တရားစီရင်တော်မူသောအရှင်ကားဘုရားသခင်ပင် ဖြစ်ပေသည်။ ကိုယ်တော်သည်အချို့သောသူတို့ကိုအပြစ်ဒဏ် စီရင်တော်မူလျက် အချို့တို့ကိုလွတ်ငြိမ်းချမ်းသာစေတော်မူ၏။
တမန်တော်ဝတ္ထု 7:35 - Common Language Bible ``မောရှေကားဣသရေလအမျိုးသားတို့၏ ပစ်ပယ်ခြင်းကိုခံရသူတည်း။ သူတို့က`ငါတို့ ကိုတရားစီရင်အုပ်ချုပ်သူအဖြစ်ဖြင့် သင့် အားမည်သူခန့်ထားသနည်း' ဟုသူ့အားမေး ကြ၏။ သူသည်ဣသရေလအမျိုးသားတို့ ကိုအုပ်ချုပ်ရန်နှင့် မီးလျှံတောက်သောချုံတွင် ထင်ရှားသောကောင်းကင်တမန်၏အကူအညီ ဖြင့် ဣသရေလအမျိုးသားတို့လွတ်မြောက် ရေးဆောင်ရွက်ရန်ဘုရားသခင်စေလွှတ်သော သူဖြစ်သည်။- Garrad Bible ချုံ တွင် ထင် ရှား သော စေ တ မန် တော် ထက် ကြပ် နှင့် အုပ် ချုပ် သူ၊ ကယ် နုတ် သူ အ ဖြစ်၊ ဘု ရား သ ခင် စေ လွှတ် တော် မူ သော ထို မော ရှေ ကား သင့် ကို အုပ် ချုပ် သူ တ ရား သူ ကြီး အ ဖြစ် မည် သူ ခန့် ထား သ နည်း ဟူ၍ အ ငြင်း အ ပယ် ခံ ရ သူ ပင် တည်း။ Judson Bible အဘယ်သူသည် သင့်ကို အကဲအမှူး တရားသူကြီးအရာ၌ ခန့်ထားသနည်းဟူ၍ အငြင်းအပယ်ခံရသော ထိုမောရှေကို အကဲအမှူး၊ ကယ်လွှတ်သောသူ ဖြစ်စေခြင်းငှာ၊ ဘုရားသခင်သည် ချုံ၌ထင်ရှားသော ကောင်းကင်တမန်အားဖြင့် စေခန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ‘မည်သူသည် သင့်ကို အကြီးအကဲနှင့်တရားသူကြီးအရာ၌ ခန့်ထားသနည်း’ဟု ဆိုလျက် လူတို့ငြင်းပယ်ခဲ့သော ထိုမောရှေကို ဘုရားသခင်သည် ချုံပုတ်ထဲ၌ ထင်ရှားသောကောင်းကင်တမန်အားဖြင့် အကြီးအကဲနှင့်ရွေးနုတ်ကယ်တင်သူအဖြစ် စေလွှတ်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ‘မည်သူသည် သင့်ကို အုပ်ချုပ်သူနှင့် တရားသူကြီးအဖြစ် ခန့်ထားသနည်း’ ဟု ငြင်းပယ်ခံရသောမောရှေကို ဘုရားသခင်သည် ချုံပုတ်တွင် ကိုယ်ထင်ပြသောကောင်းကင်တမန်အားဖြင့် အုပ်ချုပ်သူနှင့် ကယ်တင်သူအဖြစ် စေလွှတ်တော်မူ၏။ |
တရားစီရင်တော်မူသောအရှင်ကားဘုရားသခင်ပင် ဖြစ်ပေသည်။ ကိုယ်တော်သည်အချို့သောသူတို့ကိုအပြစ်ဒဏ် စီရင်တော်မူလျက် အချို့တို့ကိုလွတ်ငြိမ်းချမ်းသာစေတော်မူ၏။
ကိုယ်တော်ရှင်သည်မောရှေနှင့်အာရုန်တို့၏ ကွပ်ကဲမှုဖြင့် မိမိ၏လူစုတော်အားသိုးထိန်းသဖွယ် ပို့ဆောင်တော်မူပါ၏။
ဣသရေလအမျိုးသားတို့၏ရှေ့ကကြွ သွားသော ဘုရားသခင်၏ကောင်းကင်တမန် သည်အနောက်ဘက်သို့နေရာပြောင်း၍လိုက် ပါလာ၏။ သူတို့၏အရှေ့၌ရှိသောမိုးတိမ် တိုင်သည်လည်း အနောက်ဘက်သို့နေရာ ပြောင်းသဖြင့်၊-
နံနက်အရုဏ်မတက်မီအချိန်တွင် ထာဝရ ဘုရားသည်မီးတိုင်နှင့်မိုးတိမ်တိုင်တို့မှနေ ၍ အီဂျစ်စစ်တပ်ကိုကြည့်ရှုတော်မူပြီး လျှင်သူတို့ကိုဖရိုဖရဲဖြစ်စေတော်မူ၏။-
