သူသည်ငါ၏အတွက်ဗိမာန်တော်ကိုတည် ဆောက်ရမည်။ ငါသည်သူ၏ရာဇပလ္လင်ကို ထာဝစဉ်တည်မြဲစေမည်။-
တမန်တော်ဝတ္ထု 7:47 - Common Language Bible သို့သော်ဘုရားသခင်၏ဗိမာန်တော်ကို တည်ဆောက်ခွင့်ရသူကား ရှောလမုန်မင်း ကြီးဖြစ်သတည်း။'' Garrad Bible ရှော လ မုန် မင်း တည် ဆောက် ရ ၏။ Judson Bible ရှောလမုန်သည်လည်း ဗိမာန်တော်ကို တည်ဆောက်ရ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဘုရားသခင်အတွက် အိမ်တော်ကိုတည်ဆောက်ခဲ့သူမှာ ရှောလမုန်ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် ဘုရားသခင်အတွက် အမှန်တည်ဆောက်ရသူမှာ ရှောလမုန်မင်းဖြစ်၏။ |
သူသည်ငါ၏အတွက်ဗိမာန်တော်ကိုတည် ဆောက်ရမည်။ ငါသည်သူ၏ရာဇပလ္လင်ကို ထာဝစဉ်တည်မြဲစေမည်။-
တုရုဘုရင်ဟိရံသည် ဒါဝိဒ်မင်း၏အဆွေ တော်အဖြစ်နှင့်အစဉ်နေထိုင်ခဲ့သူဖြစ်၏။ ထို့ကြောင့်ခမည်းတော်ဒါဝိဒ်၏အရိုက်အရာ ကိုရှောလမုန်ဆက်ခံ၍ နန်းတက်သည့်အကြောင်း ကိုကြားသိသောအခါသံတမန်များကို ရှောလမုန်ထံသို့စေလွှတ်လေသည်။-
အီဂျစ်ပြည်မှဣသရေလအမျိုးသားတို့ ထွက်ခွာသွားပြီးနောက် အနှစ်လေးရာ့ရှစ်ဆယ် ကြာသောအခါဣသရေလဘုရင်ရှောလမုန် မင်းသည် မိမိနန်းစံလေးနှစ်မြောက်၊ ဇိဖဟု အမည်တွင်သောဒုတိယလ၌ဗိမာန်တော် ကိုစတင်တည်ဆောက်တော်မူ၏။-
``ယခုအခါထာဝရဘုရားသည် ထိုကတိ တော်ကိုအကောင်အထည်ပေါ်လွင်စေတော်မူ ပြီ။ ငါသည်ခမည်းတော်ဒါဝိဒ်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်ပြီးလျှင် ဣသ ရေလအမျိုးတို့၏ဘုရားသခင်ထာဝရ ဘုရားအားကိုးကွယ်ဝတ်ပြုရန် ဗိမာန်တော် ကိုတည်ဆောက်၍ပြီးလေပြီ။-
ယခုအခါဒါဝိဒ်မင်းသည် မိမိနန်းတော်တွင် စံမြန်းလျက်နေတော်မူလေပြီ။ တစ်နေ့သ၌ သူသည်ပရောဖက်နာသန်အားခေါ်ပြီးလျှင်``ငါ သည်အာရစ်သားနှင့်တည်ဆောက်သောနန်းတော် တွင်စံနေရ၏။ ဘုရားသခင်၏ပဋိညာဉ် သေတ္တာတော်မူကား တဲတော်၌ပင်ရှိနေပေ သည်'' ဟုမိန့်တော်မူ၏။
ရှောလမုန်မင်း၏ခမည်းတော်ဒါဝိဒ်မင်း သည် ဗိမာန်တော်တည်ဆောက်ရာအရပ်ကို ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ ထိုအရပ်မှာ ယေရုရှလင်မြို့၊ မောရိတောင်ပေါ်၊ ယေဗုသိ အမျိုးသားအရောန၏ကောက်နယ်တလင်း ဖြစ်သည်။ ရှောလမုန်သည်ဗိမာန်တော်တည် ဆောက်မှုကိုနန်းစံစတုတ္ထနှစ်ဒုတိယလ ၌အစပြုသတည်း။-