ဗျာဒိတ် 3:21 - Common Language Bible21 ငါသည်အောင်မြင်၍ငါ့ခမည်းတော်၏ပလ္လင် ပေါ်မှာကိုယ်တော်နှင့်အတူထိုင်နေသကဲ့သို့ အောင်မြင်သူအားပလ္လင်ပေါ်မှာငါနှင့်အတူ ထိုင်ရသောအခွင့်ကိုငါပေးမည်။ အခန်းကိုကြည့်ပါ။Garrad Bible21 ငါ သည် အောင် မြင် ခဲ့၍ ခ မည်း တော် နှင့် အ တူ ရာ ဇ ပ လ္လင့် ထက် စံ ရ သ ကဲ့ သို့ အောင် မြင် သူ့ ကို ငါ့ ရာ ဇ ပ လ္လင့် ထက် အ တူ စံ ခွင့် ပြု မည်။ အခန်းကိုကြည့်ပါ။Judson Bible21 ငါသည်အောင်မြင်၍ ငါ့ခမည်းတော်၏ ပလ္လင်တော်ပေါ်မှာ ခမည်းတော်နှင့်အတူ ထိုင်နေသကဲ့သို့၊ အောင်မြင်သောသူသည် ငါ၏ပလ္လင်ပေါ်မှာ ငါနှင့်အတူ ထိုင်နေရသောအခွင့်ကို ငါပေးမည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 ငါသည် အောင်မြင်၍ ငါ့ခမည်းတော်နှင့်အတူ ခမည်းတော်၏ပလ္လင်ပေါ်တွင်ထိုင်ရသကဲ့သို့ အောင်မြင်သောသူအား ငါ၏ပလ္လင်ပေါ်တွင် ငါနှင့်အတူထိုင်ရသောအခွင့်ကို ငါပေးမည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း21 ငါသည် အောင်မြင်၍ ငါ့ခမည်းတော်၏ရာဇပလ္လင်ပေါ်တွင် ငါ့ခမည်းတော်နှင့်အတူ ထိုင်နေသကဲ့သို့ အောင်မြင်သောသူတို့ကိုလည်း ငါ၏ရာဇပလ္လင်ပေါ်တွင် ငါနှင့်အတူ ထိုင်ခွင့်ပေးမည်။ အခန်းကိုကြည့်ပါ။ |
သခင်ယေရှုက ``ငါအမှန်အကန်ဆိုသည် ကားအသစ်ပြုပြင်ရာကာလတွင်လူသားသည် ဘုန်းအသရေနှင့်ပြည့်စုံသည့်ပလ္လင်တော်မှာ ထိုင်တော်မူသောအခါ ငါ၏တပည့်ဖြစ်သူ သင်တို့သည်လည်းပလ္လင်တစ်ဆယ့်နှစ်ခုပေါ်မှာ ထိုင်၍ ဣသရေလအနွယ်တစ်ဆယ့်နှစ်ပါးကို တရားစီရင်ရကြလတ္တံ့။-
ထိုနောက်ငါသည်ပလ္လင်များကိုမြင်ရ၏။ ယင်း ပလ္လင်များပေါ်တွင်ထိုင်နေသူများမှာတရား စီရင်ရန် အာဏာအပ်နှင်းခြင်းခံရသူများ ဖြစ်၏။ ထို့ပြင်သခင်ယေရှုဖော်ပြတော်မူ သောသမ္မာတရားကိုလည်းကောင်း၊ ဘုရား သခင်၏နှုတ်ကပတ်တော်ကိုလည်းကောင်း ဟောပြောကြေညာခဲ့သည့်အတွက်ကွပ်မျက် ခြင်းခံရကြသူတို့၏ဝိညာဉ်များကိုလည်း ငါမြင်ရ၏။ သူတို့သည်သားရဲနှင့်သားရဲ ၏ရုပ်တုကိုရှိမခိုးခဲ့ကြ။ မိမိတို့၏နဖူး နှင့်လက်များတွင်လည်းသားရဲ၏အမှတ် တံဆိပ်ကိုမခံယူခဲ့ကြ။ သူတို့သည်အသက် ပြန်၍ရှင်လာကြပြီးလျှင်ခရစ်တော်နှင့် အတူဘုရင်များအဖြစ်ဖြင့်အနှစ်တစ် ထောင်စိုးစံကြရ၏။-
သူတို့သည်သိုးသူငယ်တော်ကိုစစ်တိုက်ကြလိမ့် မည်။ သိုးသူငယ်တော်သည်အရှင်တကာတို့၏ အရှင်၊ ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူ သောကြောင့်သူတို့ကိုနှိမ်နင်းတော်မူလိမ့်မည်။ ကိုယ်တော်ခေါ်ယူရွေးကောက်တော်မူသောသူ၊ ကိုယ်တော်အားသစ္စာရှိသောသူတို့သည်ကိုယ် တော်နှင့်အတူအောင်ပွဲဝင်ခွင့်ရကြလိမ့် မည်'' ဟုဆို၏။
ယင်းသို့ပထမအကြိမ်ရှင်ပြန်ထမြောက်ခြင်း တွင်ပါဝင်သူတို့သည်မင်္ဂလာရှိ၍ကောင်းချီး ကြွယ်ဝစွာခံစားရကြ၏။ ဒုတိယသေခြင်း သည်သူတို့အားအစိုးမရနိုင်ရာ။ သူတို့သည် ဘုရားသခင်နှင့်ခရစ်တော်၏ယဇ်ပုရော ဟိတ်များဖြစ်၍ခရစ်တော်နှင့်အတူအနှစ် တစ်ထောင်စိုးစံကြရလိမ့်မည်။