ထာဝရဘုရားကသူ့အား ``သင်၏အမျိုး အနွယ်တို့သည် သူတစ်ပါး၏နိုင်ငံ၌သူစိမ်း တစ်ရံဆံအဖြစ်နေထိုင်ရကြမည်။ ထိုအရပ် တွင်သူတို့သည်နှစ်ပေါင်းလေးရာကျွန်အဖြစ် ဖြင့်နှိပ်စက်ညှင်းဆဲခြင်းကိုခံရကြမည်။-
တမန်တော်ဝတ္ထု 7:6 - Common Language Bible ဘုရားသခင်ကအာဗြဟံအား`သင်၏သား မြေးတို့သည် နိုင်ငံရပ်ခြားတွင်သူစိမ်းများ အဖြစ်ဖြင့်နေရကြလိမ့်မည်။ အနှစ်လေးရာ ပတ်လုံးကျွန်ခံရ၍နှိပ်စက်ညှဉ်းဆဲခြင်း ခံရကြလိမ့်မည်။- Garrad Bible ဘု ရား သ ခင် က လည်း အာ ဗြ ဟံ ၏ အ မျိုး အ နွယ် သည် နိုင် ငံ ခြား တွင် ဝင် နေ လျက်၊ နှစ် ပေါင်း လေး ရာ ပတ် လုံး ကျွန် အ ဖြစ် နှိပ် စက် ခြင်း ခံ ရ ကြ မည် ဟူ၍ လည်း ကောင်း၊ Judson Bible သင်၏အမျိုးအနွယ်သည် သူတစ်ပါးပိုင်သောပြည်၌ ဧည့်သည်ဖြစ်ကြသဖြင့်၊ သူတစ်ပါးတို့၌ ကျွန်ခံခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းကို အနှစ်လေးရာပတ်လုံး ခံရကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ဘုရားသခင်က သူ၏အမျိုးအနွယ်သည် သူတစ်ပါး၏တိုင်းပြည်တွင် ဧည့်သည်အဖြစ်နေထိုင်မည်ဖြစ်ကြောင်းနှင့် ထိုတိုင်းပြည်မှလူတို့သည် သူတို့ကိုကျွန်ပြု၍ အနှစ်လေးရာပတ်လုံး မတရားနှိပ်စက်မည်ဖြစ်ကြောင်း မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်က အာဗြဟံ၏သားစဉ်မြေးဆက်တို့သည် အခြားပြည်တွင် ဧည့်သည်အဖြစ် နှစ်ပေါင်းလေးရာ ကျွန်ခံရ၍ ညှဉ်းပန်းနှိပ်စက်ခြင်းခံရလိမ့်မည်ဖြစ်ကြောင်းကိုလည်း မိန့်တော်မူ၏။ |
ထာဝရဘုရားကသူ့အား ``သင်၏အမျိုး အနွယ်တို့သည် သူတစ်ပါး၏နိုင်ငံ၌သူစိမ်း တစ်ရံဆံအဖြစ်နေထိုင်ရကြမည်။ ထိုအရပ် တွင်သူတို့သည်နှစ်ပေါင်းလေးရာကျွန်အဖြစ် ဖြင့်နှိပ်စက်ညှင်းဆဲခြင်းကိုခံရကြမည်။-
သင်၏အမျိုးအနွယ်တို့သည်အမျိုးလေးဆက် တိုင်အောင်နေပြီးမှ ဤပြည်သို့ပြန်လာကြလိမ့် မည်။ အဘယ်ကြောင့်ဆိုသော်အာမောရိအမျိုး သားတို့သည် ဆိုးသွမ်း၍ဒဏ်သင့်သည့်အခါ ရောက်မှသူတို့အား ဤပြည်မှငါနှင်ထုတ် မည်ဖြစ်သောကြောင့်တည်း'' ဟုမိန့်တော်မူ၏။
ငါ၏လူမျိုးတော်ကိုအီဂျစ်ပြည်မှထုတ် ဆောင်ရန် သင့်အားဖာရောဘုရင်ထံသို့ငါ စေလွှတ်မည်'' ဟုမိန့်တော်မူ၏။
ငါဆိုလိုသည်ကားဤသို့တည်း။ ဘုရား သခင်သည်အာဗြဟံနှင့်ပဋိညာဉ်ပြုတော် မူပြီးလျှင် ပဋိညာဉ်ကိုစောင့်ထိန်းရန်ကတိ ထားတော်မူ၏။ အနှစ်လေးရာ့သုံးဆယ်ကြာ မှပေါ်ပေါက်လာသည့်ပညတ်တရားသည် ထို ပဋိညာဉ်တော်ကိုမပယ်မဖျက်နိုင်။ ကတိ တော်ကိုလည်းမပယ်မဖျက်နိုင်။-