မိုက်သောအကြံအစည်၌ အပြစ်ပါ၏။ မထီမဲ့ မြင်ပြုသော သူသည်လည်း၊ လူစက်ဆုပ်ရွံရှာဘွယ်ဖြစ် ၏။
တမန်တော်ဝတ္ထု 8:22 - Common Language Bible ဤသို့ဆိုးညစ်မှုအတွက်နောင်တရလော့။ ဤ သို့စိတ်အကြံအစည်ပြုမိသည့်အတွက် အပြစ်ဖြေလွှတ်တော်မူရန် သခင်ဘုရား ထံဆုတောင်းလော့။- Garrad Bible သို့ ဖြစ်၍ သင့် ဆိုး သွမ်း ခြင်း အ တွက် နောင် တ ရ လျက် အ ကြံ အ စည် ကို လည်း ချမ်း သာ ပေး ကောင်း ပေး တော် မူ စေ ရန် အ ရှင် ဘု ရား ထံ တောင်း ပန် လော့။ Judson Bible ထိုကြောင့် သင်၌ ယခုဆိုးညစ်သောအမှုကို နောင်တရလော့။ သင်၏စိတ်နှလုံး၌ ကြံစည်ခြင်းအပြစ်ကို လွှတ်ကောင်းလွှတ်လိမ့်မည် ဖြစ်၍၊ ဘုရားသခင်ကို တောင်းပန်လော့။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သင်၌ရှိသော ဤမကောင်းမှုအတွက် နောင်တရလျက် သခင်ဘုရားထံဆုတောင်းလော့။ သို့ပြုလျှင် သင့်စိတ်နှလုံး၏အကြံအစည်အတွက် သင်သည် ခွင့်လွှတ်ခြင်းခံရကောင်းခံရလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သင်၏မကောင်းမှုအတွက် နောင်တရ၍ ဘုရားသခင်ထံ ဆုတောင်းလော့။ သို့ပြုလျှင် ဘုရားသခင်သည် သင်၏ဆိုးညစ်သောကြံစည်မှုအတွက် ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်မည်။ |
မိုက်သောအကြံအစည်၌ အပြစ်ပါ၏။ မထီမဲ့ မြင်ပြုသော သူသည်လည်း၊ လူစက်ဆုပ်ရွံရှာဘွယ်ဖြစ် ၏။
ထိုကြောင့်အရှင်မင်းကြီး၊ အကျွန်ုပ်ပေး သည့်အကြံကိုနာယူတော်မူပါ။ အပြစ် ကူးမှုကိုရပ်စဲ၍တရားသောအမှုကို ပြုတော်မူပါ။ ဆင်းရဲသူတို့အားကရု ဏာထားတော်မူပါ။ ယင်းသို့ပြုပါလျှင် အရှင်သည်စည်းစိမ်ချမ်းသာတိုးပွား တော်မူပါလိမ့်မည်'' ဟုလျှောက်၏။
အဆိုးကိုမုန်း၍အကောင်းကိုမြတ်နိုး လော့။ ရုံးတော်များ၌တရားမျှတမှုရှိ စေရန်စောင့်ရှောက်ကြလော့။ ကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရားသခင်သည် ယောသပ်အမျိုးသားအနက်အသက်ရှင် လျက်ကျန်ရစ်သူအချို့ကို သနားကောင်း သနားတော်မူလိမ့်မည်။
ထာဝရဘုရားထံသို့သွားလော့။ သို့ပြု လျှင်အသက်ချမ်းသာလိမ့်မည်။ ထိုသို့မ ပြုလျှင်ကိုယ်တော်အရှင်သည်မီးကဲ့သို့ ရွာသွန်းလာပြီး ယောသပ်အမျိုးအနွယ် တို့ကိုလောင်ကျွမ်းလိမ့်မည်။ ဗေသလမြို့ သားများကိုလောင်ကျွမ်းကုန်၍ထိုမီး ကိုမည်သူကမျှမငြိမ်းသတ်နိုင်ချေ။-
