သတိနှင့်နေကြလော့။ လူတို့သည်သင်တို့အား တရားခုံရုံးသို့ပို့အပ်ကြလိမ့်မည်။ တရား ဇရပ်များတွင်ရိုက်နှက်ကြလိမ့်မည်။-
တမန်တော်ဝတ္ထု 6:9 - Common Language Bible သို့ရာတွင်လူအချို့တို့သည်သူ့ကိုအတိုက် အခံပြုကြ၏။ ထိုသူတို့ကားကုရေနေနှင့် အာလေဇန္ဒြူယမြို့ရှိယုဒအမျိုးသားတို့ ပါဝင်သည့်လွတ်လပ်သူများ ၏တရားဇရပ်အဖွဲ့ဝင်များဖြစ်၏။ ထိုသူတို့နှင့် တကွကိလိကိပြည်နှင့်အာရှပြည်မှ ယုဒအမျိုး သားအချို့တို့သည်သတေဖန်နှင့်စတင်ငြင်းခုံ ကြ၏။- Garrad Bible ထို အ ခါ လူ လွတ် များ ဟု တွင် သော အ သင်း သား တို့ မှ စ၍ ကု ရေ နေ နှင့် အာ လေ ဇ န္ဒြိ ယ မြို့ သား၊ ကိလိ ကိ နှင့် အာ ရှိ ပြည် သား အ ချို့ သည် ထ ရပ်၍ သ တေ ဖန် နှင့် ငြင်း ခုံ ကြ ရာ၊ Judson Bible ထိုအခါ လိဗေရတိန် အပေါင်းအသင်းဝင်သော သူမှစ၍၊ ကုရေနေပြည်သား၊ အာလေဇန္ဒြိပြည်သား၊ ကိလိကိပြည်သား၊ အာရှိပြည်သား အချို့တို့သည် ထ၍ သတေဖန်နှင့်ငြင်းခုံခြင်းကို ပြုစဉ်တွင်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ “လိဗေရတိန်”ဟု အမည်တွင်သည့် ဝတ်ပြုစည်းဝေးကျောင်းမှ လူအချို့ဖြစ်ကြသော ကုရေနေမြို့သားများ၊ အလက်ဇန္ဒြိယမြို့သားများမှစ၍ ဆီလီဆီးယားပြည်နှင့် အာရှပြည်တို့မှလာသောသူတို့သည် ထ၍ သတေဖန်နှင့်ငြင်းခုံပြောဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် “လိဗေရတိန်” ဟု ခေါ်သော ဂျူးဝတ်ပြုဆောင်မှ လူတချို့သည် သတေဖန်နှင့်ငြင်းခုံပြောဆိုကြ၏။ ထိုသူတို့မှာ ကုရေနေမြို့သားများ၊ အလက်ဇန်းဒါးမြို့သားများမှစ၍ ဆီလီဆီးယားပြည်နှင့် အာရှပြည်တို့မှ လာသောသူများဖြစ်ကြ၏။ |
သတိနှင့်နေကြလော့။ လူတို့သည်သင်တို့အား တရားခုံရုံးသို့ပို့အပ်ကြလိမ့်မည်။ တရား ဇရပ်များတွင်ရိုက်နှက်ကြလိမ့်မည်။-
သင်တို့အားငါဆိုသည်ကား၊ သင်တို့ထံသို့ ပရောဖက်များ၊ ပညာရှိများ၊ ကျမ်းတတ်ဆရာ များကိုငါစေလွှတ်မည်။ သင်တို့သည်ထိုသူ အချို့တို့ကိုသတ်ဖြတ်ကြ၍အချို့ကိုလက် ဝါးကပ်တိုင်တွင်တင်ကြလိမ့်မည်။ အချို့ကိုမူ တရားဇရပ်များတွင်ကြိမ်ဒဏ်ပေး၍အချို့ ကိုမူတစ်မြို့ပြီးတစ်မြို့လိုက်လံဖမ်းဆီးကြ လိမ့်မည်။-
သူတို့သည်ထွက်လာကြစဉ်ရှိမုန်နာမည်ရှိသူ ကုရေနေပြည်သားတစ်ယောက်ကိုတွေ့သဖြင့် ထိုသူအားအတင်းအကြပ်ခေါ်၍ကိုယ်တော်၏ လက်ဝါးကပ်တိုင်ကိုထမ်းစေကြ၏။-
