လိုက်သောသူမရှိသော်လည်း၊ မတရားသောသူ သည် ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား၊ ခြင်္သေ့ကဲ့ သို့ ရဲရင့်တတ်၏။
တမန်တော်ဝတ္ထု 4:11 - Common Language Bible `တိုက်ကိုတည်ဆောက်ရာတွင် သင်တို့ပယ်ထားသည့်ကျောက်သည် အရေးကြီးဆုံးဖြစ်သည့်ထောင့်ချုပ်ကျောက် ဖြစ်လာရ၏' ဟုကျမ်းစာကရည်ညွန်းသူမှာထိုအရှင် ဖြစ်သည်။- Garrad Bible ထို ယေ ရှု ကား တိုက် တည် ဆောက် သူ သင် တို့ ပယ် ထား သော ထောင့် စွန်း ကျောက် တည်း။ Judson Bible ထိုသခင်ကား၊ သင်တို့သည် တိုက်ကို တည်လုပ်သောအခါ ပယ်ထား၍၊ နောက်တစ်ဖန် တိုက်ထောင့် အထွတ်ဖျားသို့ရောက်ပြန်သော ကျောက်ဖြစ်တော်မူ၏။ ထိုသခင်မှတစ်ပါး အဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။- မြန်မာ့စံမီသမ္မာကျမ်း ထိုအရှင်သည် တိုက်ဆောက်သူများတည်းဟူသောသင်တို့က ပယ်ထားသော်လည်း ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာသောကျောက်ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျမ်းစာ၌ ‘တိုက်ဆောက်သောသင်တို့ ပယ်ထားသည့်ကျောက်သည် ထောင့်ချုပ်ကျောက်ဖြစ်လာ၏’ ဟု ရည်ညွှန်းခံရသူမှာ ဤယေရှုပင်ဖြစ်၏။ |
လိုက်သောသူမရှိသော်လည်း၊ မတရားသောသူ သည် ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား၊ ခြင်္သေ့ကဲ့ သို့ ရဲရင့်တတ်၏။
ယခုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူသည်ကား``ငါသည်ဇိအုန်တောင် တွင်တည်တံ့ခိုင်မြဲသည့်အုတ်မြစ်ကိုချ တော်မူမည်။ ငါသည်`ခိုင်မြဲစွာယုံကြည်မျှော် လင့်တတ်သူသည် သည်းခံလျက်စောင့်ဆိုင်း တတ်၏' ဟူသောကမ္ပည်းစာတမ်းပါရှိသည့် အဖိုးတန်ထောင့်ချုပ်ကျောက်ကိုလည်းထို အုတ်မြစ်တွင်ထည့်သွင်းထားရှိမည်။-
မှန်ကူကွက်ခုနစ်ခုရှိသောကျောက်တုံးကို လည်း ယောရှု၏ရှေ့တွင်ငါချထားမည်။ ထို ကျောက်ပေါ်တွင်ကမ္ပည်းရေးထိုးပြီးလျှင် ဤ ပြည်၏အပြစ်ဒုစရိုက်ကိုတစ်နေ့ချင်း တွင်းပယ်ရှားပစ်မည်။-''
ကိုယ်တော်က ``အမှုအရာခပ်သိမ်းကိုအသင့် ပြင်ဆင်ရန် ဦးစွာပထမဧလိယကြွလာရ သည်ကားမှန်၏။ သို့ရာတွင်ကျမ်းစာတော်က လူသားသည်များစွာသောဒုက္ခဆင်းရဲကိုလည်း ကောင်း၊ ပစ်ပယ်ခြင်းကိုလည်းကောင်းခံရမည်ဟု အဘယ်ကြောင့်ဆိုသနည်း။-
သင်တို့ဘိုးဘေးများမနှိပ်စက်မညှဉ်းဆဲ သည့်ပရောဖက်ဟူ၍ အဘယ်မှာရှိသနည်း။ သင်တို့သည်ဘုရားသခင်၏ဖြောင့်မတ်သော အစေခံကြွလာတော်မူမည့်အကြောင်းကို ကြိုတင်ဟောကြားကြသည့်ပရောဖက်များ ကိုသတ်ဖြတ်ခဲ့ကြ၏။ ယခုသင်တို့သည် ထိုအရှင်ကိုအပ်၍သတ်ဖြတ်ကြပြီ။-
ဘုရားသခင်သည်မိမိ၏ကရုဏာတော် နှင့်အညီ ငါတို့အားဤအမှုတော်ဆောင် လုပ်ငန်းကိုပေးအပ်တော်မူသည်ဖြစ်ရာ ငါ တို့တွင်စိတ်ပျက်အားလျော့ခြင်းမရှိ။-