မသမာသူလူနှစ်ယောက်ကလည်းဘုရားသခင် နှင့် မင်းကြီးအားပုတ်ခတ်ပြောဆိုမှုနှင့်နာဗုတ် အားလူပုံအလယ်တွင်ပြစ်တင်စွပ်စွဲကြလေ သည်။ ထို့ကြောင့်လူတို့သည်သူ့ကိုမြို့ပြင်သို့ ထုတ်ပြီးလျှင်ခဲနှင့်ပေါက်သတ်ကြ၏။-
တမန်တော်ဝတ္ထု 7:58 - Common Language Bible သူ့ကိုမြို့ပြင်သို့ဆွဲထုတ်ပြီးနောက်ကျောက်ခဲ နှင့်ပေါက်ကြ၏။ အသိသက်သေများသည်မိမိ တို့ဝတ်လုံများကိုရှောလုနာမည်ရှိသူ လူငယ် လူရွယ်တစ်ယောက်အားအပ်ထားကြ၏။- Garrad Bible မြို့ ပြင် သို့ ထုတ် ပြီး လျှင် ခဲ နှင့် ပစ် ခတ် ကြ သော် သက် သေ တို့ သည် ကိုယ့် အင်္ကျီ များ ကို ရှော လု အ မည် ရှိ သော ငယ် ရွယ် သူ၏ ခြေ ရင်း တွင် ချ ထား ကြ၏။ Judson Bible မြို့ပြင်သို့နှင်ထုတ်ပြီးမှ ကျောက်ခဲနှင့် ပစ်ကြ၏။ သက်သေခံတို့သည်လည်း မိမိတို့အဝတ်ကို ရှောလုအမည်ရှိသော လုလင်၏ခြေရင်း၌ ထားကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူ့ကို မြို့ပြင်သို့ဆွဲထုတ်ပြီးလျှင် ခဲနှင့်ပေါက်ကြ၏။ သက်သေတို့သည် မိမိတို့၏အဝတ်များကို ရှောလုဟုခေါ်သော လူငယ်တစ်ဦး၏ခြေရင်း၌ ချထားကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် သူ့အား မြို့ပြင်သို့ ထုတ်ကာ ကျောက်ခဲနှင့်ပေါက်ကြ၏။ သက်သေခံတို့သည် မိမိတို့၏ဝတ်ရုံများကို ချွတ်ပြီး ရှောလုဟု ခေါ်သော လူငယ်တစ်ဦး၏ခြေရင်း၌ ပုံထားကြ၏။ |
မသမာသူလူနှစ်ယောက်ကလည်းဘုရားသခင် နှင့် မင်းကြီးအားပုတ်ခတ်ပြောဆိုမှုနှင့်နာဗုတ် အားလူပုံအလယ်တွင်ပြစ်တင်စွပ်စွဲကြလေ သည်။ ထို့ကြောင့်လူတို့သည်သူ့ကိုမြို့ပြင်သို့ ထုတ်ပြီးလျှင်ခဲနှင့်ပေါက်သတ်ကြ၏။-
ထာဝရဘုရားကမောရှေအား``ထိုသူ အားသေဒဏ်စီရင်ရမည်။ ဣသရေလအမျိုး သားအပေါင်းတို့သည်စခန်းအပြင်၌သူ့ ကိုကျောက်ခဲနှင့်ပစ်၍သတ်ရမည်'' ဟု မိန့်တော်မူ၏။-
ထိုနောက်ကိုယ်တော်အားတောင်ကမ်းပါးမှတွန်းချ အံ့သောငှာမြို့တည်ရာတောင်ထိပ်စွန်းသို့ခေါ် ဆောင်သွားကြ၏။-
အရှင်၏အကြောင်းသက်သေခံသူသတေဖန် ကိုသတ်ကြသောအခါ၌လည်း အကျွန်ုပ်သည် အနီးတွင်ရပ်လျက်အလိုတူအလိုပါပြု ခဲ့ပါ၏။ သူ့ကိုသတ်ကြသောသူတို့၏အဝတ် များကိုစောင့်ထိန်းပေးခဲ့ပါ၏' ဟုပြန်လျှောက် သော်၊-
သူတို့သည်ဝတ်လုံများကိုဝှေ့ရမ်းကာမြေ မှုန့်ကို မိုးကောင်းကင်သို့ပစ်လွှင့်လျက်အော် ဟစ်ကြ၏။-
အကျွန်ုပ်သည်ယေရှု၏လမ်းစဉ်တော်ကိုလိုက် လျှောက်ကြသူများအား အသေသတ်သည်အထိ ညှဉ်းဆဲနှိပ်စက်ခဲ့ပါ၏။ အမျိုးသား၊ အမျိုး သမီးများကိုဖမ်းဆီး၍ထောင်ချခဲ့ပါ၏။-
ယေရုရှလင်မြို့တွင်ထိုသို့ပြုခဲ့ပါ၏။ ယဇ်ပုရောဟိတ်ကြီးများ၏အမိန့်အာဏာ ဖြင့် ယုံကြည်သူအမြောက်အမြားကိုထောင် သွင်း၍အကျဉ်းထားခဲ့ပါ၏။ သူတို့အား သေဒဏ်စီရင်ချိန်၌လည်း အကျွန်ုပ်သဘော တူမဲဆန္ဒပေးခဲ့ပါ၏။-
သို့ဖြစ်၍``ဤသူသည်မောရှေအားလည်းကောင်း၊ ဘုရားသခင်အားလည်းကောင်းပြစ်မှားပြော ဆိုသည်ကိုငါတို့ကြားပါသည်'' ဟုလူတို့ အားတံစိုးလက်ဆောင်ပေး၍အပြောခိုင်း ကြ၏။-
ထို့နောက်သူတို့သည်မုသားသက်သေများကို ခေါ်ဆောင်ခဲ့ကြ၏။ ထိုသက်သေများက``ဤသူ သည်ဗိမာန်တော်နှင့်ပညတ်တရားတော်တို့ ကိုဆန့်ကျင်၍ အမြဲပြောဆိုလျက်နေပါ၏။-
ထိုသူတို့သည်ကျယ်စွာဟစ်အော်လျက် မိမိ တို့၏နားများကိုလက်ဖြင့်ပိတ်ဆို့ပြီးလျှင် သူ့ဆီသို့တရှိန်ထိုးပြေးကာ၊-
ထိုနေ့မှစ၍ယေရုရှလင်မြို့ရှိအသင်းတော် ဝင်အပေါင်းတို့သည် နှိပ်စက်ညှဉ်းဆဲခြင်းကို ပြင်းထန်စွာခံရကြ၏။ သို့ဖြစ်၍သူတို့သည် ယုဒပြည်နှင့် ရှမာရိပြည်များသို့ကွဲလွင့် သွားကြကုန်၏။ တမန်တော်များသာလျှင် ကျန်ရစ်ခဲ့ကြ၏။-
သက်သေခံများကထိုသူကိုကျောက်ခဲနှင့် အဦးဆုံးပစ်ပြီးမှအခြားသူများက ကျောက်ခဲနှင့်ပစ်ရမည်။ ဤနည်းအားဖြင့် ထိုဒုစရိုက်ကိုဖယ်ရှားနိုင်လိမ့်မည်။''