင့် ကြည့် သော် မည် သည် ကို မျှ မ မြင် ရ သ ဖြင့် ဒ မာ သက် မြို့ တွင်း သို့ လက် ဆွဲ လျက် ခေါ် လာ ကြ ပြီး နောက်၊ Judson Bible ရှောလုသည်လည်း မြေမှထ၍ မျက်စိကို ဖွင့်သော်လည်း အဘယ်သူကိုမျှ မမြင်နိုင်သည်ဖြစ်၍၊ သူ၏လက်ကိုဆွဲလျက် ဒမာသက် မြို့သို့ပို့ဆောင်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ရှောလုသည် မြေပေါ်မှထ၍ မိမိမျက်စိကိုဖွင့်သော်လည်း မည်သည့်အရာကိုမျှ မမြင်ရသဖြင့် လူတို့သည် သူ့ကိုလက်ဆွဲ၍ ဒမတ်စကပ်မြို့သို့ ခေါ်ဆောင်သွားကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ရှောလုသည် မြေပြင်မှထ၍ မျက်စိကို ဖွင့်သော်လည်း မည်သည့်အရာကိုမျှ မမြင်ရပေ။ ထို့ကြောင့် ထိုသူတို့က သူ့အား တွဲခေါ်၍ ဒမတ်စကပ်မြို့သို့ ခေါ်ဆောင်သွားကြ၏။ |
ထိုအရပ်တွင်သူ၏လူများကိုနှစ်စုခွဲလျက် ညအချိန်၌ ရန်သူအားတိုက်ခိုက်၍အောင်မြင် လေသည်။ ထိုနောက်သူသည်ရန်သူကို ဒမာသက် မြို့မြောက်ဘက်ဟောဘမြို့တိုင်အောင်လိုက်လံ တိုက်ခိုက်၍၊-
ထိုနောက်အပြင်ဘက်၌ရှိသောသူအားလုံးတို့ကိုမျက်စိကွယ်စေရန်ဒဏ်ခတ်သဖြင့် သူတို့သည်တံခါးပေါက်ကိုရှာ၍မတွေ့နိုင်ကြ။
ထိုအခါထာဝရဘုရားက``လူကိုမည်သူ ကစကားပြောစေသနည်း။ လူကိုမည်သူက နားထိုင်းဆွံ့အစေသနည်း။ လူကိုမည်သူက စက္ခုအလင်းရစေသနည်း။ သို့မဟုတ်မျက်စိ ကွယ်စေသနည်း။ ငါထာဝရဘုရားပင် မဟုတ်ပါလော။-
ယခုပင်လျှင်ထာဝရဘုရား၏လက်တော် သည် သင့်ပေါ်သို့ကျရောက်တော်မူသဖြင့် သင် သည်မျက်စိကွယ်လိမ့်မည်။ ကာလအတန် အကြာနေကိုမြင်ရလိမ့်မည်မဟုတ်'' ဟု မြွက်ဆို၏။ ချက်ချင်းပင်မှော်ဆရာသည်မျက်စိမြှေး ယှက်၍ မှောင်အတိကျရောက်လာသကဲ့သို့ ဖြစ်သဖြင့် လက်ဆွဲ၍လမ်းပြခေါ်ဆောင်ပေး မည့်သူကိုရှာရလေ၏။-
အကျွန်ုပ်သည်အလင်းရောင်၏တောက်ပြောင်မှု ကြောင့်မျက်စိကွယ်သွားသဖြင့် အကျွန်ုပ်နှင့် အတူပါလာကြသောသူတို့က အကျွန်ုပ် ကိုလက်ဆွဲ၍ဒမာသက်မြို့သို့ပို့ဆောင် ပေးရကြပါသည်။
ထိုအခါချက်ချင်းပင်ရှောလုသည်မျက်စိမှ အကြေးများကွာကျသကဲ့သို့ဖြစ်ပြီးလျှင် မျက်စိအလင်းကိုပြန်လည်ရရှိ၏။ သူသည် ထ၍ဗတ္တိဇံမင်္ဂလာကိုခံလေသည်။-
သူသည်သုံးရက်တိုင်တိုင်မျက်စိအလင်း ကွယ်လျက်နေ၏။ ထိုသုံးရက်အတွင်းမစား မသောက်ဘဲနေ၏။
ငါသည်ဒမာသက်မြို့၌ရှိစဉ်အရေတ ဘုရင်၏လက်အောက်ခံဘုရင်ခံသည် ငါ့ အားဖမ်းဆီးရန်မြို့တံခါးများတွင်တပ် သားများကိုအစောင့်ချထား၏။-
ငါ၏အလျင်တမန်တော်ရာထူးကိုရရှိသူ တို့နှင့်တွေ့ရန် ယေရုရှလင်မြို့သို့လည်းငါ မသွား။ ဦးစွာပထမအာရေဗျပြည်သို့ သွားပြီးနောက် ဒမာသက်မြို့သို့ပြန်လာခဲ့၏။-