ထိုအခါသင်္ဘောသူကြီးသည် သူ့ထံလာပြီးသူ့အား``သင်သည်အဘယ်ကြောင့်အိပ်နေပါသနည်း။ ထလော့၊ သင်၏ဘုရားထံတွင် ငါတို့ကိုကယ်တင်ရန်ဆုတောင်းလော့။ ထိုအရှင်သည်ငါတို့အားသနား၍ငါတို့ကိုကယ်တင်ကောင်းကယ်တင်တော်မူပါလိမ့်မည်'' ဟုဆို၏။
သို့မှသာဘုရားသခင်၏စိတ်တော်ပြောင်း လဲကောင်းပြောင်းလဲလိမ့်မည်။ အမျက်တော် ပြေကောင်းပြေလိမ့်မည်။ ငါတို့သည်လည်း အသက်ချမ်းသာရာရနိုင်မည်'' ဟူ၍ဖြစ်၏။
ဘုရားသခင်သည်မိမိကိုလူတို့မသိသည့် အချိန်ကာလများကိုရှုမှတ်တော်မမူခဲ့ သော်လည်း ယခုအခါ၌အရပ်ခပ်သိမ်းမှ လူအပေါင်းတို့အားနောင်တရစေခြင်း ငှာအမိန့်ပေးတော်မူပြီ။-
ပေတရုက ``နောင်တရကြလော့။ သင်တို့အပြစ် များပြေလွတ်စေရန် ယေရှုခရစ်၏နာမ၌လူ တိုင်းဗတ္တိဇံမင်္ဂလာကိုခံလော့။ ထိုသို့ပြုလျှင် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်း ဟူသောဆုကျေးဇူးကိုရရှိကြလိမ့်မည်။-
သို့ဖြစ်၍ဘုရားသခင်သည်သင်တို့၏အပြစ် များကိုဖြေလွှတ်တော်မူစေရန် နောင်တရ၍ ပြောင်းလဲကြလော့။ သို့မှသာ၊-
ပေတရုက``သင်သည်ဘုရားသခင်၏ဆု ကျေးဇူးတော်ကိုငွေနှင့်ဝယ်ယူမည်အကြံ ရှိသဖြင့် သင်၏ငွေသည်သင်နှင့်အတူပျက် စီးပါစေသတည်း။-
သခင်ဘုရားကလည်း ``သင်သည်ထ၍လမ်း ဖြောင့်အမည်တွင်သောလမ်းသို့သွားလော့။ တာရှု မြို့သားရှောလုဆိုသူကို ယုဒ၏အိမ်တွင်စုံ စမ်းမေးမြန်းလော့။ သူသည်ဆုတောင်းလျက် နေ၏။-
သို့တည်းမဟုတ်သင်သည်ကိုယ်တော်၏ ကရုဏာထားတော်မူခြင်း၊ စိတ်ရှည်တော်မူ ခြင်း၊ သည်းခံတော်မူခြင်းတို့ကိုမထီမဲ့ မြင်ပြုပါသလော။ ဘုရားသခင်သည်သင့် အားနောင်တရစေရန်လမ်းပြပို့ဆောင် လျက်ရှိတော်မူသည်ဖြစ်၍ ကိုယ်တော် ကရုဏာထားကြောင်းကိုသင်ဧကန် အမှန်ပင်သိ၏။-
ဘုရားသခင်၏နှုတ်ကပတ်တော်သည်သက်ရှင် လှုပ်ရှား၍ သန်လျက်တကာတို့ထက်ထက်မြက် ၏။ အသက်နှင့်ဝိညာဉ်တွေ့ဆုံရာအထိလည်း ကောင်း၊ အရိုးဆစ်နှင့်ခြင်ဆီတွေ့ရာအထိ လည်းကောင်းထုတ်ချင်းခွင်းတတ်၏။ လူ၏စိတ် နှလုံးအကြံအစည်နှင့်လိုအင်ဆန္ဒများ ကိုစစ်ဆေးတတ်၏။-
နောင်တရရန်သူ့အားငါအချိန်ပေးခဲ့၏။ သို့ရာတွင်သူသည်မိမိအကျင့်ပျက်မှု အတွက်နောင်တရလိုစိတ်မရှိ။-