ဣသရေလပြည်တွင်ရှိသမျှသောအမျိုး သားအမျိုးသမီးတို့အားမုန့်တစ်လုံး၊ အမဲ ကင်တစ်တုံးနှင့်စပျစ်ပျဉ်တစ်ပြားစီကို ဝေငှတော်မူ၏။ ထိုနောက်လူအပေါင်းတို့ သည်မိမိတို့၏အိမ်သို့ပြန်သွားကြ၏။
တမန်တော်ဝတ္ထု 5:14 - Common Language Bible သို့ရာတွင်သခင်ဘုရားကိုသက်ဝင်ယုံကြည် သူ အမျိုးသားအမျိုးသမီးအရေအတွက် သည်ပို၍ပို၍များလာ၏။- Garrad Bible အ ရှင် ဘု ရား အား ယုံ ကြည် သူ ယောက်ျား မိန်း မ အ များ တို့ ထပ် ဝင် ကြ ၏။ Judson Bible သခင်ဘုရား၌ယုံကြည်သော ယောက်ျား၊ မိန်းမ၊ အပေါင်းတို့သည် သင်းဝင်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သခင်ဘုရားကိုယုံကြည်သူ အမျိုးသား၊ အမျိုးသမီးအမြောက်အမြားတို့သည်လည်း ပို၍တိုးပွားလာကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်ကိုယုံကြည်သော အမျိုးသား၊ အမျိုးသမီးတို့၏အရေအတွက်သည် အလွန်များပြားလာကြ၏။ |
ဣသရေလပြည်တွင်ရှိသမျှသောအမျိုး သားအမျိုးသမီးတို့အားမုန့်တစ်လုံး၊ အမဲ ကင်တစ်တုံးနှင့်စပျစ်ပျဉ်တစ်ပြားစီကို ဝေငှတော်မူ၏။ ထိုနောက်လူအပေါင်းတို့ သည်မိမိတို့၏အိမ်သို့ပြန်သွားကြ၏။
ဧဇရသည်ဗိမာန်တော်ရှေ့တွင်ခေါင်းငုံ့လျက် ငိုကြွေးကာ ဤအပြစ်များကိုဖော်ပြဝန်ခံ လျက်ဆုတောင်းပတ္ထနာပြုနေစဉ် ဣသရေလ အမျိုးသား၊ အမျိုးသမီးနှင့်ကလေးပါ ဝင်သောလူအုပ်ကြီးသည်ငိုကြွေးလျက် သူ့ထံစုရုံးကြကုန်၏။-
ထိုကြောင့်ဧဇရသည်နားလည်နိုင်စွမ်းရှိသူ အမျိုးသား၊ အမျိုးသမီးပရိသတ်စုရုံး လျက်ရှိရာအရပ်သို့ ပညတ်ကျမ်းကိုယူ ဆောင်သွားပြီးလျှင်၊-
စိတ်စေတနာရှိသောအမျိုးသားနှင့်အမျိုး သမီးတို့သည်ရွှေရင်ထိုး၊ ရွှေနားကွင်း၊ ရွှေလက် စွပ်ရွှေဆွဲကြိုးတို့ကိုအထူးပူဇော်သကာ အဖြစ်ထာဝရဘုရားထံယူဆောင်လာ၍၊
``သူတို့သည်ငါ့အားဖြင့်သာလျှင်အောင်မြင်မှုနှင့် ခွန်အားစွမ်းရည်ကိုရရှိကြောင်းပြောဆိုကြ လိမ့်မည်။ သို့ရာတွင်ငါ့ကိုမုန်းသောသူအပေါင်းသည် အသရေပျက်ကြလိမ့်မည်။
ဗာနဗသည်သူတော်ကောင်းဖြစ်၍သန့်ရှင်း သောဝိညာဉ်တော်နှင့်လည်းကောင်း၊ ယုံကြည် ခြင်းနှင့်လည်းကောင်းပြည့်ဝသဖြင့်များစွာ သောသူတို့အားသခင်ဘုရားကိုယုံကြည် စေ၏။
လူအမြောက်အမြားပင်သူ၏တရားစကား ကိုလက်ခံယုံကြည်ကာ ဗတ္တိဇံမင်္ဂလာခံယူ ကြသဖြင့် ထိုနေ့၌တပည့်တော်အရေအတွက် သုံးထောင်မျှတိုးလာ၏။-
သူတို့သည်ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလျက် လူအပေါင်းတို့၏ရှေ့တွင်မျက်နှာ ပွင့်လန်းလျက်ရှိကြ၏။ သခင်ဘုရားသည်ကယ် တင်ခြင်းခံရသူအရေအတွက်ကို နေ့စဉ်နေ့ တိုင်းတိုးပွားစေတော်မူ၏။