ထိုသူက``ငါတို့အမှုကိုစီရင်ရန်မည်သူ က သင့်အားတရားသူကြီးအဖြစ်ခန့်ထား သနည်း။ သင်သည်အီဂျစ်အမျိုးသားကို သတ်သကဲ့သို့ ငါ့ကိုသတ်ချင်သေးသလော'' ဟုပြန်ပြောလေ၏။ ထိုအခါမောရှေသည်မိမိ ပြုလုပ်ခဲ့သောအမှုကိုလူတို့သိကုန်ကြ ပြီဟူ၍ဆိုလျက်ထိတ်လန့်လေ၏။-
ယခုသွား၍သင့်အားငါမိန့်မှာပြီးသော အရပ်သို့သူတို့ကိုပို့ဆောင်လော့။ ငါ၏ကောင်း ကင်တမန်သည် သင့်အားလမ်းပြမည်။ သို့ရာ တွင်ဤသူတို့၏အပြစ်အတွက်ငါဒဏ်စီရင် မည့်အချိန်ကျရောက်လာလိမ့်မည်'' ဟုမိန့် တော်မူ၏။
သင်တို့အားလမ်းပြရန်ကောင်းကင်တမန် ကိုငါစေလွှတ်မည်။ ခါနာန်အမျိုးသား၊ အာ မောရိအမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဖေရဇိ အမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိ အမျိုးသားတို့ကိုငါနှင်ထုတ်မည်။-
သူတို့ကိုကယ်တင်သူမှာကောင်းကင်တမန် မဟုတ်။ ထာဝရဘုရားကိုယ်တိုင်ဖြစ်တော် မူ၏။ ကိုယ်တော်သည်မေတ္တာကရုဏာတော် ရှိသည့်အတိုင်းသူတို့အားကယ်တင်တော် မူ၏။ အတိတ်ကာလ၌ကိုယ်တော်သည်သူ တို့အားအစဉ်အမြဲကြည့်ရှုစောင့်ရှောက် တော်မူခဲ့သော်လည်း၊-
အကျွန်ုပ်တို့သည်ထာဝရဘုရားထံအကူ အညီတောင်းခံလျှောက်ထားသောအခါ ကိုယ် တော်သည်နားညောင်းတော်မူ၍ကောင်းကင် တမန်ကိုစေလွှတ်လျက် ကျွန်ုပ်တို့အားအီဂျစ် ပြည်မှထုတ်ဆောင်တော်မူခဲ့၏။ ယခုအကျွန်ုပ် တို့သည်ကိုယ်တော်၏နယ်စပ်တွင်တည်ရှိ သောကာဒေရှမြို့သို့ရောက်ရှိနေပါသည်။-
သေလွန်သူတို့ထမြောက်ရှင်ပြန်ရကြောင်းကို ဖော်ပြသော မောရှေကျမ်းကိုမဖတ်ဖူးကြပါ သလော။ အဆိုပါကျမ်းတွင်မီးလျှံထွက်သည့် ချုံအကြောင်းဆိုင်ရာစာပိုဒ်၌ ဘုရားသခင် က `ငါသည်အာဗြဟံ၏ဘုရား၊ ဣဇာက်၏ ဘုရား၊ ယာကုပ်၏ဘုရားပေတည်း' ဟု မောရှေအားမိန့်တော်မူကြောင်းပါရှိ၏။-
သို့ရာတွင်သူ၏ပြည်သူပြည်သားတို့သည် သူ့ကိုမုန်းကြသဖြင့် `ထိုသူ၏အအုပ်အချုပ် ကိုငါတို့မခံလို' ဟုစေတမန်များကိုသူ့ နောက်သို့လွှတ်၍လျှောက်ထားစေ၏။
ထိုသူတို့က ``သူ့ကိုလွတ်ငြိမ်းချမ်းသာခွင့်မပေး ပါနှင့်။ ဗာရဗ္ဗကိုပေးပါ'' ဟုဟစ်အော်ကြ၏။ (ဗာရဗ္ဗကားဋ္ဌားပြဖြစ်သတည်း။)
ထိုသူတို့က ``သူ့ကိုသတ်ပါ၊ သူ့ကိုသတ်ပါ။ လက်ဝါးကပ်တိုင်တွင်တင်၍သတ်ပါ'' ဟု ပြန်၍ဟစ်အော်ကြ၏။ ပိလတ်မင်းက ``သင်တို့၏ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်စေလို သလော'' ဟုမေး၏။ ယဇ်ပုရောဟိတ်ကြီးများက ``အကျွန်ုပ်တို့ မှာဧကရာဇ်မင်းမှတစ်ပါးအခြားရှင် ဘုရင်မရှိပါ'' ဟုပြန်ပြောကြ၏။
