ကိုယ်တော်သည်သူတို့အားမှောင်မိုက်အတိ ဖုံးလွှမ်းရာ အရပ်မှထုတ်ဆောင်တော်မူ၍ သူတို့အားချည်နှောင်ထားသည့်သံကြိုး များကို အပိုင်းပိုင်းဖြတ်တော်မူ၏။
တမန်တော်ဝတ္ထု 5:25 - Common Language Bible ထိုအခါလူတစ်ယောက်ရောက်ရှိလာ၍ ``အရှင် တို့အကျဉ်းချထားခဲ့သောသူများသည် ဗိမာန် တော်ထဲတွင်ရပ်လျက်လူတို့အားဟောပြော သွန်သင်နေပါသည်'' ဟုလျှောက်၏။- Garrad Bible လူ တစ် ဦး လာ၍ အ ရှင် တို့ ထောင် ချ ထား သူ များ သည် ဗိ မာန် တော် တွင် ရပ် လျက် လူ ပ ရိ သတ် အား ဒေ သ နာ ပေး လျက် ရှိ နေ ကြ ပါ သည် တ ကား ဟု ကြား ပြော သော အ ခါ၊ Judson Bible ထိုအခါ လူတစ်ယောက်သည်လာ၍ ထောင်ထဲမှာ လှောင်ထားသောသူတို့သည် ဗိမာန်တော်၌ရပ်လျက်၊ လူများတို့အား ဆုံးမဩဝါဒ ပေးကြပါသည်ဟု လျှောက်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်တွင် လူတစ်ဦးသည်ရောက်လာ၍ “ထောင်ထဲ၌ သင်တို့ချထားသောသူတို့သည် ဗိမာန်တော်ထဲ၌ရပ်လျက် လူတို့ကို သွန်သင်နေကြပါသည်”ဟု သတင်းပို့လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် လူတစ်ဦးသည် ရောက်လာပြီးလျှင် “သင်တို့ ထောင်အတွင်း၌ ထည့်ထားသောသူတို့သည် ဗိမာန်တော်၌ရပ်လျက် လူတို့အား ဟောပြောသွန်သင်နေကြ၏” ဟု သတင်းပို့လေ၏။ |
ကိုယ်တော်သည်သူတို့အားမှောင်မိုက်အတိ ဖုံးလွှမ်းရာ အရပ်မှထုတ်ဆောင်တော်မူ၍ သူတို့အားချည်နှောင်ထားသည့်သံကြိုး များကို အပိုင်းပိုင်းဖြတ်တော်မူ၏။
ဤသို့မိန့်တော်မူ၏။ ``ဗိမာန်တော်တံတိုင်း အတွင်း၌ရပ်ပြီးလျှင် ထိုအရပ်သို့ယုဒ မြို့များမှထာဝရဘုရား၏အိမ်တော်တွင် ဝတ်ပြုကိုးကွယ်ရန်လာရောက်ကြသောလူတို့ အား ငါမိန့်မှာသမျှသောစကားတို့ကိုပြော ကြားလော့။ တစ်ခွန်းတစ်လေကိုမျှချန်မ ထားနှင့်။-
ထိုအခါမင်းကြီးသည်ပြင်းစွာအမျက် ထွက်တော်မူသဖြင့် ထိုသူသုံးယောက်ကို အထံတော်သို့ခေါ်ဆောင်ခဲ့ရန်အမိန့် ပေးတော်မူ၏။-
သင်တို့သည်ငါ့အတွက်ကြောင့်အာဏာပိုင်များ နှင့်ရှင်ဘုရင်များရှေ့မှောက်သို့ရောက်ရကြလိမ့် မည်။ သို့ဖြစ်၍ထိုသူတို့အားလည်းကောင်း၊ လူမျိုး တကာတို့အားလည်းကောင်းငါ၏အကြောင်း သတင်းကောင်းကိုကြေညာခွင့်ရလိမ့်မည်။-
သို့ရာတွင်အချို့တို့သည်ဖာရိရှဲများ၏ ထံသို့သွား၍ သခင်ယေရှုပြုတော်မူသော အမှုကိုပြောကြားကြ၏။-
တစ်နေ့သ၌ဝတ်ပြုကိုးကွယ်ချိန်မွန်းလွဲ သုံးနာရီတွင် ပေတရုနှင့်ယောဟန်တို့သည် ဗိမာန်တော်သို့သွားကြ၏။-
ထိုစကားကိုကြားလျှင်ဗိမာန်တော်အစောင့် တပ်မှူးနှင့်ယဇ်ပုရောဟိတ်ကြီးတို့သည် ``ဤ အမှုကားအဘယ်သို့ဖြစ်ပါလိမ့်မည်နည်း'' ဟုတွေးတောကြ၏။-
ထိုအခါဗိမာန်တော်အစောင့်တပ်မှူးသည် မိမိ၏တပ်သားများနှင့်သွားရောက်၍ တမန် တော်တို့ကိုခေါ်ဆောင်ခဲ့၏။ သို့ရာတွင်မိမိ တို့အားလူထုကခဲနှင့်ပေါက်မည်ကိုစိုးရိမ် သဖြင့် တမန်တော်တို့အားအကြမ်းဖက်မှု ကိုမပြုကြ။