``သင်တို့သည်သတိနှင့်နေကြလော့။ လူအချို့တို့ သည် သင်တို့ကိုတရားရုံးသို့ပို့အပ်ကြလိမ့်မည်။ တရားဇရပ်များတွင်ရိုက်နှက်ကြလိမ့်မည်။ သင် တို့သည်ငါ့အတွက်ကြောင့် အာဏာပိုင်များနှင့် ရှင်ဘုရင်များ၏ရှေ့မှောက်သို့ရောက်၍ သတင်း ကောင်းကိုကြေညာရကြလိမ့်မည်။-
သို့ရာတွင်ဤအမှုအရာများမဖြစ်မပျက် မီလူတို့သည်သင်တို့အားဖမ်းဆီးညှဉ်းဆဲကြ လိမ့်မည်။ သင်တို့အားတရားဇရပ်များတွင် တရားစီရင်ရန်အပ်နှံ၍ထောင်များတွင် အကျဉ်းချထားကြလိမ့်မည်။ သင်တို့သည် ငါ၏နာမကြောင့်ရှင်ဘုရင်များ၊ အာဏာပိုင် များ၏ရှေ့မှောက်သို့ရောက်ရကြလိမ့်မည်။-
သို့ရာတွင်သူတို့အထဲတွင်သခင်ယေရှု ကိုယုံကြည်သူ ကုပရုပြည်သားနှင့်ကုရေ နေပြည်သားအချို့ပါ၏။ သူတို့သည်အန္တိ အုတ်မြို့သို့သွား၍ လူမျိုးခြားတို့အားလည်း သခင်ယေရှု၏အကြောင်းသတင်းကောင်း ကိုဟောပြောကြေညာကြ၏။-
အန္တိအုတ်မြို့အသင်းတော်တွင် ပရောဖက်များ နှင့်ဆရာများရှိ၏။ ထိုသူတို့ကားဗာနဗ၊ နိဂါခေါ်ရှုမောင်၊ ကုရေနေပြည်သားလုကိ၊ (စော်ဘွားဟေရုဒ်၏ငယ်သူငယ်ချင်းဖြစ်သူ) မာနင်နှင့်ရှောလုတို့တည်း။-
သို့သော်ယုဒအမျိုးသားတို့သည်လူပရိသတ် ကိုမြင်သောအခါ မနာလိုစိတ်ရှိသဖြင့် ပေါလု ဟောပြောသောစကားများကိုငြင်းခုံကာပုတ် ခတ်ပြောဆိုကြ၏။-
ထိုသူနှစ်ဦး၏လက်ဖြင့်စာတစ်စောင်ပို့လိုက် ကြ၏။ ထိုစာတွင်၊ ``သင်တို့၏ညီအစ်ကိုများဖြစ်ကြသောတမန် တော်များ၊ အသင်းတော်လူကြီးများကအန္တိ အုတ်မြို့နှင့်ရှုရိပြည်၊ ကိလိကိပြည်ရှိလူမျိုး ခြားသားများဖြစ်ကြသောညီအစ်ကိုများ အား နှုတ်ခွန်းဆက်သလိုက်ပါသည်။-
ပေါလုသည်ထိုအရပ်မှရှုရိပြည်နှင့်ကိလိ ကိပြည်သို့သွားရောက်၍အသင်းတော်ကို ခိုင်ခံ့စေ၏။
သူတို့သည်ဖြုဂိပြည်နှင့်ဂလာတိပြည်တို့ ကိုဖြတ်သွားကြ၏။ သန့်ရှင်းသောဝိညာဉ်တော် သည် သူတို့အားအာရှပြည်၌နှုတ်ကပတ်တရား တော်ကိုဟောပြောခွင့်ပေးတော်မမူ။-
အာလေဇန္ဒြိမြို့သားအာပေါလုနာမည်ရှိသော ယုဒအမျိုးသားတစ်ယောက်သည်ဧဖက်မြို့သို့ ရောက်လာ၏။ သူသည်အဟောအပြောကောင်း၍ ကျမ်းစာတော်ကိုအထူးပင်တတ်ကျွမ်းသူ ဖြစ်၏။-
ဤသို့နှစ်နှစ်တိုင်တိုင်ကျင်းပရာအာရှပြည် တွင် နေထိုင်သူယုဒအမျိုးသားများနှင့်ဂရိ အမျိုးသားအပေါင်းတို့သည် သခင်ဘုရား ၏နှုတ်ကပတ်တရားတော်ကိုကြားနာရ ကြ၏။