သို့ဖြစ်၍ဣသရေလအမျိုးသားအပေါင်း တို့၊ မေရှိယအဖြစ်ဖြင့်လည်းကောင်း၊ အရှင် သခင်အဖြစ်ဖြင့်လည်းကောင်း ဘုရားသခင် ခန့်ထားတော်မူသောသူကား သင်တို့လက်ဝါး ကပ်တိုင်တွင်တင်၍သတ်ကြသည့် ယေရှုပင် ဖြစ်ကြောင်းအတပ်ဧကန်သိမှတ်ကြလော့'' ဟုဟောလေ၏။
မောရှေက`သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် ငါ့ကိုစေလွှတ်တော်မူသည့်နည်း တူ ပရောဖက်တစ်ပါးကိုလည်းသင်တို့ထံ သို့စေလွှတ်တော်မူလိမ့်မည်။ ထိုအရှင်သည် သင်တို့အမျိုးသားထဲမှဖြစ်လိမ့်မည်။ ထို အရှင်ဟောပြောသမျှသောစကားတို့ကို သင်တို့သည်နာယူကြရမည်။-
ဣသရေလအမျိုးသားတို့သည်နောင်တရ ၍ မိမိတို့အပြစ်များမှပြေလွတ်စိမ့်သောငှာ ဘုရားသခင်သည်ထိုသခင်အားမိမိ၏ လက်ယာတော်ဘက်တွင်စံပယ်စေ၍ ဦးစီး ခေါင်းဆောင်အဖြစ်နှင့်ကယ်တင်ရှင်အဖြစ် ချီးမြှင့်တော်မူ၏။-
``အနှစ်လေးဆယ်ကြာသောအခါ သိနာတောင် အနီးတောကန္တာရတွင်မီးလျှံတောက်လျက်နေ သည့်ချုံထဲမှ ကောင်းကင်တမန်တစ်ပါးသည် မောရှေအားကိုယ်ထင်ပြလေသည်။-
``သင်တို့သည်လွန်စွာခေါင်းမာကြသည် တကား။ သင်တို့စိတ်နှလုံးသည်ဘုရားသခင် ၏ဗျာဒိတ်စကားကိုကြားနာရန်နားပင်း ကြသည်တကား။ သင်တို့သည်မိမိတို့ဘိုး ဘေးများကဲ့သို့ပင် သန့်ရှင်းသောဝိညာဉ်တော် ကိုအစဉ်အမြဲဆန့်ကျင်ဘက်ပြုကြသည် တကား။-
ခရစ်တော်သည်မျက်စိဖြင့်မမြင်နိုင်သော ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်တော်မူ၏။ ကိုယ်တော်သည်သားဦးဖြစ်သဖြင့်အဖန် ဆင်းခံအရာအပေါင်းတို့ထက်ကြီးမြတ် တော်မူပေသည်။-
ကောင်းကင်တမန်များမှတစ်ဆင့်ပေးအပ် တော်မူသောတရားတော်သည်မှန်ကန်သော တရားတော်ဖြစ်သဖြင့် ထိုတရားတော်ကို မလိုက်လျှောက်၊ မနာခံသူမှန်သမျှသည် ထိုက်သင့်သောအပြစ်ဒဏ်စီရင်ခြင်းကို ခံကြရသည်မှန်ပါက၊-
သူတို့သည် ``အနန္တတန်ခိုးရှင်ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတို့သည် အလွန်ကြီးမြတ်၍အံ့သြဖွယ်ကောင်းလှ ပါသည်တကား။ လူမျိုးတကာတို့၏ဘုရင်၊ကိုယ်တော်ရှင်၏ နည်းလမ်းတော်တို့သည် အလွန်မျှတမှန်ကန်လှပါသည်တကား။
သို့ရာတွင်လူဆိုးလူမိုက်တို့က``ဤသူ သည်ငါတို့အား အဘယ်သို့အကျိုးပြုနိုင် ပါမည်နည်း'' ဟုဆိုကြ၏။ သူတို့သည် ရှောလုကိုအထင်သေးသဖြင့် အဘယ် လက်ဆောင်ကိုမျှမပေးမဆက်ကြ။
ယာကုပ်နှင့်သူ၏အိမ်ထောင်စုသားတို့သည် အီဂျစ်ပြည်သို့သွားရောက်ကြသောအခါ အီဂျစ်အမျိုးသားတို့သည်သူတို့အား နှိပ်စက်ကလူပြုကြ၏။ ထိုအခါသင်တို့ ၏ဘိုးဘေးများသည် ထာဝရဘုရားအား ကယ်တော်မူရန်ဟစ်အော်တောင်းလျှောက် ကြသဖြင့် ကိုယ်တော်သည်မောရှေနှင့်အာရုန် တို့ကိုစေလွှတ်တော်မူ၏။ ထိုသူနှစ်ဦးတို့ သည်သင်တို့၏ဘိုးဘေးများအား အီဂျစ် ပြည်မှထုတ်ဆောင်ကာဤပြည်တွင်နေရာ ချထားပေးကြ၏။-