`ကောင်းကင်ဘုံသည်ငါ၏ပလ္လင်ဖြစ်၏။ ကမ္ဘာမြေကြီးသည်ငါ၏ခြေတင်ခုံဖြစ်၏။ သင်သည်အဘယ်သို့သောဗိမာန်တော်ကို ငါ့အတွက်တည်ဆောက်မည်နည်း။ ငါကျိန်းဝပ်ရန်အရပ်ကားအဘယ်မှာနည်း။
မြေကြီးသည် ငါ့ခြေတင်ရာခုံဖြစ်၏။ အဘယ်သို့သောဗိမာန်ကို ငါ့အဖို့ တည်ဆောက်ကြမည်နည်း။ အဘယ်အရပ်သည် ငါ့ကျိန်းဝပ်ရာအရပ်ဖြစ်မည်နည်း။- ငါ့လက်သည် ဤအရာအလုံးစုံတို့ကို ဖန်ဆင်းသည် မဟုတ်လောဟု ထာဝရဘုရား၏ ဗျာဒိတ်တော်အချက်ကို ပရောဖက်ပြန်ကြားသည်နှင့်အညီ၊ အမြင့်ဆုံးသောဘုရားသည် လူတို့လက်ဖြင့်လုပ်သော ဗိမာန်၌ ကျိန်းဝပ်တော်မူသည်မဟုတ်။
ဤသည်ကား ‘ကောင်းကင်သည် ငါ၏ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ၏ခြေတင်ခုံဖြစ်၏။ သင်တို့သည် မည်သို့သောအိမ်ကို ငါ့အတွက်တည်ဆောက်ကြမည်နည်း။ မည်သည့်အရပ်သည် ငါနားနေရာအရပ်ဖြစ်မည်နည်း။
‘ကောင်းကင်ဘုံသည် ငါ၏ရာဇပလ္လင် ဖြစ်၏။ ကမ္ဘာမြေကြီးသည် ငါ၏ခြေတင်ခုံ ဖြစ်၏။ သင်တို့သည် ငါ့အတွက် မည်သို့သောအိမ်တော်ကို ဆောက်လုပ်မည်နည်းဟု ဘုရားသခင်မိန့်တော်မူ၏။ ငါစံမြန်းနားခိုရာသည် အဘယ်အရပ်ဖြစ်သနည်း။
မိက္ခာကဆက်လက်၍အာဟပ်အား``ထာဝရ ဘုရားမိန့်တော်မူသောစကားကိုယခုနား ထောင်ပါလော့။ ထာဝရဘုရားသည်ကောင်းကင် ဘုံရှိပလ္လင်တော်ပေါ်တွင်ထိုင်လျက်နေတော်မူ သည်ကိုလည်းကောင်း၊ ကိုယ်တော်၏အပါးတော် တွင်ကောင်းကင်တမန်များရပ်လျက်နေကြ သည်ကိုလည်းကောင်းငါမြင်၏။-
``သို့ရာတွင် အို ဘုရားသခင်၊ ကိုယ်တော်သည်ကမ္ဘာ မြေကြီးပေါ်တွင် အကယ်ပင်စံနေတော်မူပါ မည်လော။ ကောင်းကင်ဘုံတစ်ခုလုံးပင်လျှင်ကိုယ် တော်စံတော်မူနိုင်လောက်အောင်မကျယ်ဝန်းပါ။ သို့ဖြစ်၍ကျွန်ုပ်တည်ဆောက်သည့်ဤဗိမာန်တော် သည် စံတော်မူရန်အတွက်မည်သို့ကျယ်ဝန်း နိုင်ပါမည်နည်း။-
``သို့ရာတွင်ဘုရားသခင်သည်လူတို့နှင့် အတူကမ္ဘာမြေကြီးပေါ်တွင် အကယ်ပင်စံ နေတော်မူနိုင်ပါသလော။ ကောင်းကင်ဘဝဂ် ပင်လျှင်ကိုယ်တော်စံနေတော်မူနိုင်အောင် မကျယ်ဝန်းပါလျှင်အကျွန်ုပ်တည်ဆောက် သည့်ဗိမာန်တော်ကားစံနေတော်မူနိုင်ရန် ကျယ်ဝန်းမည်မဟုတ်ပါ။-
ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်သည့် ဗိမာန်တော်တွင်ကျိန်းဝပ်တော်မူ၏။ ကိုယ်တော်၏ပလ္လင်တော်သည်ကောင်းကင်ဘုံ တွင် ရှိတော်မူ၏။ ကိုယ်တော်သည်လူအပေါင်းတို့အားစစ်ဆေး ကြည့်ရှုတော်မူ၍ သူတို့ပြုသောအမှုအရာများကိုသိမြင် တော်မူ၏။
ထာဝရဘုရားက``ကောင်းကင်ဘုံသည်ငါ ၏ရာဇပလ္လင်ဖြစ်၍ကမ္ဘာမြေကြီးသည် ငါ ၏ခြေတင်ခုံဖြစ်၏။ ထိုကြောင့်သင်တို့သည် ငါ၏အတွက်အဘယ်သို့သောဗိမာန်၊ ငါ ကျိန်းဝပ်ရန်အတွက်အဘယ်သို့သော အဆောက်အဦးကိုတည်ဆောက်နိုင်ကြ ပါမည်နည်း။-
ငါမတွေ့မမြင်နိုင်သောအရပ်တွင်အဘယ် သူမျှပုန်းကွယ်၍မနေနိုင်။ ``ငါသည်ကောင်း ကင်ဘုံနှင့်ကမ္ဘာမြေကြီးပေါ်ရှိအရပ် တကာတွင်ရှိတော်မူကြောင်းကိုသင်တို့ မသိကြသလော။-''
ကမ္ဘာမြေကြီးတစ်စွန်းမှအခြားတစ်စွန်း တိုင်အောင်လူတို့သည် ငါ၏ဂုဏ်တော်ကို ချီးကူးကြပေသည်။ သူတို့သည်အရပ် တကာတွင်နံ့သာပေါင်းကိုမီးရှို့၍ နှစ် သက်ဖွယ်ကောင်းသည့်ယဇ်များကိုငါ့ အားပူဇော်ကြ၏။ သူတို့အားလုံးပင် ငါ၏နာမတော်ကိုချီးကူးကြ၏။-''
ကောင်းကင်ဘုံကိုတိုင်တည်၍ကျိန်ဆိုသူသည် ဘုရားသခင်၏ပလ္လင်တော်နှင့်တကွ ထိုပလ္လင် ပေါ်မှာစံနေတော်မူသောအရှင်ကိုပါကျိန် ဆိုသတည်း။''
ကိုယ်တော်က ``ဤအဆောက်အအုံအပေါင်းကို သင်တို့မြင်ကြသည်မဟုတ်လော။ အမှန်အကန် သင်တို့အားငါဆိုသည်ကား ဤအဆောက်အအုံ တို့သည်ကျောက်တစ်တုံးပေါ်တစ်တုံးတင်၍ မကျန်ရစ်သည်တိုင်အောင်ပြိုပျက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
သခင်ယေရှုက ``အချင်းအမျိုးသမီး၊ ငါ့ စကားကိုယုံလော့။ ဤတောင်ပေါ်၌လည်းကောင်း၊ ယေရုရှလင်မြို့၌လည်းကောင်းခမည်းတော်ကို ဝတ်ပြုကိုးကွယ်ခြင်းမပြုတော့မည့်အချိန် ရောက်ရှိလာပေအံ့။-
ငါသည်အောင်မြင်၍ငါ့ခမည်းတော်၏ပလ္လင် ပေါ်မှာကိုယ်တော်နှင့်အတူထိုင်နေသကဲ့သို့ အောင်မြင်သူအားပလ္လင်ပေါ်မှာငါနှင့်အတူ ထိုင်ရသောအခွင့်ကိုငါပေးမည်။