ထိုဗျာဒိတ်ရူပါရုံကိုငါဒံယေလတစ် ယောက်တည်းသာမြင်ရ၏။ ငါနှင့်အတူ ရှိသောသူတို့သည်အဘယ်အရာကိုမျှ မမြင်ကြရ။ သို့ရာတွင်သူတို့သည် ထိတ် လန့်တုန်လှုပ်လျက်ထွက်ပြေးပုန်းအောင်း နေကြ၏။-
တမန်တော်ဝတ္ထု 9:7 - Common Language Bible ရှောလုနှင့်အတူခရီးပြုလျက်နေကြသူ တို့သည် ထိုအသံကိုကြားရသော်လည်း လူ တစ်စုံတစ်ယောက်ကိုမျှမတွေ့မမြင်ရ သဖြင့်ကြက်သေသေလျက်ရပ်နေကြ၏။- Garrad Bible ခ ရီး သွား ဖော် တို့ သည် ထို အ သံ ကို ကြား လျက်၊ မည် သူ့ ကို မျှ မ မြင် ဘဲ အံ့ အား သင့် လျက် ရပ် နေ ကြ၏။ Judson Bible ရှောလုနှင့်အတူ သွားသောသူတို့သည် အသံကိုကြားရုံမျှသာရှိ၍၊ အဘယ်သူကိုမျှမမြင်ဘဲ မိန်းမောတွေဝေလျက် ရပ်နေကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူနှင့်အတူ ခရီးသွားကြသောသူတို့သည် အသံကိုကြားရသော်လည်း မည်သူ့ကိုမျှ မတွေ့ရသောကြောင့် မှင်တက်မိလျက် ရပ်နေကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ရှောလုနှင့်အတူ ခရီးသွားကြသောသူတို့သည် အသံကိုသာ ကြား၍ မည်သူ့ကိုမျှ မမြင်ရသောကြောင့် နှုတ်ဆိတ်အံ့ဩလျက် ရပ်နေကြ၏။ |
ထိုဗျာဒိတ်ရူပါရုံကိုငါဒံယေလတစ် ယောက်တည်းသာမြင်ရ၏။ ငါနှင့်အတူ ရှိသောသူတို့သည်အဘယ်အရာကိုမျှ မမြင်ကြရ။ သို့ရာတွင်သူတို့သည် ထိတ် လန့်တုန်လှုပ်လျက်ထွက်ပြေးပုန်းအောင်း နေကြ၏။-
ထိုနေရာတွင်ရပ်လျက်နေကြသောလူပရိသတ် သည်ထိုအသံကိုကြား၍အချို့က ``မိုးချုန်း သည်'' ဟုဆိုကြ၏။ အချို့ကမူ ``ကိုယ်တော်အား ကောင်းကင်တမန်စကားပြောသည်'' ဟုဆိုကြ၏။
အကျွန်ုပ်နှင့်အတူပါလာကြသောသူတို့ သည် ထိုအလင်းရောင်ကိုမြင်ရကြသော် လည်း အကျွန်ုပ်အားမိန့်မှာတော်မူသောအရှင် ၏အသံကိုမူမကြားရကြ။-