အကျွန်ုပ်သည်ယေရှု၏လမ်းစဉ်တော်ကိုလိုက် လျှောက်ကြသူများအား အသေသတ်သည်အထိ ညှဉ်းဆဲနှိပ်စက်ခဲ့ပါ၏။ အမျိုးသား၊ အမျိုး သမီးများကိုဖမ်းဆီး၍ထောင်ချခဲ့ပါ၏။-
သို့ရာတွင်တရားနာသောသူအမြောက် အမြားပင် ကိုယ်တော်ကိုသက်ဝင်ယုံကြည် လာကြ၏။ ယုံကြည်သူအရေအတွက် ငါးထောင်ခန့်တိုးပွားလာသတည်း။
သို့ဖြစ်၍ဘုရားသခင်၏နှုတ်ကပတ်တရား တော်သည်ပျံ့နှံ့၍ တပည့်တော်အရေအတွက် သည် ယေရုရှလင်မြို့တွင်များစွာတိုးပွားလျက် နေ၏။ ယဇ်ပုရောဟိတ်အမြောက်အမြားပင် သတင်းကောင်းကိုလက်ခံယုံကြည်လာကြ၏။
သို့သော်ဘုရားသခင်၏နိုင်ငံတော်အကြောင်း၊ သခင်ယေရှုခရစ်၏အကြောင်းသတင်းကောင်း ကို ဖိလိပ္ပုဟောပြောသောအခါထိုသူတို့ ယုံကြည်လာကြသဖြင့် အမျိုးသားများ ရောအမျိုးသမီးများပါဗတ္တိဇံမင်္ဂလာ ကိုခံကြလေသည်။-
သို့ရာတွင်ရှောလုသည်အသင်းတော်ကို ပျောက်ပျက်စေရန်ကြိုးစားလျက်နေ၏။ သူ သည်တစ်အိမ်ပြီးတစ်အိမ်ဝင်၍ ယုံကြည်သူ အမျိုးသားအမျိုးသမီးတို့ကိုဆွဲထုတ်ကာ အကျဉ်းထောင်တွင်ချုပ်နှောင်ထားလေသည်။
သခင်ဘုရား၏လမ်းစဉ်တော်ကိုလိုက်လျှောက် သောသူ အမျိုးသားအမျိုးသမီးတို့ကိုတွေ့ ရှိပါက ထိုသူတို့ကိုဖမ်းဆီး၍ယေရုရှလင် မြို့သို့ခေါ်ဆောင်လာနိုင်ရန် မိမိအားအာဏာ အပ်နှင်းကြောင်းဒမာသက်မြို့ရှိဇရပ်များ သို့အမှာစာများရေးပေးပါရန်ပန်ကြား လျှောက်ထား၏။
ထို့ကြောင့်ထိုကာလ၌ယုဒပြည်၊ ဂါလိလဲ ပြည်နှင့်ရှမာရိပြည်အရပ်ရပ်တို့တွင်အသင်း တော်သည်အေးချမ်းစွာနေရလေသည်။ အသင်း တော်သည်သခင်ဘုရားအားကြောက်ရွံ့ရိုသေ သောစိတ်ဖြင့် သက်ရှင်လှုပ်ရှားလျက်သန့်ရှင်း သောဝိညာဉ်တော်၏ကူညီအားပေးမှုဖြင့် တည်တံ့ခိုင်မြဲကာအသင်းသားအရေ အတွက်တိုးတက်များပြားလာလေသည်။
လုဒ္ဒမြို့နှင့်ရှာရုန်လွင်ပြင်တွင်နေထိုင်သူလူ အပေါင်းတို့သည်သူ့ကိုတွေ့မြင်၍ သခင် ဘုရားထံတော်သို့ပြောင်းလဲလာကြ၏။
ဤသတင်းသည်ယုပ္ပေတစ်မြို့လုံးတွင်ကျော် ကြားသွားသဖြင့် လူအမြောက်အမြားပင် သခင်ဘုရားကိုသက်ဝင်ယုံကြည်လာ ကြ၏။-
ခရစ်တော်သည်စာတန်နှင့်အဘယ်သို့သဘော တူနိုင်ပါအံ့နည်း။ ယုံကြည်သူသည်မယုံ ကြည်သူနှင့်အဘယ်သို့တူညီမှုရှိနိုင်ပါ မည်နည်း။-
သို့ဖြစ်၍ယုဒလူမျိုးနှင့်လူမျိုးခြားဟူ၍ လည်းကောင်း၊ ကျွန်နှင့်လွတ်လပ်သူဟူ၍လည်း ကောင်း၊ ယောကျာ်းနှင့်မိန်းမဟူ၍လည်းကောင်း ခွဲခြားမှုမရှိတော့ပြီ။ သင်တို့အပေါင်းသည် ခရစ်တော်ယေရှု၌တစ်လုံးတစ်ဝတည်း ဖြစ်ကြ၏။-