ဤပေါလုဆိုသူသည်ဧဖက်မြို့တွင်သာမက အာရှပြည်တစ်ခုလုံးလိုလို၌ပင် `လူ့လက်ဖြင့် ပြုလုပ်သည့်ဘုရားများသည်ဘုရားလုံးဝ မဟုတ်' ဟုဆို၍လူအမြောက်အမြားကို ဖြားယောင်းသွေးဆောင်ကာ မှောက်မှားလမ်းလွဲ စေသည်ကိုသင်တို့ကိုယ်တိုင်ကြားနိုင်မြင် နိုင်ကြ၏။-
ခုနစ်ရက်ကာလကုန်ဆုံးချိန်နီးသောအခါ အာရှနယ်မှယုဒအမျိုးသားအချို့တို့သည် ပေါလုကိုဗိမာန်တော်တွင်တွေ့မြင်ကြ၏။ သူ တို့သည်လူပရိသတ်တို့အားဆွပေးပြီးလျှင် ပေါလုကိုဖမ်းဆီးကြ၏။-
ပေါလုက ``အကျွန်ုပ်သည်ယုဒအမျိုးသားဖြစ် ပါသည်။ ကိလိကိပြည်၊ တာရှုမြို့တွင်ဖွားမြင်ခဲ့ ၍ထင်ရှားသောမြို့ကြီးသားဖြစ်ပါ၏။ အကျွန်ုပ် ကိုကျေးဇူးပြု၍လူတို့အားစကားပြောခွင့် ပြုပါ'' ဟုဆို၏။
အကျွန်ုပ်က `သခင်ဘုရား၊ တရားဇရပ်တစ်ခု မှတစ်ခုသို့သွား၍ အရှင့်ကိုယုံကြည်ကြသူ တို့အားဖမ်းဆီးရိုက်နှက်သူမှာ အကျွန်ုပ်ပင် ဖြစ်ကြောင်းထိုသူတို့သိကြပါ၏။-
ပေါလုကဆက်လက်၍ ``အကျွန်ုပ်သည်ကိလိကိ ပြည်၊ တာရှုမြို့တွင်မွေးဖွားသူယုဒအမျိုးသား ဖြစ်ပါ၏။ ယေရုရှလင်မြို့တွင်ကြီးပြင်း၍ဘိုး ဘေးတို့လိုက်လျှောက်ကျင့်သုံးသည့်ပညတ်တရား တော်ကို ဂါမလျေလ၏ခြေရင်း၌တိကျစွာ ဆည်းပူးခဲ့ပါ၏။ ယခုသင်တို့သည်ဘုရား သခင်၏အမှုတော်ကိုထမ်းဆောင်ရန်စိတ်အား ထက်သန်သကဲ့သို့ အကျွန်ုပ်သည်လည်းစိတ် အားထက်သန်ခဲ့ပါ၏။-
ဘုရင်ခံမင်းသည်စာကိုဖတ်ပြီးနောက် ``သင် သည်အဘယ်ပြည်သားဖြစ်သနည်း'' ဟုပေါလု အားမေး၏။ ကိလိကိပြည်သားဖြစ်ကြောင်းကို ကြားသိသောအခါ၊-
ဗိမာန်တော်ထဲတွင်အကျွန်ုပ်သည်သန့်စင် ခြင်းမင်္ဂလာကိုပြုပြီးနောက်ပူဇော်သကာ ဆက်သနေချိန်၌ ထိုသူတို့သည်အကျွန်ုပ် ကိုတွေ့မြင်ကြပါ၏။ ထိုအခါလူပရိ သတ်များမရှိပါ။ ရုန်းရင်းဆန်ခတ်လည်း မဖြစ်ပါ။-
တရားဇရပ်များတွင်သူတို့အားကြိမ်ဖန် များစွာအပြစ်ဒဏ်ပေးစေပြီးလျှင် သူတို့ ၏အယူဝါဒကိုစွန့်လွှတ်ကြစေရန်ကြိုး စားဆောင်ရွက်ခဲ့ပါ၏။ သူတို့အပေါ်၌ ဒေါသစိတ်မွှန်၍နေသဖြင့် အကျွန်ုပ်သည် နိုင်ငံရပ်ခြားမြို့များသို့ပင်သွားရောက် ၍သူတို့ကိုညှဉ်းဆဲခဲ့ပါ၏။''
သို့ရာတွင်သတေဖန်သည်ဝိညာဉ်တော်ချပေး သည့်အသိပညာနှင့်ပြောဆိုသဖြင့် ထိုသူ တို့သည်သူ့အားချေပနိုင်စွမ်းမရှိကြ။-
သို့ဖြစ်၍ပညာရှိများ၊ အသိပညာရှင်များ၊ ဤလောကတွင်စကားစစ်ထိုးတတ်သူများ ကား အဘယ်အခြေအနေမှာရှိပါသနည်း။ ဘုရားသခင်သည်လောကီဉာဏ်ပညာကို အချည်းနှီးဖြစ်စေတော်မူလေပြီ။