ရှင်မာကု 13:9 - Common Language Bible9 ``သင်တို့သည်သတိနှင့်နေကြလော့။ လူအချို့တို့ သည် သင်တို့ကိုတရားရုံးသို့ပို့အပ်ကြလိမ့်မည်။ တရားဇရပ်များတွင်ရိုက်နှက်ကြလိမ့်မည်။ သင် တို့သည်ငါ့အတွက်ကြောင့် အာဏာပိုင်များနှင့် ရှင်ဘုရင်များ၏ရှေ့မှောက်သို့ရောက်၍ သတင်း ကောင်းကိုကြေညာရကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible9 ကိုယ် ကို သ တိ မူ ကြ လော့။ လွှတ် ရုံး များ သို့ ပို့ အပ် ခြင်း၊ ဓ မ္မာ ရုံ များ တွင် ရိုက် ခတ် ခြင်း၊ ဘု ရင် မင်း နှင့် ဘု ရင် ခံ မင်း တို့ ရှေ့ ရပ် တန့် ခြင်း များ ကို သက် သေ အ ဖြစ် ငါ့ အ တွက် ကြောင့် သင် တို့ ခံ ရ ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible9 သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ အကြောင်းမူကား၊ သင်တို့ကို လွှတ်ရုံးသို့ အပ်နှံကြလိမ့်မည်။ တရားဇရပ်တို့၌ ရိုက်ကြလိမ့်မည်။ ထိုသူတို့အား သက်သေဖြစ်မည်အကြောင်း၊ သင်တို့သည် ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် ရောက်ကြလိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 သင်တို့ကိုယ်တိုင်လည်း သတိပြုကြလော့။ လူတို့သည် သင်တို့ကို တရားရုံးသို့အပ်နှံကြလိမ့်မည်။ သင်တို့သည် ဝတ်ပြုစည်းဝေးကျောင်းများ၌ ရိုက်နှက်ခြင်းခံရကြပြီး ဘုရင်ခံများနှင့်ရှင်ဘုရင်များရှေ့၌ရပ်လျက် သူတို့ထံ ငါ့အတွက်သက်သေဖြစ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း9 ဤအရာများစတင် ဖြစ်ပွားလျှင် သတိရှိကြလော့။ လူတို့သည် သင်တို့ကို တရားရုံးများသို့ အပ်ကြလိမ့်မည်။ ဂျူးဝတ်ပြုဆောင်များတွင်လည်း ရိုက်နှက်ကြလိမ့်မည်။ ငါ၏နောက်လိုက်များဖြစ်သောကြောင့် သင်တို့ကို ရှင်ဘုရင်များနှင့် အစိုးရအာဏာပိုင်များရှေ့သို့ ခေါ်ဆောင်သွားကြလိမ့်မည်။ ဤအရာသည် သင်တို့ကို ငါ့အကြောင်းသက်သေခံရသောအခွင့် ဖြစ်စေလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ9 သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ အကြောင်းမူကား၊ သင်တို့ကို လွှတ်ရုံးသို့ အပ်နှံကြလိမ့်မည်။ တရားဇရပ်တို့၌ ရိုက်ကြလိမ့်မည်။ ထိုသူတို့အား သက်သေဖြစ်မည်အကြောင်း၊ သင်တို့သည် ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် ရောက်ကြလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
သူသည်ကျွန်ုပ်တို့ထံသို့လာ၍ပေါလု၏ခါးပန်း ကိုယူပြီးလျှင် မိမိ၏ခြေနှင့်လက်တို့ကိုချည် နှောင်လေ၏။ ထိုနောက် ``ဤခါးပန်းပိုင်ရှင်အား ယုဒအမျိုးသားတို့ကယေရုရှလင်မြို့တွင် ဤသို့ချည်နှောင်၍ လူမျိုးခြားတို့၏လက်သို့ အပ်နှံကြလိမ့်မည်ဟုသန့်ရှင်းသောဝိညာဉ် တော်မိန့်တော်မူသည်'' ဟုဆိုလေ၏။
သို့ရာတွင်မိမိ၏ညီအစ်ကိုအားအမျက် ထွက်သောသူသည် တရားသူကြီး၏ရှေ့မှောက် သို့ရောက်ရမည်ဟုသင်တို့အားငါဆို၏။ အချင်း ချင်းဆဲရေးတိုင်းထွာသူသည်တရားရုံးတော် တွင်အပြစ်ပေးခြင်းကိုခံရလိမ့်မည်။ ညီအစ်ကို အချင်းချင်းမထီမဲ့မြင်ပြုသောသူသည်ငရဲ သို့လားရလိမ့်မည်။-