သွားလော့။ ဝမ်းမြောက်သောစိတ်နှင့် အစာစား လော့။ ရွှင်လန်းသောစိတ်နှင့် စပျစ်ရည်ကို သောက် လော့။ သင်ပြုသောအမှုတို့ကို ဘုရားသခင် ဝန်ခံတော်မူ၏။
တမန်တော်ဝတ္ထု 9:19 - Common Language Bible ထိုနောက်အစားအစာသုံးဆောင်ပြီးသော အခါခွန်အားပြည့်လာ၏။ ရှောလုသည်ဒမာသက်မြို့တွင် တပည့်တော် တို့နှင့်အတူရက်အနည်းငယ်နေ၏။- Garrad Bible အ စာ အာ ဟာ ရ သုံး ဆောင် လျက် အား ဖြည့် လေ၏။ ထို့ နောက် ရှော လု သည် ဒ မာ သက် မြို့ ရှိ တ ပည့် တော် တို့ နှင့် နေ့ ရက် အ နည်း ငယ် နေ လျက်၊ Judson Bible ထိုနောက် ရှောလုသည် ဒမာသက်မြို့၌ရှိသော တပည့်တော်တို့နှင့်အတူ ကာလအတန်အရာနေ၍၊- မြန်မာ့စံမီသမ္မာကျမ်း အစားအစာကိုသုံးဆောင်ရာ အားပြန်ပြည့်လာ၏။ ထို့နောက် သူသည် ဒမတ်စကပ်မြို့၌ရှိသော တပည့်တော်တို့နှင့်အတူ ရက်အနည်းငယ်နေထိုင်ပြီးမှ ခေတ်သစ်မြန်မာ သမ္မာကျမ်း အစာစားသဖြင့် ခွန်အားပြန်လည် ပြည့်လေ၏။ ရှောလုသည် ဒမတ်စကပ်မြို့မှ တပည့်တော်များနှင့် ရက်အနည်းငယ် နေထိုင်လေ၏။ |
သွားလော့။ ဝမ်းမြောက်သောစိတ်နှင့် အစာစား လော့။ ရွှင်လန်းသောစိတ်နှင့် စပျစ်ရည်ကို သောက် လော့။ သင်ပြုသောအမှုတို့ကို ဘုရားသခင် ဝန်ခံတော်မူ၏။
သူ့ကိုတွေ့လျှင်အန္တိအုတ်မြို့သို့ခေါ်ခဲ့၏။ သူတို့ နှစ်ဦးသည်တစ်နှစ်ပတ်လုံးအသင်းတော်ဝင်တို့ နှင့်တွေ့ဆုံ၍ များစွာသောလူပရိသတ်တို့ကို သွန်သင်ကြ၏။ တပည့်တော်တို့သည်ပထမဆုံး အကြိမ်ခရစ်ယာန်ဟုခေါ်ဝေါ်သမုတ်ခြင်းခံ ကြရသည့်အရပ်မှာအန္တိအုတ်မြို့ဖြစ်သတည်း။
တပည့်တော်တို့သည်အသီးသီးတတ်နိုင်သမျှ အတိုင်း ယုဒပြည်ရှိညီအစ်ကိုများအားကူညီ ထောက်ပံ့ရန်ဆုံးဖြတ်ကြ၏။-
ဦးစွာဒမာသက်မြို့၊ ထိုနောက်ယေရုရှလင်မြို့ မှစ၍ ယုဒပြည်တစ်ပြည်လုံးရှိလူတို့အား လည်းကောင်း၊ လူမျိုးခြားတို့အားလည်းကောင်း အကျွန်ုပ်ဟောပြောပါ၏။-
ထိုအခါချက်ချင်းပင်ရှောလုသည်မျက်စိမှ အကြေးများကွာကျသကဲ့သို့ဖြစ်ပြီးလျှင် မျက်စိအလင်းကိုပြန်လည်ရရှိ၏။ သူသည် ထ၍ဗတ္တိဇံမင်္ဂလာကိုခံလေသည်။-
သူသည်ယေရုရှလင်မြို့သို့ရောက်သောအခါ တပည့်တော်တို့နှင့်ပေါင်းဖော်ရန်ကြိုးစား၏။ သို့သော်လည်းသူသည်တပည့်တော်တစ်ဦး ဖြစ်လာကြောင်းကို တပည့်တော်အပေါင်းတို့ သည်မယုံသဖြင့်သူ့ကိုကြောက်ကြ၏။-
လုဒ္ဒမြို့သည်ယုပ္ပေမြို့အနီးတွင်ရှိသဖြင့်ထို မြို့တွင်ပေတရုရှိကြောင်း တပည့်တော်တို့ကြား သိကြသောအခါ ``အကျွန်ုပ်တို့ထံသို့အလျင် အမြန်ကြွလာတော်မူပါ'' ဟူသောပန်ကြား ချက်ဖြင့်လူနှစ်ယောက်ကိုပေတရုထံသို့စေ လွှတ်လိုက်ကြ၏။-
ငါ၏အလျင်တမန်တော်ရာထူးကိုရရှိသူ တို့နှင့်တွေ့ရန် ယေရုရှလင်မြို့သို့လည်းငါ မသွား။ ဦးစွာပထမအာရေဗျပြည်သို့ သွားပြီးနောက် ဒမာသက်မြို့သို့ပြန်လာခဲ့၏။-
သင်္ဘောသဖန်းသီးခြောက်အနည်းငယ်နှင့် စပျစ် သီးခြောက်နှစ်ပြွတ်ကိုလည်းကောင်းပေးကြ၏။ လူငယ်သည်ထိုအစားအစာများကိုစားပြီး နောက်ပြန်၍အားပြည့်လာလေသည်။ သူသည် သုံးရက်တိုင်တိုင်မည်သည့်အစာရေစာမျှ မစားမသောက်ခဲ့ရ။-